ကျွန်တော်တို့မျှော်လင့်မထားတဲ့ iPhone 9 မော်ဒယ်လ်အကြောင်းမြင်လိုက်ရတဲ့ iOS 14

0
1272

Unicode

ပြီးခဲ့တဲ့ရက်တွေတုန်းက iOS 14 အကြောင်း အနည်းငယ်တင်ပေးခဲ့ဖူးပါသေးတယ်။ iOS 14 ကိုလေ့လာကြည့်ချက်အရဆိုရင် iPhone 9 Plus model ကို မြင်ရနိုင်ချေရှိနေပါတယ်။ ၄.၇လက်မ entry-level iPhone 9 ထက် အနည်းငယ်ပိုကြီးမှာပါ။ Plus ဆိုတဲ့နာမည်လေးကို သုံးမှာဖြစ်ပြီးတော့ A13 Bionic chip ကို အသုံးပြုမှာပါ။ A13 ကတော့ iPhone 11, 11 Pro မှာ အသုံးပြုခဲ့တဲ့အမျိုးအစားဖြစ်ပါတယ်။
iPhone 9 Plus ရဲ့ ခန့်မှန်းမှုကတော့ 9to5Mac ကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ iOS 14 မှာ iPhone 7 နဲ့ 8 မော်ဒယ်လ်တွေမှာပါဝင်ခဲ့တဲ့ Home button ပါဝင်မယ့် ဖုန်းအသစ်တွေကိုလည်း ထောက်ပံ့ထားလိမ့်မယ်ဆိုတာ မြင်တွေ့ခဲ့ရလို့ပါ။ iPhone 9, 9 Plus မှာ Touch ID ကို Face ID အစား သုံးထားမှာပါ။ နောက်ပြီး Apple Pay, NFC ထောက်ပံ့မှုတွေလည်း ထည့်သွင်းထားမယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း iPhone 9 မော်ဒယ်လ်အတွက် နာမည်ကိုတော့ 100% အတည်မပြုနိုင်သေးပါဘူး။ iPhone SE2 ဖြစ်နိုင်တယ်လို့လည်း ပြောနေကြတာရှိပါတယ်။ ဒါပေမယ့်လည်း Plus ကတော့ ဖြစ်နိုင်ချေရှိနေသလိုလိုပါပဲ။
iPhone 9 ကို ဒေါ်လာ၃၉၉လောက်နဲ့ မှန်းထားပါတယ်။ ကျွန်တော်တို့ရဲ့ original iPhone SE ရဲ့ ဈေးလောက်ပေါ့။ Apple ဟာ iPhone 9 နဲ့ အခြားသောပစ္စည်းအသစ်အဆန်းတွေကို မတ်လထဲမှာ ထုတ်ပြသွားမယ်လို့ ကြားထားပါတယ်။ Apple အနေနဲ့ သေချာပေါက်တော့ ထုတ်ပြသွားမှာပါ။ ဘယ်အချိန်မှာပြမလဲဆိုတာကတော့ ကျွန်တော်တို့မသိရသေးပါဘူး။

Zawgyi

ၿပီးခဲ့တဲ့ရက္ေတြတုန္းက iOS 14 အေၾကာင္း အနည္းငယ္တင္ေပးခဲ့ဖူးပါေသးတယ္။ iOS 14 ကိုေလ့လာၾကည့္ခ်က္အရဆိုရင္ iPhone 9 Plus model ကို ျမင္ရႏိုင္ေခ်ရွိေနပါတယ္။ ၄.၇လက္မ entry-level iPhone 9 ထက္ အနည္းငယ္ပိုႀကီးမွာပါ။ Plus ဆိုတဲ့နာမည္ေလးကို သုံးမွာျဖစ္ၿပီးေတာ့ A13 Bionic chip ကို အသုံးျပဳမွာပါ။ A13 ကေတာ့ iPhone 11, 11 Pro မွာ အသုံးျပဳခဲ့တဲ့အမ်ိဳးအစားျဖစ္ပါတယ္။
iPhone 9 Plus ရဲ႕ ခန႔္မွန္းမႈကေတာ့ 9to5Mac ကေန ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။ iOS 14 မွာ iPhone 7 နဲ႔ 8 ေမာ္ဒယ္လ္ေတြမွာပါဝင္ခဲ့တဲ့ Home button ပါဝင္မယ့္ ဖုန္းအသစ္ေတြကိုလည္း ေထာက္ပံ့ထားလိမ့္မယ္ဆိုတာ ျမင္ေတြ႕ခဲ့ရလို႔ပါ။ iPhone 9, 9 Plus မွာ Touch ID ကို Face ID အစား သုံးထားမွာပါ။ ေနာက္ၿပီး Apple Pay, NFC ေထာက္ပံ့မႈေတြလည္း ထည့္သြင္းထားမယ္လို႔ သိရပါတယ္။
ဒါေပမယ့္လည္း iPhone 9 ေမာ္ဒယ္လ္အတြက္ နာမည္ကိုေတာ့ 100% အတည္မျပဳႏိုင္ေသးပါဘူး။ iPhone SE2 ျဖစ္ႏိုင္တယ္လို႔လည္း ေျပာေနၾကတာရွိပါတယ္။ ဒါေပမယ့္လည္း Plus ကေတာ့ ျဖစ္ႏိုင္ေခ်ရွိေနသလိုလိုပါပဲ။
iPhone 9 ကို ေဒၚလာ၃၉၉ေလာက္နဲ႔ မွန္းထားပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ original iPhone SE ရဲ႕ ေဈးေလာက္ေပါ့။ Apple ဟာ iPhone 9 နဲ႔ အျခားေသာပစၥည္းအသစ္အဆန္းေတြကို မတ္လထဲမွာ ထုတ္ျပသြားမယ္လို႔ ၾကားထားပါတယ္။ Apple အေနနဲ႔ ေသခ်ာေပါက္ေတာ့ ထုတ္ျပသြားမွာပါ။ ဘယ္အခ်ိန္မွာျပမလဲဆိုတာကေတာ့ ကြၽန္ေတာ္တို႔မသိရေသးပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.