Unicode
Google Pixel 4a ကို လာမယ့်အပတ်တွေမှာ ကြေညာတော့မှာပါ။ ဒါပေမယ့်လည်း မကြေညာခင်မှာ အွန်လိုင်းပေါ်မှာ ဖုန်းရဲ့အချက်အလက်တစ်ခုက ထပ်မံပေါက်ကြားလာခဲ့ပြန်ပါပြီ။
UFS 2.1 storage ကို Pixel 4a မှာ ထည့်သွင်းထားမှာပါ။ ပြန်ပြီးတော့ယှဉ်ပြရမယ်ဆိုရင် Pixe 3a မှာက 64GB eMMC storage ထည့်သွင်းပေးထားပါတယ်။ Pixel 4a ရဲ့ bootloader မျက်နှာပြင်က အချက်အလက်တွေအရဆိုရင်တော့ “Ufs: 64 SKHynix” လို့ ညွှန်းဆိုထားပါတယ်။
Universal Flash Storage (UFS) ဆိုတာကတော့ မိုဘိုင်းလ်ပစ္စည်းတွေအတွက် flash storage လေးဖြစ်ပါတယ်။ သူ့အနေနဲ့ ဖိုင်ကူးပြောင်းမှုတွေအတွက် ပိုမိုမြန်ဆန်လာစေမှာဖြစ်ပြီးတော့ power efficiency ပိုကောင်းလာစေမှာပါ။
Zawgyi