Unicode
A14 ဆိုတဲ့ အသစ်ထွက်ရှိလာမယ့် iPhone မှာအသုံးပြုမယ့်ပရိုဆက်ဆာလေးကို Geekbench မှာမြင်တွေ့လိုက်ရတဲ့အခါ multi-core performance နဲ့ speed တွေ ခုန်တက်သွားတာကို တွေ့ရပါတယ်။
iPhone အသစ်ထွက်မယ်ဆိုတိုင်း Apple က သူ့ရဲ့ Aစီးရီးပရိုဆက်ဆာတွေကို မွမ်းမံလေ့ရှိပါတယ်။ ဒါကြောင့် လက်ရှိ iPhone 11 A13 chipset ကိုမွမ်းမံထားတဲ့ chipset လေးကို ၂၀၂၀မှာ မြင်တွေ့ရနိုင်မယ်လို့ မှန်းထားကြတာပါ။ iPhone အသစ်ထွက်တော့မယ်ဆိုရင် benchmark တွေကို စောင့်ကြည့်ရတာလည်း ကျွန်တော်တို့အလုပ်တစ်ခုလို ဖြစ်နေပါပြီ။
iPhone 12 ကို performance ပိုင်းမှာ တော်တော်လေးမှန်းထားပါတယ်။ ရမှတ်တွေကိုကြည့်လိုက်တဲ့အခါမှာ တစ်နှစ်ထက်တစ်နှစ်ပိုကောင်းလာခဲ့ပါတယ်။ Apple ဟာ သူ့ရဲ့chipset နဲ့ပတ်သတ်ပြီးတော့ ကောင်းမွန်တဲ့ feedback ကို ရထားသူတစ်ယောက်ပါ။
Geekbench စမ်းသပ်ချက်အသစ်အရဆိုရင် A14 ပရိုဆက်ဆာဟာ 3.0 GHz အမှတ်ကိုကျော်လွန်သွားတဲ့ ပထမဆုံးသော Aစီးရီးပရိုဆက်တာဖြစ်ပါတယ်။
၁၂.၉လက်မiPad Pro မှာ 8 cores နဲ့အတူ A12X chipset သုံးထားပြီး ရမှတ်တွေအနေနဲ့ single ocre မှာ ၁၁၁၀၊ multi-core မှာ ၄၅၆၈ ရထားခဲ့ပါယ်။ A14 ရဲ့ရမှတ်တွေက ဒီထက်ကျော်လွန်နေခဲ့ပါတယ်။
Single core မှာ ၁၆၅၈ ဖြစ်ပြီး multi-core မှာတော့ ၄၆၁၂ ဖြစ်ပါတယ်။ ဒါကြောင့် overall performance တော်တော်ကြီးကောင်းနေသလို multitasking ပိုင်းမှာလည်း အရင်ကထက် ပိုပြီးတော့ချောမွေ့လာစေမှာ မြင်ယောင်မိပါတယ်။
ဒီနှစ်ထဲမှာ ARM Mac လုပ်နေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ A14 ကနေအဲဒီလိုမျိုးလုပ်မယ်ဆိုရင်တော့ လက်ပ်တော့ပရိုဆက်ဆာကောင်းတစ်ခု ထွက်လာနိုင်ချေရှိပါတယ်။ performance အဲလောက်မြင့်နေတာက ရှုပ်ထွေးလှတဲ့ AR Rendering လိုမျိုး၊ ပိုမိုကောင်းမွန်တဲ့ image processing လိုမျိုးတွေကို ဖုန်းမှာအသုံးပြုရတာ အဆင်ပြေချောမွေ့အောင် ဖန်တီးပေးနိုင်မယ်လို့ ယူဆမိပါတယ်။
Zawgyi
A14 ဆိုတဲ့ အသစ္ထြက္ရွိလာမယ့္ iPhone မွာအသုံးျပဳမယ့္ပ႐ိုဆက္ဆာေလးကို Geekbench မွာျမင္ေတြ႕လိုက္ရတဲ့အခါ multi-core performance နဲ႔ speed ေတြ ခုန္တက္သြားတာကို ေတြ႕ရပါတယ္။
iPhone အသစ္ထြက္မယ္ဆိုတိုင္း Apple က သူ႔ရဲ႕ Aစီးရီးပ႐ိုဆက္ဆာေတြကို မြမ္းမံေလ့ရွိပါတယ္။ ဒါေၾကာင့္ လက္ရွိ iPhone 11 A13 chipset ကိုမြမ္းမံထားတဲ့ chipset ေလးကို ၂၀၂၀မွာ ျမင္ေတြ႕ရႏိုင္မယ္လို႔ မွန္းထားၾကတာပါ။ iPhone အသစ္ထြက္ေတာ့မယ္ဆိုရင္ benchmark ေတြကို ေစာင့္ၾကည့္ရတာလည္း ကြၽန္ေတာ္တို႔အလုပ္တစ္ခုလို ျဖစ္ေနပါၿပီ။
iPhone 12 ကို performance ပိုင္းမွာ ေတာ္ေတာ္ေလးမွန္းထားပါတယ္။ ရမွတ္ေတြကိုၾကည့္လိုက္တဲ့အခါမွာ တစ္ႏွစ္ထက္တစ္ႏွစ္ပိုေကာင္းလာခဲ့ပါတယ္။ Apple ဟာ သူ႔ရဲ႕chipset နဲ႔ပတ္သတ္ၿပီးေတာ့ ေကာင္းမြန္တဲ့ feedback ကို ရထားသူတစ္ေယာက္ပါ။
Geekbench စမ္းသပ္ခ်က္အသစ္အရဆိုရင္ A14 ပ႐ိုဆက္ဆာဟာ 3.0 GHz အမွတ္ကိုေက်ာ္လြန္သြားတဲ့ ပထမဆုံးေသာ Aစီးရီးပ႐ိုဆက္တာျဖစ္ပါတယ္။
၁၂.၉လက္မiPad Pro မွာ 8 cores နဲ႔အတူ A12X chipset သုံးထားၿပီး ရမွတ္ေတြအေနနဲ႔ single ocre မွာ ၁၁၁၀၊ multi-core မွာ ၄၅၆၈ ရထားခဲ့ပါယ္။ A14 ရဲ႕ရမွတ္ေတြက ဒီထက္ေက်ာ္လြန္ေနခဲ့ပါတယ္။
Single core မွာ ၁၆၅၈ ျဖစ္ၿပီး multi-core မွာေတာ့ ၄၆၁၂ ျဖစ္ပါတယ္။ ဒါေၾကာင့္ overall performance ေတာ္ေတာ္ႀကီးေကာင္းေနသလို multitasking ပိုင္းမွာလည္း အရင္ကထက္ ပိုၿပီးေတာ့ေခ်ာေမြ႕လာေစမွာ ျမင္ေယာင္မိပါတယ္။
ဒီႏွစ္ထဲမွာ ARM Mac လုပ္ေနတယ္လို႔လည္း သတင္းေတြထြက္ေနပါတယ္။ A14 ကေနအဲဒီလိုမ်ိဳးလုပ္မယ္ဆိုရင္ေတာ့ လက္ပ္ေတာ့ပ႐ိုဆက္ဆာေကာင္းတစ္ခု ထြက္လာႏိုင္ေခ်ရွိပါတယ္။ performance အဲေလာက္ျမင့္ေနတာက ရႈပ္ေထြးလွတဲ့ AR Rendering လိုမ်ိဳး၊ ပိုမိုေကာင္းမြန္တဲ့ image processing လိုမ်ိဳးေတြကို ဖုန္းမွာအသုံးျပဳရတာ အဆင္ေျပေခ်ာေမြ႕ေအာင္ ဖန္တီးေပးႏိုင္မယ္လို႔ ယူဆမိပါတယ္။