Pixel 4 မှာ 4K60 ဗွီဒီယိုရိုက်ကူးနိုင်တော့မယ်

0
707

Unicode

အကောင်းဆုံးကင်မရာတွေကို ပိုင်ဆိုင်ထားတဲ့ ဖုန်းတွေကိုစဉ်းစားလိုက်မယ်ဆိုရင်တော့ Google Pixel ကိုပြေးမြင်မိကြမှာ။ Pixel မှာထည့်ထားတဲ့ကင်မရာတွေဟာ သုံးစွဲသူတွေရော၊ ရီဗျူးသမားတွေရောပါ အကြိုက်တွေ့တယ်ဆိုပေမယ့်လည်း ဗွီဒီယိုပိုင်းမှာတော့ အားနည်းနေပါသေးတယ်။ ဒါကြောင့်လည်း 4K 60fps ဆိုတဲ့ flagship အများစုမလုပ်သေးတဲ့ဟာကို လုပ်မယ်လို့တွေးလိုက်တာဖြစ်ပါလိမ့်မယ်။
4K 60fps ကို ဖုန်းတွေမှာသုံးဖို့အတွက်မလိုအပ်ဘူးဆိုပြီးတော့တောင် Google က ပြောခဲ့ဖူးပါသေးတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ရိုက်ဖြစ်မှာမဟုတ်ပေမယ့်လည်း လိုတော့လိုချင်ကြပါသေးတယ်။

Google Camera 7.4 4k60fps


နောက်ဆုံးတော့ Google က အလျော့ပေးလိုက်ရပါတယ်။ Google Camera 7.4 APK ထဲမှာ camcorder.4k60fps ဆိုတာလေးကို XDA မန်ဘာတစ်ယောက်က တွေ့ခဲ့တာပါ။
လက်ရှိမှာက မထွက်သေးတဲ့ဗားရှင်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဘယ်လိုPixel တွေမှာ တွေ့မြင်ရမလဲဆိုတာတော့ ကျွန်တော်တို့မသိရသေးပါဘူး။ ဘယ်အချိန်ရမလဲဆိုတာလည်း မသိရသေးပါဘူး။ လက်ရှိမှာ ကြိတ်စမ်းသပ်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မကြာခင်မှာ မြင်တွေ့ရနိုင်မယ်လို့ မထင်သေးပါဘူး။
သတင်းကောင်းကတော့ သူတို့လုပ်နေပါပြီ။ ကျွန်တော်တို့ဘက်က စောင့်ဖို့ပဲလိုတာပါ။

Zawgyi

အေကာင္းဆုံးကင္မရာေတြကို ပိုင္ဆိုင္ထားတဲ့ ဖုန္းေတြကိုစဥ္းစားလိုက္မယ္ဆိုရင္ေတာ့ Google Pixel ကိုေျပးျမင္မိၾကမွာ။ Pixel မွာထည့္ထားတဲ့ကင္မရာေတြဟာ သုံးစြဲသူေတြေရာ၊ ရီဗ်ဴးသမားေတြေရာပါ အႀကိဳက္ေတြ႕တယ္ဆိုေပမယ့္လည္း ဗြီဒီယိုပိုင္းမွာေတာ့ အားနည္းေနပါေသးတယ္။ ဒါေၾကာင့္လည္း 4K 60fps ဆိုတဲ့ flagship အမ်ားစုမလုပ္ေသးတဲ့ဟာကို လုပ္မယ္လို႔ေတြးလိုက္တာျဖစ္ပါလိမ့္မယ္။
4K 60fps ကို ဖုန္းေတြမွာသုံးဖို႔အတြက္မလိုအပ္ဘူးဆိုၿပီးေတာ့ေတာင္ Google က ေျပာခဲ့ဖူးပါေသးတယ္။ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔႐ိုက္ျဖစ္မွာမဟုတ္ေပမယ့္လည္း လိုေတာ့လိုခ်င္ၾကပါေသးတယ္။

Google Camera 7.4 4k60fps


ေနာက္ဆုံးေတာ့ Google က အေလ်ာ့ေပးလိုက္ရပါတယ္။ Google Camera 7.4 APK ထဲမွာ camcorder.4k60fps ဆိုတာေလးကို XDA မန္ဘာတစ္ေယာက္က ေတြ႕ခဲ့တာပါ။
လက္ရွိမွာက မထြက္ေသးတဲ့ဗားရွင္းျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ ဘယ္လိုPixel ေတြမွာ ေတြ႕ျမင္ရမလဲဆိုတာေတာ့ ကြၽန္ေတာ္တို႔မသိရေသးပါဘူး။ ဘယ္အခ်ိန္ရမလဲဆိုတာလည္း မသိရေသးပါဘူး။ လက္ရွိမွာ ႀကိတ္စမ္းသပ္ေနတာလည္းျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ မၾကာခင္မွာ ျမင္ေတြ႕ရႏိုင္မယ္လို႔ မထင္ေသးပါဘူး။
သတင္းေကာင္းကေတာ့ သူတို႔လုပ္ေနပါၿပီ။ ကြၽန္ေတာ္တို႔ဘက္က ေစာင့္ဖို႔ပဲလိုတာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.