iOS 14 အတွက် Augmented Reality App လုပ်ဆောင်နေတဲ့ Apple

0
938

Unicode

Apple က iOS 14 ကို ဇွန်လမှာကျင်းပမယ့် WWDCမှာကြေညာဖို့မှန်းထားပြီး စက်တင်ဘာလမှာ သုံးစွဲသူတွေလက်ထဲထည့်ပေးနိုင်ဖို့မှန်းထားခဲ့ပေမယ့်လည်း ထင်သလိုဖြစ်မလာခဲ့ပါဘူး။ လက်ရှိမှာ developer beta ကိုမြင်ရဖို့အတွက် သုံးလလောက်လိုနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ရထားတဲ့သတင်းအရဆိုရင်တော့ အဲဒီမှာ augmented reality app အသစ်ပါဝင်နေမှာပါ။
လက်ရှိအချိန်မှာ အကြောင်းစုံကိုမသိရသေးပေမယ့်လည်း iPhone, iPad တွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး Apple က App Store, Starbuck မှာ လက်တွေ့စမ်းသပ်နေပါပြီ။
ှQR code scan လိုက်တာနဲ့ လိုအပ်တဲ့အချက်အလက်တွေအကုန်လုံးကို ရှေ့မှာမြင်ရမယ့် app လေးလို့ သုံးသပ်မိပါတယ်။ App Store မှာ ပစ္စည်းအသစ်ရောက်လာတဲ့အခါ ဒါမှမဟုတ် Starbuck မှာ အသစ်ရောက်တဲ့အခါ သုံးကြည့်လို့ရတာပေါ့။ ဘယ်လိုပဲဖြစ်ပါစေ augmented reality ကို တော်တော်လေးသုံးထားမှာပါ။


developer တွေအတွက်လည်း API အချို့ကိုဖွင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအချိန်မှာတော့ အတည်ပြုထားခြင်းမရှိသေးပါဘူး။ WWDC မရောက်ခင်မှာလည်း မြင်တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် beta ကို ကျော်လွှားနိုင်ပါ့မလားဆိုတာလည်း ဆက်လက်စောင့်ကြည့်ရဦးမှာပါ။
ပြီးတော့ ဒီ app လေးဟာ iPhone အားလုံးမှာ မြင်တွေ့ရမှာလား။ ၂၀၂၀ထုတ်ဖုန်းတွေမှာပဲ မြင်တွေ့ရနိုင်မှာလား မသေချာသေးပါဘူး။
WWDC ကိုပဲ စောင့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Zawgyi

Apple က iOS 14 ကို ဇြန္လမွာက်င္းပမယ့္ WWDCမွာေၾကညာဖို႔မွန္းထားၿပီး စက္တင္ဘာလမွာ သုံးစြဲသူေတြလက္ထဲထည့္ေပးႏိုင္ဖို႔မွန္းထားခဲ့ေပမယ့္လည္း ထင္သလိုျဖစ္မလာခဲ့ပါဘူး။ လက္ရွိမွာ developer beta ကိုျမင္ရဖို႔အတြက္ သုံးလေလာက္လိုေနပါေသးတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ရထားတဲ့သတင္းအရဆိုရင္ေတာ့ အဲဒီမွာ augmented reality app အသစ္ပါဝင္ေနမွာပါ။
လက္ရွိအခ်ိန္မွာ အေၾကာင္းစုံကိုမသိရေသးေပမယ့္လည္း iPhone, iPad ေတြမွာ အသုံးျပဳႏိုင္မွာျဖစ္ၿပီး Apple က App Store, Starbuck မွာ လက္ေတြ႕စမ္းသပ္ေနပါၿပီ။
ွQR code scan လိုက္တာနဲ႔ လိုအပ္တဲ့အခ်က္အလက္ေတြအကုန္လုံးကို ေရွ႕မွာျမင္ရမယ့္ app ေလးလို႔ သုံးသပ္မိပါတယ္။ App Store မွာ ပစၥည္းအသစ္ေရာက္လာတဲ့အခါ ဒါမွမဟုတ္ Starbuck မွာ အသစ္ေရာက္တဲ့အခါ သုံးၾကည့္လို႔ရတာေပါ့။ ဘယ္လိုပဲျဖစ္ပါေစ augmented reality ကို ေတာ္ေတာ္ေလးသုံးထားမွာပါ။


developer ေတြအတြက္လည္း API အခ်ိဳ႕ကိုဖြင့္ေပးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီအခ်ိန္မွာေတာ့ အတည္ျပဳထားျခင္းမရွိေသးပါဘူး။ WWDC မေရာက္ခင္မွာလည္း ျမင္ေတြ႕ရႏိုင္ပါတယ္။ ဒါေပမယ့္ beta ကို ေက်ာ္လႊားႏိုင္ပါ့မလားဆိုတာလည္း ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။
ၿပီးေတာ့ ဒီ app ေလးဟာ iPhone အားလုံးမွာ ျမင္ေတြ႕ရမွာလား။ ၂၀၂၀ထုတ္ဖုန္းေတြမွာပဲ ျမင္ေတြ႕ရႏိုင္မွာလား မေသခ်ာေသးပါဘူး။
WWDC ကိုပဲ ေစာင့္ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.