AirPods, Apple Watch အစမ်းဝတ်ဆင်မှုများကို တားမြစ်သွားမယ့် App Storeများ

0
1217

Unicode

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် Apple ကလည်း တစ်ဖက်တစ်လမ်းကနေပါဝင်လုပ်ဆောင်လျက်ရှိရာမှာ အခုဆိုရင် Apple Store တွေမှာရှိတဲ့ AirPods, Apple Watch တွေကို အစမ်းဝတ်ဆင်ခွင့်မပြုဖို့ တားမြစ်လိုက်ပါပြီ။
အခုထုတ်ပြန်ထားတဲ့ပေါ်လစီအသစ်အတွက် နောက်ဆုံးရက်သတ်မှတ်ထားတာမျိုးမရှိသေးပါဘူး။ ဒါဟာ လာရောက်သူတွေရော၊ ဝန်ထမ်းတွေအတွက်ပါ ရောဂါကာကွယ်နိုင်အောင် လုပ်ဆောင်လိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သုံးစွဲသူက အထူးအထွေတောင်းဆိုရင်တော့ ဝတ်ဆင်ခွင့်ပေးဖို့ပြောထားပါတယ်။


ပေါ်လစီအသစ်ကြောင့် ဝန်ထမ်းတွေအနေနဲ့ ဝတ်ကြည့်ပါလို့တော့ တစ်ခွန်းမှဟမှာမဟုတ်တော့ပါဘူး။
Apple က စမ်းသပ်ဝတ်ဆင်ကြည့်ဖို့အတွက် အမြဲတမ်းတွန်းအားပေးခဲ့သူတစ်ယောက်ပါ။ Apple Watch ဆိုရင်လည်း ဒီဇိုင်းတွေ၊ band တွေ စိတ်ကြိုက်ရွေးလို့်ရတဲ့အတွက်ကြောင့် မဝယ်ခင်မှာ စမ်းသပ်သုံးစွဲခွင့်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Apple Watch ဝယ်တဲ့သူတွေဟာ ကျောက်မျက်ရတနာဝယ်ယူတဲ့သူတွေလို့ ခံစားချက်မျိုး အပီအပြင်ရနေခဲ့တာပေ့ါ။
အခုဆိုရင် ဝန်ထမ်းတွေအတွက် စဉ်းစားပေးပြီးတော့ ဆိုင်အတွင်းမှာ လူအကန့်အသတ်နဲ့သာ ဝင်ရောက်ခွင့်ပြုထားပါတယ်။

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ဖို႔အတြက္ Apple ကလည္း တစ္ဖက္တစ္လမ္းကေနပါဝင္လုပ္ေဆာင္လ်က္ရွိရာမွာ အခုဆိုရင္ Apple Store ေတြမွာရွိတဲ့ AirPods, Apple Watch ေတြကို အစမ္းဝတ္ဆင္ခြင့္မျပဳဖို႔ တားျမစ္လိုက္ပါၿပီ။
အခုထုတ္ျပန္ထားတဲ့ေပၚလစီအသစ္အတြက္ ေနာက္ဆုံးရက္သတ္မွတ္ထားတာမ်ိဳးမရွိေသးပါဘူး။ ဒါဟာ လာေရာက္သူေတြေရာ၊ ဝန္ထမ္းေတြအတြက္ပါ ေရာဂါကာကြယ္ႏိုင္ေအာင္ လုပ္ေဆာင္လိုက္ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း သုံးစြဲသူက အထူးအေထြေတာင္းဆိုရင္ေတာ့ ဝတ္ဆင္ခြင့္ေပးဖို႔ေျပာထားပါတယ္။


ေပၚလစီအသစ္ေၾကာင့္ ဝန္ထမ္းေတြအေနနဲ႔ ဝတ္ၾကည့္ပါလို႔ေတာ့ တစ္ခြန္းမွဟမွာမဟုတ္ေတာ့ပါဘူး။
Apple က စမ္းသပ္ဝတ္ဆင္ၾကည့္ဖို႔အတြက္ အၿမဲတမ္းတြန္းအားေပးခဲ့သူတစ္ေယာက္ပါ။ Apple Watch ဆိုရင္လည္း ဒီဇိုင္းေတြ၊ band ေတြ စိတ္ႀကိဳက္ေ႐ြးလို႔္ရတဲ့အတြက္ေၾကာင့္ မဝယ္ခင္မွာ စမ္းသပ္သုံးစြဲခြင့္ေပးထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Apple Watch ဝယ္တဲ့သူေတြဟာ ေက်ာက္မ်က္ရတနာဝယ္ယူတဲ့သူေတြလို႔ ခံစားခ်က္မ်ိဳး အပီအျပင္ရေနခဲ့တာေပ့ါ။
အခုဆိုရင္ ဝန္ထမ္းေတြအတြက္ စဥ္းစားေပးၿပီးေတာ့ ဆိုင္အတြင္းမွာ လူအကန႔္အသတ္နဲ႔သာ ဝင္ေရာက္ခြင့္ျပဳထားပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.