Unicode
လတ်တလောမှာကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နည်းပညာလုပ်ငန်းအတော်များများက သူတို့ပြသမယ့်ပွဲတွေကို ဖျက်သိမ်းခဲ့ရပါတယ်။ တချို့လုပ်ငန်းတွေဆိုရင် ရပ်နားထားရတဲ့အထိ ဆိုးဝါးနေပါတယ်။ နောက်သုံးပတ်လောက်အထိလည်း လူ၁၀၀၀ကျော်ရင် စုဝေးခြင်းမပြုလုပ်ဖို့ တားမြစ်ထားတုန်းပါပဲ။ ဒီတော့ WWDC ကို Apple က ဖျက်သိမ်းမှာလား။ iOS 14 ကရော အချိန်မီရောက်လာပါ့မလား။
WWDC ဆိုတာကတော့ ဒီနှစ်ထဲမှာရှိတဲ့ Apple ရဲ့ပွဲကြီးတစ်ခုလို့ဆိုရမှာပါ။ ပုံမှန်အတိုင်းဆိုရင် ဒီပွဲမှာ software အသစ်တွေ၊ device အသစ်တွေ ချပြပါတယ်။ ဒီနှစ်မှာတော့ iPhone 9, iPad Pros(triple camrea), Powerbeats 4 တွေမြင်ရမယ်လို့ မှန်းထားခဲ့ပါတယ်။ နောက်ပြီး iOS 14 ကိုလည်း မြင်တွေ့နိုင်မှာပါ။ သတင်းကောင်းကတော့ WWDC 2020 မလုပ်ဖြစ်ရင်တောင်မှ iOS version အသစ်က သေချာပေါက်ရမှာပါ။ WWDC keynote ပြီးတာနဲ့ ချက်ချင်းပေးသွားမှာပါ။ ဒီတစ်ခေါက်ကတော့ keynote ကို အွန်လိုင်းကနေ ကြည့်ရမှာပါ။
Zawgyi