Samsung မကြေညာရသေးခင် Google ကြောင့်မြင်တွေ့လိုက်ရတဲ့ Galaxy M11

0
1035

Unicode

Google ရဲ့ PlayStore ထောက်ပံ့ပေးထားတဲ့ဖုန်းစာရင်းထဲမှာ Samsung Galaxy M11 ရဲ့ အချက်အလက်အချို့နဲ့ဒီဇိုင်းကို Samsung မကြေညာရသေးခင်မှာပဲ မြင်တွေ့လိုက်ရပါတယ်။
Techie Jerry က ဒါကိုမြင်တွေ့ခဲ့တာဖြစ်ပါတယ်။ Google Play Console စာရင်းမှာတော့ အပေါ်မှာပြထားတဲ့ပုံလေးပါဝင်နေသလို အချက်အလက်အချို့ကိုလည်း ဖော်ပြထားတာမြင်တွေ့ရမှာပါ။ မျက်နှာပြင်အရွယ်အစားကို အတိအကျပြောမထားပေမယ့်လည်း 1,560 x 720 resolution နဲ့ 280ppi ပေါင်းစပ်ထားခြင်းက ၆.၁လက်မလောက်ဆိုတာ ထင်ရှားနေပါတယ်။
ဒါ့အပြင် midrange Snapdragon 450, Adreno 506 GPU, RAM 3GB, Android 10, Samsung One UI Core 2.0 နဲ့ ပွဲထွက်လာမှာပါ။

Galaxy M11 Specs


ဒီအချိန်မှာတော့ ဒီလောက်ပဲသိရပါသေးတယ်။ Google Play Store အတွက် အတည်ပြုလိုက်ပြီဆိုတော့ မကြာခင်မှာ official ထွက်တော့မယ်ဆိုတာ ပြောနေသလိုပါပဲ။

Zawgyi


Galaxy M11 Specs



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.