ဒီနေ့မှာတော့ Nubia ဟာ စမတ်ဖုန်းသစ် Red Magic 5G ကို မတ်လ 12 ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ Red Magic 5G ဟာ ကမ္ဘာ့ပထမဆုံး 144Hz Refresh Rate Screen ပါဝင်လာမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းဟာ TENNA မှာ ထောက်ခံချက် ရရှိထားပြီး ဖြစ်ပါတယ်။

ဖုန်းရဲ့ မော်ဒယ်နံပါတ်က NX659 ဖြစ်ပါတယ်။ TENNA မှာ ဖော်ပြထားမှုအရ Red Magic 5G မှာ မျက်နှာပြင် 6.65 လက်မ နဲ့အတူ ဖုန်းရဲ့အတိုင်းအတာက 168.56 x 78 x 9.75 မီလီမီတာ ရှိမယ်လို့ သိရပါတယ်။ Red Magic 5G ရဲ့ကျောဘက်မှာ အပြာရောင်နှင့်အနီရောင်တစ်ခြမ်းစီ သုံးလာမှာဖြစ်ပြီး ကျောဘက်ကင်မရာသုံးလုံး ပါဝင်လာပါမယ်။
ဒီဖုန်းကို Snapdragon 865 SoC ပရိုဆက်ဆာသုံးလာမှာဖြစ်ပြီး Dual-Mode 5G ထောက်ပံ့လာပါမယ်။ ဒီဖုန်းကို RAM16GB ဗားရှင်းနှင့်အထိ ရွေးချယ်နိုင်မှာဖြစ်ပြီး Android 10 OS သုံးလာပါမယ်။ ကျောဘက်ကင်မရာသုံးလုံးမှာ အဓိကကင်မရာက 64MP Sony IMX686 Sensor သုံးလာမှာ ဖြစ်ပြီး Air-Cooling Technology ပါဝင်လာမယ်လို့ သိရပါတယ်။ ဘက်ထရီစွမ်းအားကတော့ 4500 mAh ပါဝင်ပြီး 55W Fast Charger ပါဝင်လာပါမယ်။
zawgyi
Red Magic 5G ကို မတ္လ 12 ရက္တြင္ မိတ္ဆက္လာမယ့္ Nubia
ဒီေန႔မွာေတာ့ Nubia ဟာ စမတ္ဖုန္းသစ္ Red Magic 5G ကို မတ္လ 12 ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ Red Magic 5G ဟာ ကမာၻ႔ပထမဆုံး 144Hz Refresh Rate Screen ပါဝင္လာမယ့္ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒီဖုန္းဟာ TENNA မွာ ေထာက္ခံခ်က္ ရရွိထားၿပီး ျဖစ္ပါတယ္။

ဖုန္းရဲ႕ ေမာ္ဒယ္နံပါတ္က NX659 ျဖစ္ပါတယ္။ TENNA မွာ ေဖာ္ျပထားမႈအရ Red Magic 5G မွာ မ်က္ႏွာျပင္ 6.65 လက္မ နဲ႔အတူ ဖုန္းရဲ႕အတိုင္းအတာက 168.56 x 78 x 9.75 မီလီမီတာ ရွိမယ္လို႔ သိရပါတယ္။ Red Magic 5G ရဲ႕ေက်ာဘက္မွာ အျပာေရာင္ႏွင့္အနီေရာင္တစ္ျခမ္းစီ သုံးလာမွာျဖစ္ၿပီး ေက်ာဘက္ကင္မရာသုံးလုံး ပါဝင္လာပါမယ္။
ဒီဖုန္းကို Snapdragon 865 SoC ပ႐ိုဆက္ဆာသုံးလာမွာျဖစ္ၿပီး Dual-Mode 5G ေထာက္ပံ့လာပါမယ္။ ဒီဖုန္းကို RAM16GB ဗားရွင္းႏွင့္အထိ ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ၿပီး Android 10 OS သုံးလာပါမယ္။ ေက်ာဘက္ကင္မရာသုံးလုံးမွာ အဓိကကင္မရာက 64MP Sony IMX686 Sensor သုံးလာမွာ ျဖစ္ၿပီး Air-Cooling Technology ပါဝင္လာမယ္လို႔ သိရပါတယ္။ ဘက္ထရီစြမ္းအားကေတာ့ 4500 mAh ပါဝင္ၿပီး 55W Fast Charger ပါဝင္လာပါမယ္။