64MP ကျောဘက်ကင်မရာလေးလုံး နဲ့အတူ Helio P95 သုံးထားတဲ့ OPPO Reno3 Pro ကို ကြေညာ

0
1844

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ OPPO အနေနဲ့ အိန္ဒိယဈေးကွက်မှာ Reno3 Pro စမတ်ဖုန်းသစ်ကို ကြေညာလိုက်ပါတယ်။ ယခု ကြေညာလာတဲ့ OPPO Reno3 Pro က ဒီဇင်ဘာလတုန်းက တရုတ်မှာ ကြေညာခဲ့တဲ့ OPPO Reno3 Pro 5G နဲ့ များစွာ ကွဲပြားပါတယ်။ တရုတ်မှာ ကြေညာခဲ့တဲ့ ဖုန်းမှာ Snapdragon 765G SoC သုံးထားပြီး ယခု ကြေညာလာတဲ့ဖုန်းမှာတော့ MediaTek Helio P95 Chipset အသုံးပြုထားပါတယ်။


Reno3 Pro က 44MP Dual Punch-Hole Selfie Cameras ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျောဘက်ကင်မရာဖြင့် ဓာတ်ပုံ ရိုက်ကူးမှုအပိုင်းအတွက် 64MP ကင်မရာပါ ကျောဘက်ကင်မရာလေးလုံး ပါဝင်ပါတယ်။ Reno3 Pro မှာ မျက်နှာပြင် 6.4 လက်မ E3 S-AMOLED Full HD+ ရုပ်ထွက်နှင့် 20:9 Aspect Ratio သုံးထားပါတယ်။
Reno3 Pro ရဲ့ Dual Punch-Hole မှာ 44MP+2MP ရှေ့ကင်မရာနှစ်လုံး ပါဝင်ပါတယ်။ ရှေ့ကင်မရာမှာ အသုံးပြုသူများ အကြိုက်တွေ့စေမယ့် Ultra Night Selfie Mode ၊ Video Bokeh EIS Driven Ultra Stead Video 2.0 ၊ AI Beauty Mode တို့ ပါဝင်ပါတယ်။ ကျောဘက်ကင်မရာလေးလုံးဖြစ်ပြီး 13MP Telephoto+64MP Ultra Clear+2MP Mono+8MP Ultrawide တို့ ဖြစ်ပါတယ်။
Reno3 Pro ကို 12nm MediaTek Helio P95 Chipset နဲ့ဖြစ်ပြီး LPDDR4x RAM မှာ UFS 2.1 Storage တို့ သုံးထားပါတယ်။ သိုလှောင်မှုအတွက် 128GB (သို့)256GB ဗားရှင်းတို့ကို ရွေးချယ်နိုင်ပါမယ်။ ဘက်ထရီ 4025 mAh ပါဝင်ကာ 30W VOOC 4.0 Fast Charging Technology ဖြင့် အားသွင်းနိုင်ပါမယ်။ မိနစ် 20 အားသွင်းရုံဖြင့် ဘက်ထရီ 50 ရာခိုင်နှုန်း ရရှိပါမယ်။ Multi-Cooling System ပါဝင်ကာ အပူချန်ကို 13 ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ Android 10 OS အခြေခံ ColorOS 7 သုံးထားပါတယ်။


OPPO Reno3 Pro ရဲ့ RAM8GB+128GB ကို ဈေးနှုန်း ဒေါ်လာ 416 သတ်မှတ်ထားပြီး မတ်လ 6 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။ RAM8GB+256GB ဗားရှင်းကို ဈေးနှုန်း ဒေါ်လာ 457 သတ်မှတ်ထားပြီး ရောင်းချမယ့်ရက်ကို မကြေညာသေးပါဘူး။ ဒီဖုန်းကို Auroral Blue ၊ Midnight Black ၊ Sky White အရောင် သုံးမျိုးဖြင့် ရွေးချယ်နိုင်ပါမယ်။

zawgyi

64MP ေက်ာဘက္ကင္မရာေလးလုံး နဲ႔အတူ Helio P95 သုံးထားတဲ့ OPPO Reno3 Pro ကို ေၾကညာ

တ႐ုတ္ စမတ္ဖုန္း ထုတ္လုပ္သူ OPPO အေနနဲ႔ အိႏၵိယေဈးကြက္မွာ Reno3 Pro စမတ္ဖုန္းသစ္ကို ေၾကညာလိုက္ပါတယ္။ ယခု ေၾကညာလာတဲ့ OPPO Reno3 Pro က ဒီဇင္ဘာလတုန္းက တ႐ုတ္မွာ ေၾကညာခဲ့တဲ့ OPPO Reno3 Pro 5G နဲ႔ မ်ားစြာ ကြဲျပားပါတယ္။ တ႐ုတ္မွာ ေၾကညာခဲ့တဲ့ ဖုန္းမွာ Snapdragon 765G SoC သုံးထားၿပီး ယခု ေၾကညာလာတဲ့ဖုန္းမွာေတာ့ MediaTek Helio P95 Chipset အသုံးျပဳထားပါတယ္။


Reno3 Pro က 44MP Dual Punch-Hole Selfie Cameras ပါဝင္တဲ့ ကမာၻ႔ပထမဆုံး စမတ္ဖုန္း ျဖစ္ပါတယ္။ ဒါ့အျပင္ ေက်ာဘက္ကင္မရာျဖင့္ ဓာတ္ပုံ ႐ိုက္ကူးမႈအပိုင္းအတြက္ 64MP ကင္မရာပါ ေက်ာဘက္ကင္မရာေလးလုံး ပါဝင္ပါတယ္။ Reno3 Pro မွာ မ်က္ႏွာျပင္ 6.4 လက္မ E3 S-AMOLED Full HD+ ႐ုပ္ထြက္ႏွင့္ 20:9 Aspect Ratio သုံးထားပါတယ္။
Reno3 Pro ရဲ႕ Dual Punch-Hole မွာ 44MP+2MP ေရွ႕ကင္မရာႏွစ္လုံး ပါဝင္ပါတယ္။ ေရွ႕ကင္မရာမွာ အသုံးျပဳသူမ်ား အႀကိဳက္ေတြ႕ေစမယ့္ Ultra Night Selfie Mode ၊ Video Bokeh EIS Driven Ultra Stead Video 2.0 ၊ AI Beauty Mode တို႔ ပါဝင္ပါတယ္။ ေက်ာဘက္ကင္မရာေလးလုံးျဖစ္ၿပီး 13MP Telephoto+64MP Ultra Clear+2MP Mono+8MP Ultrawide တို႔ ျဖစ္ပါတယ္။


Reno3 Pro ကို 12nm MediaTek Helio P95 Chipset နဲ႔ျဖစ္ၿပီး LPDDR4x RAM မွာ UFS 2.1 Storage တို႔ သုံးထားပါတယ္။ သိုေလွာင္မႈအတြက္ 128GB (သို႔)256GB ဗားရွင္းတို႔ကို ေ႐ြးခ်ယ္ႏိုင္ပါမယ္။ ဘက္ထရီ 4025 mAh ပါဝင္ကာ 30W VOOC 4.0 Fast Charging Technology ျဖင့္ အားသြင္းႏိုင္ပါမယ္။ မိနစ္ 20 အားသြင္း႐ုံျဖင့္ ဘက္ထရီ 50 ရာခိုင္ႏႈန္း ရရွိပါမယ္။ Multi-Cooling System ပါဝင္ကာ အပူခ်န္ကို 13 ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ Android 10 OS အေျခခံ ColorOS 7 သုံးထားပါတယ္။
OPPO Reno3 Pro ရဲ႕ RAM8GB+128GB ကို ေဈးႏႈန္း ေဒၚလာ 416 သတ္မွတ္ထားၿပီး မတ္လ 6 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။ RAM8GB+256GB ဗားရွင္းကို ေဈးႏႈန္း ေဒၚလာ 457 သတ္မွတ္ထားၿပီး ေရာင္းခ်မယ့္ရက္ကို မေၾကညာေသးပါဘူး။ ဒီဖုန္းကို Auroral Blue ၊ Midnight Black ၊ Sky White အေရာင္ သုံးမ်ိဳးျဖင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.