နောက်ဘက် ကင်မရာလေးလုံးနဲ့ Redmi Note 9 စီးရီးကို လာမယ့် ၁၂ ရက်နေ့တွင် မိတ်ဆက်မည်

0
1189

Redmi အနေနဲ့ လာမယ့် 12 ရက်နေ့မှာ Redmi Note 9 စီးရီးကို မိတ်ဆက်လာဦးမှာ ဖြစ်ပါတယ်။ Note 9 စီးရီးအဖြစ် Redmi Note 9 နှင့် Redmi Note 9 Pro တို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Redmi ရဲ့ Redmi Note 9 စီးရီး ကြေညာထားတဲ့ ပိုစတာမှာ ပါဝင်တဲ့ စမတ်ဖုန်း ဒီဇိုင်းအရ ဒီဖုန်းမှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်လာပါမယ်။


Redmi Note 9 မှာ ကျောဘက်ကင်မရာလေးလုံးကို iPhone 11 စီးရီးလိုဘဲ စတုရန်းကွက်ထဲမှာ ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ Redmi က Redmi Note 9 စီးရီးမှာ အဆင့်မြင့် ဒီဇိုင်းသုံးလာမယ့်အပြင် ဂိမ်းကစားမှုအပိုင်း ပိုမိုကောင်းမွန်လာအောင်လည်း လုပ်ဆောင်ထားကြောင်းနှင့် Fast Charging လည်း ပါဝင်လာမှာ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။
Redmi Note 9 Pro နဲ့ပတ်သက်ပြီး ထွက်ပေါ်ထားတဲ့သတင်းများအရ Redmi Note 9 Pro မှာ မျက်နှာပြင် 6.53 လက်မ IPS LCD FHD+ ရုပ်ထွက်၊ Snapdragon 720 ၊ ကျောဘက်ကင်မရာ 64MP+8MP+2MP+2MP နှင့် ဘက်ထရီ 4500 mAh ပါဝင်လာမယ်လို့ သိရပါတယ်။

zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.