Pornhub ဆီကနေထူးခြားစွာမြင်တွေ့ရမယ့် documentary

0
1123
NEW YORK, NY- February 14: Asa Akira hosts Pornhub Pop-up Valentine's Shop in New York City on February 14, 2020. Credit: RW/MediaPunch /IPX

Unicode

Pornhub က Shakedown ဆိုတဲ့အရာလေးကို စတင်မိတ်ဆက်တော့မှာပါ။ artist Leilah Weinraub ရဲ့လက်ရာဖြစ်တဲ့ documentary လေးဟာ ၂၀၀၀ခုနှစ်အစောပိုင်းတုန်းက လော့အိန်ဂျလိစ်မြို့ရဲ့ lesbian strip club ထဲကမြင်ကွင်းတွေဖြစ်တဲ့ LGBTQ အမျိုးသား၊ အမျိုးသမီးတွေအကြောင်းကို ရိုက်ကူးထားမှာဖြစ်ပါတယ်။ ဒီလိုအရာတွေကို MoMa နဲ့ Whitney Museum မှာ ကြည့်နိုင်တယ်ဆိုပေမယ့်လည်း ကြည့်ချင်တဲ့အချိန်မှာ ကြည့်လို့မရသေးပါဘူး။ အခုအချိန်ထိပေါ့။
ဒီပရောဂျက်လေးအတွက် home ဆိုတဲ့နေရာမှာ သီးသန့်နေရာလေးတစ်ခုဖန်တီးပေးထားပြီးတော့ အဲဒီနေရာလေးမှာ ဇာတ်ကားတွေကြည့်နိုင်သလို ချက်တင်လည်းလုပ်နိုင်ပါတယ်။ Weinraub က အပတ်တိုင်းတင်ပေးသွားမယ်လို့ Pornhub က ဆိုပါတယ်။
Shakedown လေးကို မတ်လတစ်လျှောက်လုံးမှာ အခမဲ့ကြည့်နိုင်မှာဖြစ်ပြီးတော့ Criterion Channel ကနေလည်း တီဗွီမှာကြည့်နိုင်မှာပါ။ သိမ်းထားချင်တယ်ဆိုရင်လည်း iTunes Store ပေါ်ကို နွေရာသီအမီရောက်လာမယ်လို့သိရပါတယ်။
Pornhub အနေနဲ့ ဒီလိုမျိုး documentary ကို လုပ်ဆောင်တယ်ဆိုတာ နည်းနည်းထူးဆန်းနေပေမယ့်လည်း Weinraub ကတော့ နည်းဗျူဟာအကြီးကြီးတစ်ခုကို ပိုင်ဆိုင်ထားပုံရပါတယ်။ YouTube နဲ့Vimeo လိုမျိုး ဝန်ဆောင်မှုတွေမှာ အဖော်အချွတ်ပုံတွေပါရင်ကို တင်လို့မရတဲ့အတွက်ကြောင့် Pornhub ဟာ သူတို့အသုံးပြုနိုင်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်လာတာပါ။ Amazon, Netflix တို့ကိုပြိုင်မယ့်အစား porn ကိုအဓိကကြည့်သူမဟုတ်တဲ့ ပရိသတ်တွေကိုပါ pornhub ဆီရောက်လာအောင် ဆွဲဆောင်ပြီး ကြည့်ရှုသူတိုးတက်အောင် လုပ်ဆောင်နိုင်မလားဆိုတာ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။

Zawgyi

Pornhub က Shakedown ဆိုတဲ့အရာေလးကို စတင္မိတ္ဆက္ေတာ့မွာပါ။ artist Leilah Weinraub ရဲ႕လက္ရာျဖစ္တဲ့ documentary ေလးဟာ ၂၀၀၀ခုႏွစ္အေစာပိုင္းတုန္းက ေလာ့အိန္ဂ်လိစ္ၿမိဳ႕ရဲ႕ lesbian strip club ထဲကျမင္ကြင္းေတြျဖစ္တဲ့ LGBTQ အမ်ိဳးသား၊ အမ်ိဳးသမီးေတြအေၾကာင္းကို ႐ိုက္ကူးထားမွာျဖစ္ပါတယ္။ ဒီလိုအရာေတြကို MoMa နဲ႔ Whitney Museum မွာ ၾကည့္ႏိုင္တယ္ဆိုေပမယ့္လည္း ၾကည့္ခ်င္တဲ့အခ်ိန္မွာ ၾကည့္လို႔မရေသးပါဘူး။ အခုအခ်ိန္ထိေပါ့။
ဒီပေရာဂ်က္ေလးအတြက္ home ဆိုတဲ့ေနရာမွာ သီးသန႔္ေနရာေလးတစ္ခုဖန္တီးေပးထားၿပီးေတာ့ အဲဒီေနရာေလးမွာ ဇာတ္ကားေတြၾကည့္ႏိုင္သလို ခ်က္တင္လည္းလုပ္ႏိုင္ပါတယ္။ Weinraub က အပတ္တိုင္းတင္ေပးသြားမယ္လို႔ Pornhub က ဆိုပါတယ္။
Shakedown ေလးကို မတ္လတစ္ေလွ်ာက္လုံးမွာ အခမဲ့ၾကည့္ႏိုင္မွာျဖစ္ၿပီးေတာ့ Criterion Channel ကေနလည္း တီဗြီမွာၾကည့္ႏိုင္မွာပါ။ သိမ္းထားခ်င္တယ္ဆိုရင္လည္း iTunes Store ေပၚကို ေႏြရာသီအမီေရာက္လာမယ္လို႔သိရပါတယ္။
Pornhub အေနနဲ႔ ဒီလိုမ်ိဳး documentary ကို လုပ္ေဆာင္တယ္ဆိုတာ နည္းနည္းထူးဆန္းေနေပမယ့္လည္း Weinraub ကေတာ့ နည္းဗ်ဴဟာအႀကီးႀကီးတစ္ခုကို ပိုင္ဆိုင္ထားပုံရပါတယ္။ YouTube နဲ႔Vimeo လိုမ်ိဳး ဝန္ေဆာင္မႈေတြမွာ အေဖာ္အခြၽတ္ပုံေတြပါရင္ကို တင္လို႔မရတဲ့အတြက္ေၾကာင့္ Pornhub ဟာ သူတို႔အသုံးျပဳႏိုင္တဲ့ ပလက္ေဖာင္းတစ္ခုျဖစ္လာတာပါ။ Amazon, Netflix တို႔ကိုၿပိဳင္မယ့္အစား porn ကိုအဓိကၾကည့္သူမဟုတ္တဲ့ ပရိသတ္ေတြကိုပါ pornhub ဆီေရာက္လာေအာင္ ဆြဲေဆာင္ၿပီး ၾကည့္ရႈသူတိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္မလားဆိုတာ ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ရမွာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.