Mate 30 5G စမတ်ဖုန်း ကိုဈေးလျော့ရောင်းလိုက်တဲ့ Huawei

0
3446

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Huawei အနေနဲ့ လာမယ့် 26 ရက်နေ့မှာ P40 series ဖုန်းသစ်တွေကို ကြေညာသွားမယ်လို့ သိရပါတယ်။ ဖုန်းအသစ်တွေ မိတ်ဆက်မှု မတိုင်ခင် သူ့ရှေ့ကထွက်ထားတဲ့ Mate 30 series ဖုန်းတွေကို ဈေးလျော့ရောင်းနေတာကို တွေ့ရပါတယ်။ ဈေးနှုန်းတွေကို Mate 30 5G (8GB+128GB) ကို 4499 ယွမ် ($646) နဲ့ 8GB+256GB version ကို 4999 ယွမ် ($718) ဆိုပြီး ဖြစ်ပါတယ်။ ယခင်ဈေးတွေက 4999 ယွမ် ($718) ၊ 5499 ယွမ် ($789) ဖြစ်တာကြောင့် အတော်လေးသက်သွားတယ်လို့ သတ်မှတ်နိုင်ပါတယ်။
Mate 30 5G ဆိုတာ Huawei ရဲ့ပထမဆုံး 5G flagships ဖုန်းဖြစ်ပါတယ်။ Mate 30 Pro 5G ကတော့ ဒုတိယမျိုးဆက်ကတော့ ဒုတိယမျိုးဆက် 5G ဖုန်းဖြစ်ပါတယ်။ Mate X 5G မှာ 5G modem onboard နဲ့ဖြစ်ပြီး ဒုတိယမျိုးဆက်မှာတော့ Balong 5000 5G modem နဲ့ Kirin 990 SoC ကိုပေါင်းစပ်ထားပါတယ်။ Mate 30 မှာသုံးတဲ့ 5G chipset ဟာ dual-mode SA နဲ့ NSA bands တွေဖြစ်ပါတယ်။
လက်ရှိခန့်မှန်းချက်တွေ အရ P40 စီးရီးဖုန်းတွေကို စရောင်းရင်လည်း Mate 30 တွေစတင်မိတ်ဆက်တုန်းက ဈေးနဲ့ တူညီနိုင်ပါတယ်။

zawgyi


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.