iPad Pro မော်ဒယ်လ်အသစ် မိတ်ဆက်ဖို့အတွက် သေချာသလောက်ရှိနေတဲ့ Apple

0
1355

Unicode

ကိုရိုနာဗိုင်းရပ်စ်ကြီး ကမ္ဘာကိုဇောက်ထိုးမိုးမျှော်ဖြစ်အောင်မလုပ်ခင်မှာ Apple ဟာ မတ်လကုန်လောက်မှာ iPhone 9 အပါအဝင် ထုတ်ကုန်အသစ်တွေမိတ်ဆက်မယ့် ပွဲအခမ်းအနားတစ်ခုကို ကျင်းပမယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဗိုင်းရပ်စ်က အဲဒီစီမံကိန်းတွေကို ထိခိုက်လား၊ မထိခိုက်လားမသိပေမယ့် Apple ဟာ အနည်းဆုံး device အသစ်တစ်ခုကိုတော့ မကြာခင်မှာ ပြသတော့မယ်လို့ မြင်နေပါတယ်။ iPad Pro tablet တွေဟာ ယူအက်စ်၊ ဥရောပနဲ့ သြစတေးလျမှာ ရှာရခက်လာပါပြီ။ နယူးယောက်မြို့မှာ 512GB မော်ဒယ်လ်ရနိုင်နှုန်းကလည်း နည်းပါးနေတယ်လို့ Bloomberg က ဆိုပါတယ်။
တစ်ဖက်မှာတော့ ဒါဟာဗိုင်းရပ်စ်ကြောင့်ထုတ်လုပ်မှုထိခိုက်သွားတယ်လို့ဆိုနိုင်ပေမယ့်လည်း 2020 iPad Pro model တွေကို မိတ်ဆက်မယ့်အတွက်ကြောင့် ပစ္စည်းဖြတ်ထားတာလည်း ဖြစ်နိုင်ပါတယ်။
2020 iPad Pro တွေမှာ Time-of-Flight(ToF) ကင်မရာပါဝင်မှာဖြစ်ပြီး 3D model တွေရိုက်ကူးနိုင်သလို Apple Pencil နဲ့ တည်းဖြတ်နိုင်ဦးမှာပါ။ ToF ကင်မရာစနစ်ကို Apple device တွေမှာ မြင်တွေ့ရတော့မှာဖြစ်ပေမယ့်လည်း iPad Pro က ပထမဆုံးဖြစ်လာနိုင်ပါတယ်။ iPhone 12 Pro, Pro Mawx မှာလည်း ToF sensor ထည့်သွင်းထားမယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။
အခုနောက်ဆုံးရထားတဲ့သတင်းတွေကသာ မှန်ကန်နေမယ်ဆိုရင် မတ်လ၃၁ရက်နေ့မှာ hardware အသစ်ကို ကြေညာဖို့အတွက် မီဒီယာပွဲတစ်ခုကိုစီစဉ်နေပါတယ်။ iPad Pro ကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ပွဲမှာမြင်တွေ့ရမှာပါ။ ဒါပေမယ့် ပွဲအပြီးမှာချက်ချင်းရောင်းမယ်ဆိုရင်တော့ ဝယ်လိုအားမနိုင်မနင်းဖြစ်တာနဲ့ Apple ရင်ဆိုင်ရပါလိမ့်မယ်။
တက်ဘလက်လေးအပြင် Apple ဟာ ဈေးသက်သာတဲ့ iPhone၊ ပြန်လည်ပြင်ဆင်ထားတဲ့ ၁၃လက်မ MacBook Pro တွေလည်း ကြေညာဖို့ရှိနေပါသေးတယ်။

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္ႀကီး ကမာၻကိုေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ေအာင္မလုပ္ခင္မွာ Apple ဟာ မတ္လကုန္ေလာက္မွာ iPhone 9 အပါအဝင္ ထုတ္ကုန္အသစ္ေတြမိတ္ဆက္မယ့္ ပြဲအခမ္းအနားတစ္ခုကို က်င္းပမယ္လို႔ သတင္းေတြထြက္ခဲ့ပါတယ္။ ဗိုင္းရပ္စ္က အဲဒီစီမံကိန္းေတြကို ထိခိုက္လား၊ မထိခိုက္လားမသိေပမယ့္ Apple ဟာ အနည္းဆုံး device အသစ္တစ္ခုကိုေတာ့ မၾကာခင္မွာ ျပသေတာ့မယ္လို႔ ျမင္ေနပါတယ္။ iPad Pro tablet ေတြဟာ ယူအက္စ္၊ ဥေရာပနဲ႔ ၾသစေတးလ်မွာ ရွာရခက္လာပါၿပီ။ နယူးေယာက္ၿမိဳ႕မွာ 512GB ေမာ္ဒယ္လ္ရႏိုင္ႏႈန္းကလည္း နည္းပါးေနတယ္လို႔ Bloomberg က ဆိုပါတယ္။
တစ္ဖက္မွာေတာ့ ဒါဟာဗိုင္းရပ္စ္ေၾကာင့္ထုတ္လုပ္မႈထိခိုက္သြားတယ္လို႔ဆိုႏိုင္ေပမယ့္လည္း 2020 iPad Pro model ေတြကို မိတ္ဆက္မယ့္အတြက္ေၾကာင့္ ပစၥည္းျဖတ္ထားတာလည္း ျဖစ္ႏိုင္ပါတယ္။
2020 iPad Pro ေတြမွာ Time-of-Flight(ToF) ကင္မရာပါဝင္မွာျဖစ္ၿပီး 3D model ေတြ႐ိုက္ကူးႏိုင္သလို Apple Pencil နဲ႔ တည္းျဖတ္ႏိုင္ဦးမွာပါ။ ToF ကင္မရာစနစ္ကို Apple device ေတြမွာ ျမင္ေတြ႕ရေတာ့မွာျဖစ္ေပမယ့္လည္း iPad Pro က ပထမဆုံးျဖစ္လာႏိုင္ပါတယ္။ iPhone 12 Pro, Pro Mawx မွာလည္း ToF sensor ထည့္သြင္းထားမယ္လို႔ သတင္းေတြထြက္ခဲ့ပါေသးတယ္။
အခုေနာက္ဆုံးရထားတဲ့သတင္းေတြကသာ မွန္ကန္ေနမယ္ဆိုရင္ မတ္လ၃၁ရက္ေန႔မွာ hardware အသစ္ကို ေၾကညာဖို႔အတြက္ မီဒီယာပြဲတစ္ခုကိုစီစဥ္ေနပါတယ္။ iPad Pro ကို ပထမဆုံးအႀကိမ္အျဖစ္နဲ႔ ပြဲမွာျမင္ေတြ႕ရမွာပါ။ ဒါေပမယ့္ ပြဲအၿပီးမွာခ်က္ခ်င္းေရာင္းမယ္ဆိုရင္ေတာ့ ဝယ္လိုအားမႏိုင္မနင္းျဖစ္တာနဲ႔ Apple ရင္ဆိုင္ရပါလိမ့္မယ္။
တက္ဘလက္ေလးအျပင္ Apple ဟာ ေဈးသက္သာတဲ့ iPhone၊ ျပန္လည္ျပင္ဆင္ထားတဲ့ ၁၃လက္မ MacBook Pro ေတြလည္း ေၾကညာဖို႔ရွိေနပါေသးတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.