Foodie တွေအတွက်အသုံးတည့်မယ့် Google Maps ရဲ့ hidden feature လေး

0
1273

Unicode

Google Maps ဟာ လမ်းညွှန်၊ တည်နေရာပြ app လေးတစ်ခုဖြစ်တယ်ဆိုပေမယ့်လည်း ဒါတွေထက်လုပ်ဆောင်နိုင်စွမ်းရှိနေပါတယ်။ ကျွန်တော်တို့မသုံးဖြစ်သေးတဲ့ feature လေးတွေရှိနေသလို ရှိမှန်းမသိတာမျိုးတွေလည်း ရှိပါတယ်။ တကယ်လို့ Google Maps ကိုသုံးပြီးတော့ နေရာအသစ်မှာ စားဖို့အတွက်နေရာရှာမယ်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက်စားသောက်ဆိုင်ရှာဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာလေးကတော့ သိထားသင့်တယ်မဟုတ်လား။ ကဲ ဆက်ဖတ်ကြည့်လိုက်ရအောင်။
ကိုယ်စားနေကြဆိုင်တွေမှာ သွားစားရတာရိုးအီလာလို့ အလားတူစားသောက်ဆိုင်ကို မြို့ထဲမှာရှာချင်လို့ပဲဖြစ်ဖြစ်၊ နေရာသစ်တစ်ခုကိုအလည်သွားတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့အစားသောက်တွေကို စားချင်လို့ပဲဖြစ်ဖြစ် သုံးကြည့်လိုက်ပါ။ ဒီ feature မပါဘူးဆိုရင်တော့ Google က ကိုယ်ရောက်နေတဲ့နေရာက စားသောက်ဆိုင်တွေအားလုံးကို ပြသပေးမှာပါ။ ကိုယ်စိတ်မဝင်စားတဲ့စားသောက်ဆိုင်တွေလည်း ပါဝင်နိုင်တာမို့ မြင်ရတာအချိန်ကုန်တယ်၊ မျက်စိနောက်တယ်မဟုတ်လား။ ဒီတော့ ကိုယ့်စိတ်ကြိုက်စားသောက်ဆိုင်ကို ရှာဖွေဖို့အတွက် ကျွန်တော်တို့နည်းနည်းကလိကြမယ်။


ဒီလိုကလိကြမယ်ဆိုရင်တော့ app အတွင်းမှာရှိတဲ့ ပရိုဖိုင်ပုံလေးကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ Settings ကိုသွားပြီး Exploring places ထဲက Food & drink preferences ကို ရွေးပါ။ Add dietary preferences ထဲမှာ စိတ်ကြိုက်သတ်မှတ်လိုက်ပါ။ Interested menu လေးက ကိုယ်စိတ်ဝင်စားတဲ့အမျိုးအစားတွေကို သတ်မှတ်ဖို့ ကူညီပေးပါလိမ့်မယ်။ ပြီးရင်တော့ Add preferences နှိပ်လိုက်ရုံပါပဲ။ ပုံလေးတွေလည်း ပြထားပါတယ်။
အရင်က လာရောက်လည်ပတ်ဖူးသူတွေပေးထားတဲ့ အချက်အလက်တွေ၊ review တွေကိုလည်း ပြသပေးထားမှာပါ။


ကဲ နောက်တစ်ခါ စားသောက်ဆိုင်ရှာတော့မယ်ဆိုရင် Google က ကိုယ့်စိတ်ကြိုက်အစားအသောက်တွေရှိတဲ့ဆိုင်ကိုပဲ ပြသပေးတော့မှာပါ။ နောက်ပြီး ကိုယ့်အကြိုက်နဲ့ကိုက်လားဆိုတာ ရာခိုင်နှုန်းနဲ့လည်းပြပေးဦးမှာဆိုတော့ ရာခိုင်နှုန်းကိုကြည့်ဖို့လည်း မမေ့ကြနဲ့နော်။

Zawgyi

Google Maps ဟာ လမ္းၫႊန္၊ တည္ေနရာျပ app ေလးတစ္ခုျဖစ္တယ္ဆိုေပမယ့္လည္း ဒါေတြထက္လုပ္ေဆာင္ႏိုင္စြမ္းရွိေနပါတယ္။ ကြၽန္ေတာ္တို႔မသုံးျဖစ္ေသးတဲ့ feature ေလးေတြရွိေနသလို ရွိမွန္းမသိတာမ်ိဳးေတြလည္း ရွိပါတယ္။ တကယ္လို႔ Google Maps ကိုသုံးၿပီးေတာ့ ေနရာအသစ္မွာ စားဖို႔အတြက္ေနရာရွာမယ္ဆိုရင္ေတာ့ ကိုယ့္စိတ္ႀကိဳက္စားေသာက္ဆိုင္ရွာဖို႔အတြက္ ဘယ္လိုလုပ္ရမလဲဆိုတာေလးကေတာ့ သိထားသင့္တယ္မဟုတ္လား။ ကဲ ဆက္ဖတ္ၾကည့္လိုက္ရေအာင္။
ကိုယ္စားေနၾကဆိုင္ေတြမွာ သြားစားရတာ႐ိုးအီလာလို႔ အလားတူစားေသာက္ဆိုင္ကို ၿမိဳ႕ထဲမွာရွာခ်င္လို႔ပဲျဖစ္ျဖစ္၊ ေနရာသစ္တစ္ခုကိုအလည္သြားတဲ့အခ်ိန္မွာ ကိုယ္ႀကိဳက္တဲ့အစားေသာက္ေတြကို စားခ်င္လို႔ပဲျဖစ္ျဖစ္ သုံးၾကည့္လိုက္ပါ။ ဒီ feature မပါဘူးဆိုရင္ေတာ့ Google က ကိုယ္ေရာက္ေနတဲ့ေနရာက စားေသာက္ဆိုင္ေတြအားလုံးကို ျပသေပးမွာပါ။ ကိုယ္စိတ္မဝင္စားတဲ့စားေသာက္ဆိုင္ေတြလည္း ပါဝင္ႏိုင္တာမို႔ ျမင္ရတာအခ်ိန္ကုန္တယ္၊ မ်က္စိေနာက္တယ္မဟုတ္လား။ ဒီေတာ့ ကိုယ့္စိတ္ႀကိဳက္စားေသာက္ဆိုင္ကို ရွာေဖြဖို႔အတြက္ ကြၽန္ေတာ္တို႔နည္းနည္းကလိၾကမယ္။


ဒီလိုကလိၾကမယ္ဆိုရင္ေတာ့ app အတြင္းမွာရွိတဲ့ ပ႐ိုဖိုင္ပုံေလးကိုႏွိပ္လိုက္ပါ။ ၿပီးရင္ေတာ့ Settings ကိုသြားၿပီး Exploring places ထဲက Food & drink preferences ကို ေ႐ြးပါ။ Add dietary preferences ထဲမွာ စိတ္ႀကိဳက္သတ္မွတ္လိုက္ပါ။ Interested menu ေလးက ကိုယ္စိတ္ဝင္စားတဲ့အမ်ိဳးအစားေတြကို သတ္မွတ္ဖို႔ ကူညီေပးပါလိမ့္မယ္။ ၿပီးရင္ေတာ့ Add preferences ႏွိပ္လိုက္႐ုံပါပဲ။ ပုံေလးေတြလည္း ျပထားပါတယ္။
အရင္က လာေရာက္လည္ပတ္ဖူးသူေတြေပးထားတဲ့ အခ်က္အလက္ေတြ၊ review ေတြကိုလည္း ျပသေပးထားမွာပါ။


ကဲ ေနာက္တစ္ခါ စားေသာက္ဆိုင္ရွာေတာ့မယ္ဆိုရင္ Google က ကိုယ့္စိတ္ႀကိဳက္အစားအေသာက္ေတြရွိတဲ့ဆိုင္ကိုပဲ ျပသေပးေတာ့မွာပါ။ ေနာက္ၿပီး ကိုယ့္အႀကိဳက္နဲ႔ကိုက္လားဆိုတာ ရာခိုင္ႏႈန္းနဲ႔လည္းျပေပးဦးမွာဆိုေတာ့ ရာခိုင္ႏႈန္းကိုၾကည့္ဖို႔လည္း မေမ့ၾကနဲ႔ေနာ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.