Vivo NEX 3S 5G တွင် အဆင့်မြင့် Snapdragon 865 ပရိုဆက်ဆာ သုံးလာမည်

0
510

Vivo အနေနဲ့ APEX 2020 နောက်ဆုံးပေါ်ဖုန်းကို ပြသခဲ့တာ တပတ်လောက်ပဲ ရှိပါသေးတယ်။ သူ့မှာ 60W superfast wireless charging, under-display selfie camera, 48MP gimbal camera နဲ့အတူ 120° curve radius ပါတဲ့ waterfall display တွေသုံးပေးထားပါတယ်။ APEX 2020 ကိုဝယ်ယူနိုင်မှာ မဟုတ်ပေမယ့် ဝယ်လို့ရမယ် Vivo ဖုန်းသစ်တလုံး ရှိနေပါတယ်။

အဲ့ဒီစမတ်ဖုန်းကတော့ Vivo NEX 3S 5G ဖြစ်ပြီး တရုတ်ကနေ သတင်းပေါက်ကြားမှု ဖြစ်ထားတာပါ။ Digital Chat Station ကနေ မနေ့က ဝီဘိုမှာတင်လိုက်တာပါ။ NEX 3S 5G ဖုန်းဟာ Snapdragon 865 flagship ဖုန်းဖြစ်ပြီး iQOO 3 5G ဖုန်းလိုမျိုး 55W fast charging ထောက်ပံ့ပါလိမ့်မယ်။ TENAA ရဲ့ပြောကြားချက်အရ in-display fingerprint scanner ၊ 4250mAh ဘက်ထရီ နဲ့ Android 10 တပါတည်း ထည့်သွင်းလာမယ်လို့ သိရပါတယ်။
Vivo NEX 3S 5G (Vivo V1950A) ကို 6.89-inch 1080 x 2256 AMOLED display ပါဝင်လာမှာ ဖြစ်ပြီး Snapdragon 865 processor မှာ 8GB RAM မှာ 128GB (သို့) 256GB ဆိုပြီး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ဘက်မှာ ကင်မရာ ၃လုံးပါမှာဖြစ်ပြီး 64MP အဓိကဖြစ်မှာပါ။ 13MP telephoto camera နဲ့ 13MP ultrawide angle ကင်မရာတွေလည်း ထည့်ပေးထားပါလိမ့်မယ်။ NEX 3 ဖုန်းလိုမျိုး 16MP sensor အရည်အသွေး motorized pop-up selfie ကင်မရာ သုံးပေးမယ်လို့ သိရပါတယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.