UNISOC ပရိုဆက်ဆာသုံးလာမယ် Nokia ရဲ့ 4G စမတ်ဖုန်း C2

0
681

HMD Global အနေနဲ့ ပြီးခဲ့တဲ့နှစ်က Nokia C1 လို့ခေါ်တဲ့ Nokia C-series ဖုန်းသစ်ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ entry-level စမတ်ဖုန်းလု့ိ ဆိုရမှာဖြစ်ပြီး Nokia C1 ဖုန်းဟာ ဈေးနှုန်းကလည်းသက်သာပါတယ်။ သို့ပေမယ့် ဒီဖုန်းရဲ့အားနည်းချက် 4G ထောက်ပံ့မှုမရတာပဲ ဖြစ်ပါတယ်။ အခုတော့ 4G support လုပ်မယ့် Nokia C2 ဖုန်းနဲ့ ပတ်သတ်တဲ့ သတင်းတွေထွက်လာပါပြီ။

NokiaPowerUser မှ တက်လာတဲ့ သတင်းအရ ဖုန်းသစ်ဟာ မော်ဒယ်နံပတ် TA-1204 ဖြစ်ပြီး dual-SIM support လုပ်မယ်လို့ သိရပါတယ်။ ဒီဖုန်းကို ရောင်းချနိုင်ဖို့အတွက် ထိုင်းနဲ့မလေးရှားတို့မှာ အသိအမှတ်ပြု ရရှိထားပြီးသားပါ။ HMD Global အနေနဲ့ ဒီဖုန်းကို MWC 2020 event မှာထုတ်ပြဖို့ ရည်ရွယ်ထားပုံ ရပါတယ်။ MWC 2020 မလုပ်ဖြစ်တော့လို့သာ ပြသဖို့ နောက်ဆုတ်သွားတာ ဖြစ်ပါတယ်။
Nokia C2 မှာ UNISOC processor သုံးလာမယ်လို့ သိရပါတယ်။ ယခင်ဗားရှင်းထက်ပိုကောင်းလာမယ့် အပြင် ရွေးချယ်စရာ အရောင်သစ်တွေလည်း ပါဝင်လာမှာပါ။ 4G အထောက်အပံ့ ပါဝင်လာမှာ ဖြစ်တာကြောင့် ဈေးတော့ကြီးနိုင်ပါတယ်။ တကယ်လို့ မိတ်ဆက်ဖြစ်ခဲ့မယ်ဆိုရင် Nokia 8.2, Nokia 4.3, Nokia 1.3, နဲ့ feature ဖုန်းဖြစ်တဲ့ Nokia 400 ကိုပါ တပါတည်း မိတ်ဆက်လာမယ်လို့ သိရပါတယ်။

zawgyi

UNISOC ပ႐ိုဆက္ဆာသုံးလာမယ္ Nokia ရဲ႕ 4G စမတ္ဖုန္း C2
HMD Global အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္က Nokia C1 လို႔ေခၚတဲ့ Nokia C-series ဖုန္းသစ္ကို စတင္မိတ္ဆက္ေပးခဲ့ပါတယ္။ entry-level စမတ္ဖုန္းလု႔ိ ဆိုရမွာျဖစ္ၿပီး Nokia C1 ဖုန္းဟာ ေဈးႏႈန္းကလည္းသက္သာပါတယ္။ သို႔ေပမယ့္ ဒီဖုန္းရဲ႕အားနည္းခ်က္ 4G ေထာက္ပံ့မႈမရတာပဲ ျဖစ္ပါတယ္။ အခုေတာ့ 4G support လုပ္မယ့္ Nokia C2 ဖုန္းနဲ႔ ပတ္သတ္တဲ့ သတင္းေတြထြက္လာပါၿပီ။

NokiaPowerUser မွ တက္လာတဲ့ သတင္းအရ ဖုန္းသစ္ဟာ ေမာ္ဒယ္နံပတ္ TA-1204 ျဖစ္ၿပီး dual-SIM support လုပ္မယ္လို႔ သိရပါတယ္။ ဒီဖုန္းကို ေရာင္းခ်ႏိုင္ဖို႔အတြက္ ထိုင္းနဲ႔မေလးရွားတို႔မွာ အသိအမွတ္ျပဳ ရရွိထားၿပီးသားပါ။ HMD Global အေနနဲ႔ ဒီဖုန္းကို MWC 2020 event မွာထုတ္ျပဖို႔ ရည္႐ြယ္ထားပုံ ရပါတယ္။ MWC 2020 မလုပ္ျဖစ္ေတာ့လို႔သာ ျပသဖို႔ ေနာက္ဆုတ္သြားတာ ျဖစ္ပါတယ္။
Nokia C2 မွာ UNISOC processor သုံးလာမယ္လို႔ သိရပါတယ္။ ယခင္ဗားရွင္းထက္ပိုေကာင္းလာမယ့္ အျပင္ ေ႐ြးခ်ယ္စရာ အေရာင္သစ္ေတြလည္း ပါဝင္လာမွာပါ။ 4G အေထာက္အပံ့ ပါဝင္လာမွာ ျဖစ္တာေၾကာင့္ ေဈးေတာ့ႀကီးႏိုင္ပါတယ္။ တကယ္လို႔ မိတ္ဆက္ျဖစ္ခဲ့မယ္ဆိုရင္ Nokia 8.2, Nokia 4.3, Nokia 1.3, နဲ႔ feature ဖုန္းျဖစ္တဲ့ Nokia 400 ကိုပါ တပါတည္း မိတ္ဆက္လာမယ္လို႔ သိရပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.