Samsung Galaxy A11 ရဲ့ ပေါက်ကြားပုံရိပ်များ ထွက်ရှိလာ

0
918

Unicode

Galaxy A11 ကတော့ ကင်မရာတစ်လုံးကနေ ကင်မရာသုံးလုံးအထိအောင်ကို upgrade လုပ်လိုက်ပါပြီ။ နောက်ပြီး punch-hole design ကလည်း ပြောစမှတ်တစ်ခု ဖြစ်လာတော့မှာပါ။
Samsung Galaxy A11 အဖြစ်နဲ့ပွဲထုတ်မယ့် entry-level စမတ်ဖုန်းတစ်လုံးကို ပြင်ဆင်နေပါတယ်။ ပေါက်ကြားလာတဲ့ Galaxy A11 ရဲ့ပုံရိပ်တွေအရဆိုရင် သူ့ရဲ့ဒီဇိုင်းနဲ့ အတွင်းပိုင်း hardware တွေအကြောင်း ဆွေးနွေးလို့ရသွားပါပြီ။
သိသာတာကတော့ Galaxy A11 မှာ အနောက်ကင်မရာသုံးလုံးပါဝင်နေပါတယ်။ အရင်တုန်းက Galaxy A10 မှာ ကင်မရာတစ်လုံးသာ ပါဝင်ခဲ့ပါတယ်။ ဖုန်းကို ပလတ်စတစ်နဲ့ဖန်တီးထားတာဖြစ်ပြီးတော့ အနောက်ဘက်မှာ လက်ဗွေစနစ်ကိုလည်း တွေ့မြင်ရဦးမှာပါ။ အရှေ့ဘက်အပိုင်းမှာတော့ punch-hole နဲ့အတူ အနည်းငယ်ထူထဲတဲ့ဘောင်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
Galaxy A11 မှာ ၆.၂လက်မ HD+ disply, Exynos 7-series ပရိုဆက်ဆာ, 3GB RAM, 5,000mAh battery ပါဝင်မယ်လို့ ပြောနေကြပါတယ်။ အနောက်ကင်မရာသုံးလုံးမှာဆိုရင်လည်း 13MP, 5MP wide-angle, 2MP depth sensor တွေထည့်သွင်းထားမယ်လို့ သိရပါတယ်။

Zawgyi


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.