newsfeed ပေါ်မှာ Facebook Memories တွေတက်မလာအောင် ပိတ်နည်း

0
582

Unicode

Facebook Memories တွေဆိုတာ ပျော်ဖို့ကောင်းတဲ့အချိန်တွေ၊ စိတ်ထိခိုက်ရတဲ့အချိန်တွေ၊ အရင်တုန်းကကိုယ့်အတွက် အမှတ်တရနေ့စွဲတွေကို ပြန်ပြီးတော့ ခံစားလို့ရစေမယ့် reminder လေးတစ်ခုပါပဲ။ အခြားသူတွေအတွက်ကတော့ ဆုံးရှုံးသွားတဲ့သူငယ်ချင်းတွေ၊ နာကျင်စရာအတိတ်ဇာတ်ကြောင်းတွေ၊ ငယ်ငယ်တုန်းက ပေါတောတော ရူးကြောင်ကြောင်လုပ်ခဲ့သမျှတွေ ပြန်ပေါ်လာတဲ့အချိန်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ။် ဒါကြောင့် On This Day ဆိုတဲ့ feature လေးက လူတိုင်းကြိုက်နှစ်သက်မယ့်အရာလေးတစ်ခု မဟုတ်နေပါဘူး။
လုံးဝကို ပိတ်ထားမယ်ဆိုရင်လည်း အကျိုးအကြောင်းသင့်ပါတယ်။ ပိတ်ချင်ပါသလား။ နည်းနည်းတော့ ရှုပ်မယ်။ ဆက်ဖတ်ကြည့်လိုက်ပါ။
ရံဖန်ရံခါမှာ Facebook က သုံးစွဲသူတွေကို မြင်စေချင်တဲ့အခါမှာ ပြောပြမထားတာတွေရှိပါတယ်။ Memories လည်း အဲဒီထဲမှာပါဝင်ပါတယ်။ ဥပမာပြရမယ်ဆိုရင် Facebook Memories အတွက် notification မရအောင်လုပ်ထားလိုက်တဲ့အခါမှာတောင် newsfeed မှာ ပေါ်ချင်ပေါ်နေတုန်းပါပဲ။


Memories ဆိုတာလေးကို Facebook ရဲ့ sidebar မှာ မြင်တွေ့နိုင်သလို app သုံးတယ်ဆိုရင်တော့ menu ထဲမှာ တွေ့မြင်နိုင်မှာပါ။ Memories ထဲကိုရောက်သွားတာနဲ့ ပထမဆုံးမြင်တွေ့ရမှာကတော့ on this day ဖြစ်ပါတယ်။ အဲဒီမှာ Memories settings တွေရှိပါတယ်။ notifications, Hide People, Hide Dates ဆိုပြီးတော့ ရွေးချယ်သတ်မှတ်နိုင်ပါတယ်။ notificatioins ကတော့ noti မပြအောင် သတ်မှတ်တာပါ။ ဒါပေမယ့်လည်း ဒီလိုသတ်မှတ်ခြင်းကတောင် Memories တွေပြသခြင်းကို မရပ်တံ့စေနိုင်ပါဘူး။


Hide People ကတော့ အချို့သော friend တွေပါဝင်နေတဲ့ memories တွေကို ပိတ်တာဖြစ်ပါတယ်။ အတိတ်ကအဆက်ဟောင်းတွေ၊ ဆုံးရှုံးလိုက်ရတဲ့သူတွေကို ပြန်မမြင်ချင်တဲ့အခါမျိုးမှာ အသုံးတည့်ပါတယ်။ ဒီနေရာမှာ ကိုယ်ကိုယ်တိုင်လည်း ထည့်လို့ရတာမို့ Memories တွေ မမြင်ချင်တော့ဘူးဆိုရင် သုံးကြည့်လို့ရတဲ့ settings လေးပါ။
Hide Dates ကတော့ မကြည့်ချင်တဲ့ အချိန်အတိုင်းအတာကို သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီ setting မှာ Facebook သုံးခဲ့တဲ့အချိန်အားလုံးကို သတ်မှတ်မယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်ကူးပြောင်းတဲ့အချိန်မှာတော့ ဒီ setting လေးကို update လုပ်ဖို့တော့လိုမှာပေါ့။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ မမြင်ချင်တာကို မမြင်ရတော့ဘူးမဟုတ်ပါလား။
ဒါတွေအားလုံးလုပ်ထားတယ်ဆိုရင်တောင်မှ Facebook က Memories feature ကနေ လုံးဝထွက်မသွားအောင် ကြိုးစားထားတုန်းပါပဲ။ အနည်းဆုံးတော့ ပြန်ပြန်တက်လာတဲ့ memories တွေကြောင့် ထိခိုက်ရတဲ့ နှလုံးသားကိုတော့ သက်သာရာရစေမှာပါ။

Zawgyi

Facebook Memories ေတြဆိုတာ ေပ်ာ္ဖို႔ေကာင္းတဲ့အခ်ိန္ေတြ၊ စိတ္ထိခိုက္ရတဲ့အခ်ိန္ေတြ၊ အရင္တုန္းကကိုယ့္အတြက္ အမွတ္တရေန႔စြဲေတြကို ျပန္ၿပီးေတာ့ ခံစားလို႔ရေစမယ့္ reminder ေလးတစ္ခုပါပဲ။ အျခားသူေတြအတြက္ကေတာ့ ဆုံးရႈံးသြားတဲ့သူငယ္ခ်င္းေတြ၊ နာက်င္စရာအတိတ္ဇာတ္ေၾကာင္းေတြ၊ ငယ္ငယ္တုန္းက ေပါေတာေတာ ႐ူးေၾကာင္ေၾကာင္လုပ္ခဲ့သမွ်ေတြ ျပန္ေပၚလာတဲ့အခ်ိန္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ။္ ဒါေၾကာင့္ On This Day ဆိုတဲ့ feature ေလးက လူတိုင္းႀကိဳက္ႏွစ္သက္မယ့္အရာေလးတစ္ခု မဟုတ္ေနပါဘူး။
လုံးဝကို ပိတ္ထားမယ္ဆိုရင္လည္း အက်ိဳးအေၾကာင္းသင့္ပါတယ္။ ပိတ္ခ်င္ပါသလား။ နည္းနည္းေတာ့ ရႈပ္မယ္။ ဆက္ဖတ္ၾကည့္လိုက္ပါ။
ရံဖန္ရံခါမွာ Facebook က သုံးစြဲသူေတြကို ျမင္ေစခ်င္တဲ့အခါမွာ ေျပာျပမထားတာေတြရွိပါတယ္။ Memories လည္း အဲဒီထဲမွာပါဝင္ပါတယ္။ ဥပမာျပရမယ္ဆိုရင္ Facebook Memories အတြက္ notification မရေအာင္လုပ္ထားလိုက္တဲ့အခါမွာေတာင္ newsfeed မွာ ေပၚခ်င္ေပၚေနတုန္းပါပဲ။


Memories ဆိုတာေလးကို Facebook ရဲ႕ sidebar မွာ ျမင္ေတြ႕ႏိုင္သလို app သုံးတယ္ဆိုရင္ေတာ့ menu ထဲမွာ ေတြ႕ျမင္ႏိုင္မွာပါ။ Memories ထဲကိုေရာက္သြားတာနဲ႔ ပထမဆုံးျမင္ေတြ႕ရမွာကေတာ့ on this day ျဖစ္ပါတယ္။ အဲဒီမွာ Memories settings ေတြရွိပါတယ္။ notifications, Hide People, Hide Dates ဆိုၿပီးေတာ့ ေ႐ြးခ်ယ္သတ္မွတ္ႏိုင္ပါတယ္။ notificatioins ကေတာ့ noti မျပေအာင္ သတ္မွတ္တာပါ။ ဒါေပမယ့္လည္း ဒီလိုသတ္မွတ္ျခင္းကေတာင္ Memories ေတြျပသျခင္းကို မရပ္တံ့ေစႏိုင္ပါဘူး။


Hide People ကေတာ့ အခ်ိဳ႕ေသာ friend ေတြပါဝင္ေနတဲ့ memories ေတြကို ပိတ္တာျဖစ္ပါတယ္။ အတိတ္ကအဆက္ေဟာင္းေတြ၊ ဆုံးရႈံးလိုက္ရတဲ့သူေတြကို ျပန္မျမင္ခ်င္တဲ့အခါမ်ိဳးမွာ အသုံးတည့္ပါတယ္။ ဒီေနရာမွာ ကိုယ္ကိုယ္တိုင္လည္း ထည့္လို႔ရတာမို႔ Memories ေတြ မျမင္ခ်င္ေတာ့ဘူးဆိုရင္ သုံးၾကည့္လို႔ရတဲ့ settings ေလးပါ။
Hide Dates ကေတာ့ မၾကည့္ခ်င္တဲ့ အခ်ိန္အတိုင္းအတာကို သတ္မွတ္ရမွာျဖစ္ပါတယ္။ ဒီ setting မွာ Facebook သုံးခဲ့တဲ့အခ်ိန္အားလုံးကို သတ္မွတ္မယ္ဆိုရင္လည္း ရပါတယ္။ ဒါေပမယ့္ ေနာက္တစ္ႏွစ္ကူးေျပာင္းတဲ့အခ်ိန္မွာေတာ့ ဒီ setting ေလးကို update လုပ္ဖို႔ေတာ့လိုမွာေပါ့။ ဘာပဲျဖစ္ျဖစ္ အနည္းဆုံးေတာ့ မျမင္ခ်င္တာကို မျမင္ရေတာ့ဘူးမဟုတ္ပါလား။
ဒါေတြအားလုံးလုပ္ထားတယ္ဆိုရင္ေတာင္မွ Facebook က Memories feature ကေန လုံးဝထြက္မသြားေအာင္ ႀကိဳးစားထားတုန္းပါပဲ။ အနည္းဆုံးေတာ့ ျပန္ျပန္တက္လာတဲ့ memories ေတြေၾကာင့္ ထိခိုက္ရတဲ့ ႏွလုံးသားကိုေတာ့ သက္သာရာရေစမွာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.