30W Flash Charge ထောက်ပံ့လာမယ့် Realme 6 နဲ့ Realme 6 Pro ဖုန်းများ

0
671

Realme အနေနဲ့ လာမယ့် မတ်လ 5 ရက်နေ့မှာ Realme 6 ၊ Realme 6 Pro တို့ကို ထုတ်ပြလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ ပထမဆုံး စမတ်လက်ပတ် Realme Band ကိုလည်း ကြေညာလာမယ်လို့ သိရပါတယ်။ ဒီနေ့မှာ Realme 6 ၊ Realme 6 Pro တို့နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့သတင်း ထွက်ပေါ်လာပါတယ်။

ထွက်ပေါ်လာတဲ့သတင်းအရ Realme 6 နှင့် Realme 6 Pro တို့မှာ 30W Flash Charge ထောက်ပံ့လာမှာ ဖြစ်ကြောင်း သိရပါတယ်။ Realme က ယင်းဖုန်းများအနေဖြင့် 30W Flash Charge ကြောင့် 15 မိနစ် အားသွင်းရုံဖြင့် ဘက်ထရီ 40 ရာခိုင်နှုန်းအထိ ရရှိမယ်လို့ ဆိုထားပါတယ်။
Realme ဟာ Realme 5 တုန်း 10W Charging သာ ထောက်ပံ့ခဲ့တာကြောင့် Realme 6 စီးရီးမှာ အားသွင်းမှုပိုင်းကို များစွာ အဆင့်မြင့်လာတယ်လို့ ပြောလို့ ရပါတယ်။ အခြားတစ်ဖက်မှာ Realme 5 Pro မှာတုန်းကလည်း VOOC 3.0 (20W) သာ ထောက်ပံ့ခဲ့ပါတယ်။
Realme 6 မှာ Punch-Hole Selfie ကင်မရာဖြစ်ပြီး Realme 6 Pro မှာ Dual-Punch-Hole Selfie ကင်မရာ တို့ သုံးလာပါမယ်။ ဒါ့အပြင် ဖုန်းနှစ်မျိုးလုံးမှာ 90Hz Refresh Rate ထောက်ပံ့လာဦးမှာ ဖြစ်ပါတယ်။ Realme 6 ကို MediaTek Helio G90 Processor ဖြင့်လည်းကောင်း၊ Realme 6 Pro ကို Snapdragon 720G ဖြင့်လည်းကောင်း ပါဝါထောက်ပံ့လာပါမယ်။ ဖုန်းနှစ်မျိုးလုံးမှာ 64MP ကင်မရာပါ ကျောဘက်ကင်မရာလေးလုံး အသုံးပြုလာပါမယ်။

zawgyi

30W Flash Charge ေထာက္ပံ့လာမယ့္ Realme 6 နဲ႔ Realme 6 Pro ဖုန္းမ်ား
Realme အေနနဲ႔ လာမယ့္ မတ္လ 5 ရက္ေန႔မွာ Realme 6 ၊ Realme 6 Pro တို႔ကို ထုတ္ျပလာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ကုမၸဏီရဲ႕ ပထမဆုံး စမတ္လက္ပတ္ Realme Band ကိုလည္း ေၾကညာလာမယ္လို႔ သိရပါတယ္။ ဒီေန႔မွာ Realme 6 ၊ Realme 6 Pro တို႔နဲ႔ပတ္သက္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့သတင္း ထြက္ေပၚလာပါတယ္။

ထြက္ေပၚလာတဲ့သတင္းအရ Realme 6 ႏွင့္ Realme 6 Pro တို႔မွာ 30W Flash Charge ေထာက္ပံ့လာမွာ ျဖစ္ေၾကာင္း သိရပါတယ္။ Realme က ယင္းဖုန္းမ်ားအေနျဖင့္ 30W Flash Charge ေၾကာင့္ 15 မိနစ္ အားသြင္း႐ုံျဖင့္ ဘက္ထရီ 40 ရာခိုင္ႏႈန္းအထိ ရရွိမယ္လို႔ ဆိုထားပါတယ္။
Realme ဟာ Realme 5 တုန္း 10W Charging သာ ေထာက္ပံ့ခဲ့တာေၾကာင့္ Realme 6 စီးရီးမွာ အားသြင္းမႈပိုင္းကို မ်ားစြာ အဆင့္ျမင့္လာတယ္လို႔ ေျပာလို႔ ရပါတယ္။ အျခားတစ္ဖက္မွာ Realme 5 Pro မွာတုန္းကလည္း VOOC 3.0 (20W) သာ ေထာက္ပံ့ခဲ့ပါတယ္။
Realme 6 မွာ Punch-Hole Selfie ကင္မရာျဖစ္ၿပီး Realme 6 Pro မွာ Dual-Punch-Hole Selfie ကင္မရာ တို႔ သုံးလာပါမယ္။ ဒါ့အျပင္ ဖုန္းႏွစ္မ်ိဳးလုံးမွာ 90Hz Refresh Rate ေထာက္ပံ့လာဦးမွာ ျဖစ္ပါတယ္။ Realme 6 ကို MediaTek Helio G90 Processor ျဖင့္လည္းေကာင္း၊ Realme 6 Pro ကို Snapdragon 720G ျဖင့္လည္းေကာင္း ပါဝါေထာက္ပံ့လာပါမယ္။ ဖုန္းႏွစ္မ်ိဳးလုံးမွာ 64MP ကင္မရာပါ ေက်ာဘက္ကင္မရာေလးလုံး အသုံးျပဳလာပါမယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.