သတင်းတွေထွက်နေတဲ့ OPPO Watch ကို မတ်လ၆ရက်နေ့တွင် မြင်တွေ့ရမည်

0
604

Unicode

အချိန်အတော်ကြာအောင် သတင်းတွေထွက်နေတဲ့ OPPO Watch လေးကို ကျွန်တော်တို့တကယ်ပဲတွေ့မြင်ရတော့မှာပါ။ သူ့ကို OPPO Find X2 ကြေညာမယ့်နေ့ဖြစ်တဲ့ မတ်လ၆ရက်နေ့မှာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
ဒီသတင်းကိုတော့ OPPO ရဲ့ official Twitter အကောင့်မှာ တင်ထားခဲ့တာပါ။


ကြေညာမယ့်အချိန်နဲ့ရက်ကိုပြောပြထားတဲ့အပြင် OPPO ရဲ့ပို့စ်မှာ OPPO Watch အတွက် ပထမဆုံးသော official look ကိုပါ မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ကြားထားတဲ့သတင်းတွေအတိုင်းပဲဆိုတာ သက်သေပြလိုက်သလိုပါပဲ။
ပြထားတဲ့ရှုထောင့်အရဆိုရင် watch လေးဟာ OPPO Find X မှာပါဝင်တဲ့ waterfall edges လိုမျိုး မျက်နှာပြင်အကွေးကို သုံးထားပါတယ်။ OPPO Find X2 မှာလည်း သုံးထားပါတယ်။
OPPO Watch ရဲ့ညာဘက်မှာတော့ ခလုတ်နှစ်ခုပါဝင်ပြီး အပေါ်တစ်ခုက အောက်တစ်ခုက ပိုကြီးပါတယ်။ လှည့်လို့ရတဲ့ crown မပါဘူးဆိုတော့ touch navigation နဲ့သွားမှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ Samsung Galaxy Watch Active 2 ရဲ့ haptic digital dial လိုမျိုးတော့ မဖြစ်နိုင်လောက်ဘူးလို့ ခန့်မှန်းမိတယ်။
Weibo ပေါ်မှာ ပေါက်ကြားခဲ့တဲ့ပုံလေးကို ကြည့်လိုက်မယ်ဆိုရင်တော့ OPPO Watch ရဲ့ OS ကို မြင်တွေ့နိုင်မှာပါ။
ဒါဟာ Wear OS ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Apple လိုမျိုးဖောင့် သုံးထားတယ်ဆိုတော့ skin တစ်ခုခုသုံးထားလောက်မှာပါ။ ဒါမှမဟုတ်လည်း OPPO မှာ သူ့ရဲ့ကိုယ်ပိုင်စနစ်တစ်ခုရှိနေတာများလား။ မတ်လ၆ရက်နေ့ကတော့ ကျွန်တော်တို့ရဲ့မေးခွန်းတွေကို အဖြေပေးပါလိမ့်မယ်။

Zawgyi

အခ်ိန္အေတာ္ၾကာေအာင္ သတင္းေတြထြက္ေနတဲ့ OPPO Watch ေလးကို ကြၽန္ေတာ္တို႔တကယ္ပဲေတြ႕ျမင္ရေတာ့မွာပါ။ သူ႔ကို OPPO Find X2 ေၾကညာမယ့္ေန႔ျဖစ္တဲ့ မတ္လ၆ရက္ေန႔မွာ ေတြ႕ျမင္ရမွာပဲ ျဖစ္ပါတယ္။
ဒီသတင္းကိုေတာ့ OPPO ရဲ႕ official Twitter အေကာင့္မွာ တင္ထားခဲ့တာပါ။


ေၾကညာမယ့္အခ်ိန္နဲ႔ရက္ကိုေျပာျပထားတဲ့အျပင္ OPPO ရဲ႕ပို႔စ္မွာ OPPO Watch အတြက္ ပထမဆုံးေသာ official look ကိုပါ ျမင္ေတြ႕ခြင့္ရခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ၾကားထားတဲ့သတင္းေတြအတိုင္းပဲဆိုတာ သက္ေသျပလိုက္သလိုပါပဲ။
ျပထားတဲ့ရႈေထာင့္အရဆိုရင္ watch ေလးဟာ OPPO Find X မွာပါဝင္တဲ့ waterfall edges လိုမ်ိဳး မ်က္ႏွာျပင္အေကြးကို သုံးထားပါတယ္။ OPPO Find X2 မွာလည္း သုံးထားပါတယ္။
OPPO Watch ရဲ႕ညာဘက္မွာေတာ့ ခလုတ္ႏွစ္ခုပါဝင္ၿပီး အေပၚတစ္ခုက ေအာက္တစ္ခုက ပိုႀကီးပါတယ္။ လွည့္လို႔ရတဲ့ crown မပါဘူးဆိုေတာ့ touch navigation နဲ႔သြားမွာလားဆိုတာ စိတ္ဝင္စားစရာပါပဲ။ Samsung Galaxy Watch Active 2 ရဲ႕ haptic digital dial လိုမ်ိဳးေတာ့ မျဖစ္ႏိုင္ေလာက္ဘူးလို႔ ခန႔္မွန္းမိတယ္။
Weibo ေပၚမွာ ေပါက္ၾကားခဲ့တဲ့ပုံေလးကို ၾကည့္လိုက္မယ္ဆိုရင္ေတာ့ OPPO Watch ရဲ႕ OS ကို ျမင္ေတြ႕ႏိုင္မွာပါ။
ဒါဟာ Wear OS ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း Apple လိုမ်ိဳးေဖာင့္ သုံးထားတယ္ဆိုေတာ့ skin တစ္ခုခုသုံးထားေလာက္မွာပါ။ ဒါမွမဟုတ္လည္း OPPO မွာ သူ႔ရဲ႕ကိုယ္ပိုင္စနစ္တစ္ခုရွိေနတာမ်ားလား။ မတ္လ၆ရက္ေန႔ကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ေမးခြန္းေတြကို အေျဖေပးပါလိမ့္မယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.