ဘက်ထရီ 5000 mAh နဲ့ Helio P35 ပရိုဆက်ဆာသုံးထားတဲ့ Huawei Enjoy 10e ကို ကြေညာ

0
1201

Huawei အနေနဲ့ Enjoy စီးရီးရဲ့ စတုတ္ထမြောက် စမတ်ဖုန်းအဖြစ် Huawei Enjoy 10e ကို ကြေညာလာပါတယ်။ Enjoy 10e မှာ Waterdrop Notch သုံးထားပါတယ်။ ဒီဖုန်းကို တရုတ်ဈေးကွက်မှာ ဒေါ်လာ 135 သတ်မှတ်ထားပါတယ်။ Huawei Enjoy 10e ရဲ့အတိုင်းအတာက 159.07 x 74.08 x 9.04 မီလီမီတာ ရှိပြီး အလေးချိန် 185 ဂရမ်ရှိပါတယ်။ မျက်နှာပြင် 6.3 လက်မ IPS LCD 720×1600 px Resolution နှင့် 20:9 Aspect Ratio သုံးထားပါတယ်။ Screen-to Body Ratio က 88.4 ရာခိုင်နှုန်း ရှိပါတယ်။

Huawei Enjoy 10e ကို 2.3GHz Helio P35 Octa-Core Processor တပ်ဆင်ပေးထားပါတယ်။ RAM4GB မှ Storage 128GB အထိ ရွေးချယ်နိုင်ပါမယ်။ microSD ကနေ တဆင့် ထပ်တိုးနိုင်ပါမယ်။ ဒီဖုန်းမှာ ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပြီး 13MP f/1.8+2MP Depth Sensor တို့ ဖြစ်ပါတယ်။ LED Flash ဖြင့် ထောက်ပံ့ထားပါတယ်။ ကျောဘက်ကင်မရာကို PDAF ထောက်ပံ့ထားပြီး ဗီဒီယိုရိုက်ကူးမှုကို Full HD ဖြင့် ပြုလုပ်နိုင်ပါတယ်။ ရှေ့ကင်မရာက 8MP f/2.0 ဖြစ်ပြီး 1080p ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။
ဘက်ထရီ 5000 mAh ပါဝင်ပြီး 10W ဖြင့် အားသွင်းနိုင်ပါမယ်။ ဒီဖုန်းမှာ Reverse Charging ထောက်ပံ့ထားပါတယ်။ Android 10 အခြေခံ EMUI 10 သုံးထားပါတယ်။ ကွန်ယက်ပိုင်းအနေဖြင့် Dual SIM 4G LTE ၊ Wi-Fi 802.11 b/g/n ၊ Bluetooth 5.0 ၊ GPS ၊ USB OTG ၊ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ လက်ဗွေရာစနစ် မပါဝင်ပါဘူး။ Face Unlock ဖြင့် အားသွင်းနိုင်ပါမယ်။
Huawei Enjoy 10e ကို မတ်လ 5 ရက်နေ့မှာ စတင်ကာ တရုတ်မှာ ကြိုတင်အမှာ လက်ခံသွားပါမယ်။ Huawei Enjoy 10e ရဲ့ RAM4GB64GB ကို ဒေါ်လာ 143 နှင့် RAM6GB+128GB ကို ဒေါ်လာ 171 သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို အနက်ရောင်၊ အဖြူရောင်၊ အစိမ်းရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.