Oppo Reno3 Pro launch live ကြည့်ကြမယ်

0
859

Unicode

Oppo Reno3 Pro ကို နယူးဒေလီရဲ့စတိတ်စင်ပေါ်မှာပြသဖို့အတွက် ပြင်ဆင်ထားပါတယ်။ အဲဒီမှာ တရုတ်အတွက်သာ ရရှိနေသေးတဲ့ Reno 3 Pro 5G လေးကိုလည်း အင်တာနေရှင်နယ်ဗားရှင်းအနေနဲ့ မိတ်ဆက်သွားဦးမှာပါ။ အဲဒီဖုန်းတွေအကြောင်းကိုတော့ တရားဝင်ထုတ်ဖော်ပြောကြားပြီးသွားသလို Flipkart, Amazon.in နဲ့ အခြားသော retailer တွေဆီမှာ ကြိုတင်စရင်းပေးသွင်းမှုတွေလည်း လက်ခံထားပြီးဖြစ်ပါတယ်။
Reno3 Pro ဟာ 64MP main camera အထိ အဆင့်မြှင့်တင်ထားပါတယ်။ နောက်ပြီးတော့ 13MP telephoto snapper, 8MP ultrawide unit, 2MP monochrome တွေနဲ့ ပေါင်းစပ်ထားပါတယ်။
နောက်ထပ်ကြီးမားတဲ့ပြောင်းလဲမှုကတော့ အရှေ့ဘက်မှာ 44MP ထည့်သွင်းပေးထားတဲ့အတွက်ကြောင့် လက်ရှိအချိန်အထိ အမြင့်မားဆုံးသော resolution ရှိတဲ့ ဆယ်လ်ဖီကင်မရာဖြစ်ပါတယ်။ Dual module အနေနဲ့ 2MP depth sensor လေးကို punch hole ထဲမှာ မြှုပ်ပေးထားပါသေးတယ်။
ကျွန်တော်ပြောခဲ့သလိုပဲ Oppo Reno3 Pro ကို ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ပါတယ်။ ဈေးနှုန်းကတော့ မသိရသေးပါဘူး။ downpayment လုပ်ထားတဲ့ ပထမဆုံး အယောက် ၁၀၀၀ အတွက် Oppo wireless စပီကာလေး လက်ဆောင်ရရှိမှာဖြစ်ပါတယ်။ singn up လုပ်ထားတဲ့သူတွေတိုင်းဟာ Oppo Enco Free true wireless earbuds အခုရေ ၁၀၀၀ ပေးမှာဖြစ်လို့ ကံစမ်းနိုင်ဦးမှာပါ။

Zawgyi


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.