Microsoft Surface Duo ကိုခပ်စောစောရောင်းချလာနိုင်

0
1014

Microsoft ဟာ Surface Neo နဲ့ Surface Duo တို့ကို 2020 ခုနှစ် နွေရာသီမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ Microsoft ဟာ Surface Duo ကို ထင်မှတ်ထားတာထက် စောပြီး ရောင်းချလာဖို့ သေချာနေကြောင်း သိရပါတယ်။ Microsoft ဟာ Surface Duo ကို အပြီးသတ်လုပ်ဆောင်ထားနိုင်ပြီဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပစ္စည်းထောက်ပံ့ရရှိမှု နည်းပါးနေတာကြောင့် အချိန်အနည်းငယ်တော့ ယူရဖို့ ရှိပါတယ်။

Microsoft ဟာ Surface Duo ကို ဟာ့ဒ်ဝဲလ်ပိုင်း လုပ်ဆောင်မှု အားလုံး ပြီးစီးသွားပြီ ဖြစ်တဲ့အပြင် ဆော့ဖ်ဝဲပိုင်းနဲ့ပတ်သက်ပြီး လုပ်ဆောင်မှုမှာလည်း ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ Surface Duo ဟာ မိုက်ကရိုဆောဖ့်ကထုတ်တဲ့ Android ဖုန်းဖြစ်ပါတယ်။ သူမှာ၅.၆ လက်မ Display ၂ ခု ပါပါတယ်။ Display ၂ ခုကို ခေါက်ချိုး သုံးနိုင်ပါတယ်။ Display ရဲ့ အထက်နဲ့ အောက်က ဘောင်တွေက ထူလွန်းနေတာကို တွေ့ရပါတယ်။
သူ့မှာ Samsung ရဲ့ foldable Galaxy Fold ဒီဇိုင်းနဲ့ လုံးဝကွဲပြားပါတယ်။ 5.6-inch displays ၂ခုလို့ဆိုရမှာ ဖြစ်ပြီး ဖြန့်ချလိုက်မယ်ဆိုရင် 8.3-inch device လို့ထင်ရမှာပါ။ သူ့မှာဆက်ကြောင်းတွေကို မြင်နေရမှာဖြစ်ပါတယ်။ Microsoft Surface Duo ကို Snapdragon 855 SoC ၊ RAM6GB နှင့် ပါဝါထောက်ပံ့လာဖို့ ရှိနေပြီး Storage 64GB ပါဝင်လာဖို့ ရှိပါတယ်။
Google လက်တွဲလုပ်ဆောင်လိုက်တာကြောင့် သင့်အနေနဲ့ Surface Duo ပေါ်မှာ Google Play Store ကိုအသုံးပြုပြီး app တွေထည့်သွင်းနိုင်မှာပါ။ Display ၂ ခုကြားက အဆက်ဟာ ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်တယ်လို့ ပြောပါတယ်။ အဲဒီအတွက် အတွင်းဘက်ရော၊ အပြင်ဘက်ရော ခေါက်ချိုးနိုင်ပါတယ်။

zawgyi

Microsoft Surface Duo ကိုခပ္ေစာေစာေရာင္းခ်လာႏိုင္
Microsoft ဟာ Surface Neo နဲ႔ Surface Duo တို႔ကို 2020 ခုႏွစ္ ေႏြရာသီမွာ ေရာင္းခ်ဖို႔ စီစဥ္ထားပါတယ္။ ယေန႔ ထြက္ေပၚလာတဲ့သတင္းအရ Microsoft ဟာ Surface Duo ကို ထင္မွတ္ထားတာထက္ ေစာၿပီး ေရာင္းခ်လာဖို႔ ေသခ်ာေနေၾကာင္း သိရပါတယ္။ Microsoft ဟာ Surface Duo ကို အၿပီးသတ္လုပ္ေဆာင္ထားႏိုင္ၿပီျဖစ္ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပစၥည္းေထာက္ပံ့ရရွိမႈ နည္းပါးေနတာေၾကာင့္ အခ်ိန္အနည္းငယ္ေတာ့ ယူရဖို႔ ရွိပါတယ္။

Microsoft ဟာ Surface Duo ကို ဟာ့ဒ္ဝဲလ္ပိုင္း လုပ္ေဆာင္မႈ အားလုံး ၿပီးစီးသြားၿပီ ျဖစ္တဲ့အျပင္ ေဆာ့ဖ္ဝဲပိုင္းနဲ႔ပတ္သက္ၿပီး လုပ္ေဆာင္မႈမွာလည္း ၿပီးစီးသြားၿပီ ျဖစ္ေၾကာင္း သိရပါတယ္။ Surface Duo ဟာ မိုက္က႐ိုေဆာဖ့္ကထုတ္တဲ့ Android ဖုန္းျဖစ္ပါတယ္။ သူမွာ၅.၆ လက္မ Display ၂ ခု ပါပါတယ္။ Display ၂ ခုကို ေခါက္ခ်ိဳး သုံးႏိုင္ပါတယ္။ Display ရဲ႕ အထက္နဲ႔ ေအာက္က ေဘာင္ေတြက ထူလြန္းေနတာကို ေတြ႕ရပါတယ္။
သူ႔မွာ Samsung ရဲ႕ foldable Galaxy Fold ဒီဇိုင္းနဲ႔ လုံးဝကြဲျပားပါတယ္။ 5.6-inch displays ၂ခုလို႔ဆိုရမွာ ျဖစ္ၿပီး ျဖန႔္ခ်လိုက္မယ္ဆိုရင္ 8.3-inch device လို႔ထင္ရမွာပါ။ သူ႔မွာဆက္ေၾကာင္းေတြကို ျမင္ေနရမွာျဖစ္ပါတယ္။ Microsoft Surface Duo ကို Snapdragon 855 SoC ၊ RAM6GB ႏွင့္ ပါဝါေထာက္ပံ့လာဖို႔ ရွိေနၿပီး Storage 64GB ပါဝင္လာဖို႔ ရွိပါတယ္။
Google လက္တြဲလုပ္ေဆာင္လိုက္တာေၾကာင့္ သင့္အေနနဲ႔ Surface Duo ေပၚမွာ Google Play Store ကိုအသုံးျပဳၿပီး app ေတြထည့္သြင္းႏိုင္မွာပါ။ Display ၂ ခုၾကားက အဆက္ဟာ ၃၆၀ ဒီဂရီ ေခါက္ခ်ိဳးႏိုင္တယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ အတြင္းဘက္ေရာ၊ အျပင္ဘက္ေရာ ေခါက္ခ်ိဳးႏိုင္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.