Unicode
iPhone 11 Pro ရဲ့ ကင်မရာစွမ်းရည် ဘယ်လောက်တောင်မိမိုက်နေသလဲဆိုတာ ကမ္ဘာကြီးကိုချပြဖိုကအတွက် Apple ဟာ Lady Gaga ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Single MTV Stupid Love ကို ဖုန်းနဲ့သာ ရိုက်ကူးပေးထားပါတယ်။
Stupid Love ရဲ့ ဗွီဒီယိုလေးကို Aussie filmmaker Daniel Askill က ရိုက်ကူးပြီးထားပြီးတော့ Sebastian Wintero က cinematography, Lorin Askill က တည်းဖြတ်အနေနဲ့ ပါဝင်ထားပါတယ်။
Stupid Love ကို Filmic Pro app အသုံးပြုပြီးတော့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီ app လေးကတော့ စမတ်ဖုန်းဗွီဒီယိုလေးတွေကို cinematic framerate အဖြစ်ကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။
Filmic Pro app လေးနဲ့အလားတူ iPhone hardware နဲ့အခြားသော filmmaking အထောက်အကူပစ္စည်းတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ လုံးဝကို မိမိုက်နေတဲ့ဗွီဒီယိုတစ်ပုဒ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။
သေချာတာကတော့ ဒီဗွီဒီယိုလေးဟာ iPhone 11 Pro နဲ့ ရိုက်ကူးထားတဲ့ပထမဆုံးဗွီဒီယိုတော့ မဟုတ်ပါဘူး။ Selena Gomez ရဲ့ Lose You to Love Me ဆိုတဲ့ အောက်တိုဘာ ၂၀၁၉ တုန်းကထွက်ရှိခဲ့တဲ့ သီချင်းလေးကိုလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။
ကဲ ဒီတော့ Gaga ရဲ့ သီချင်းလေးနဲ့အတူ စွမ်းဆောင်ရည်မြင့်မားလှတဲ့ iPhone 11 Pro ရဲ့ကင်မရာစွမ်းရည်တွေကို ရှုစားလိုက်ရအောင်။
Zawgyi