Unicode
Galaxy flagship တွေအတွက် ဘတ်ဂျက်ဗားရှင်းထုတ်တဲ့အခါ Samsung က Lite ဆိုတဲ့စာလုံးလေးကို အသုံးပြုလေ့ရှိပါတယ်။ Galaxy Tab S6 Lite ရဲ့ အချက်အလက်တွေကို Android Headlines က ဖော်ပြထားတဲ့သတင်းကိုလည်း ဖတ်လိုက်ရပါတယ်။ သတင်းတွေအရဆိုရင်တော့ original Tab S6 ရဲ့ ပုံစံအရွယ်အစားတွေက အတူတူပဲဖြစ်ပြီး Exynos 9611 chip, 4GB RAM, 64GB-128GB storage တွေနဲ့ ပြောင်းလဲထုတ်လုပ်မှာပါ။ အကြီးမားဆုံးပြောင်းလဲမှုကတော့ S Pen ဖြစ်ပါတယ်။ ပုံမှာမြင်တွေ့ရသလောက်ဆိုရင်တော့ တက်ဘလက်ထဲကိုထည့်ဖို့အဆင်မပြေလောက်အောင် ကြီးနေပါတယ်။ ဒီတော့ အားသက်သက်သွင်းရမယ်ထင်ပါတယ်။
ဒီပေါက်ကြားမှုမှာ အချက်အလက်အချို့လည်း ကျန်နေပါသေးတယ်။ လက်ရှိ ရှိနေပြီးသား Tab S5e ကတော့ တစ်နှစ်တောင်ကျော်နေပါပြီ။ သူကတော့ ဒေါ်လာ၃၉၉ ပေးရပါတယ်။ ဒီတော့ တက်ဘလက်ကို ဈေးသက်သက်သာသာနဲ့ အသစ်ထုတ်မယ်ဆိုရင်လည်း မအံ့သြသင့်တဲ့အချိန်ရောက်နေပါပြီ။ Samsung ဆီကနေ တက်ဘလက်ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ Tab S6 ကို မဝယ်ပါသေးနဲ့ဦး Lite version လေးကို စောင့်လိုက်ပါ။
Zawgyi
Galaxy flagship ေတြအတြက္ ဘတ္ဂ်က္ဗားရွင္းထုတ္တဲ့အခါ Samsung က Lite ဆိုတဲ့စာလုံးေလးကို အသုံးျပဳေလ့ရွိပါတယ္။ Galaxy Tab S6 Lite ရဲ႕ အခ်က္အလက္ေတြကို Android Headlines က ေဖာ္ျပထားတဲ့သတင္းကိုလည္း ဖတ္လိုက္ရပါတယ္။ သတင္းေတြအရဆိုရင္ေတာ့ original Tab S6 ရဲ႕ ပုံစံအ႐ြယ္အစားေတြက အတူတူပဲျဖစ္ၿပီး Exynos 9611 chip, 4GB RAM, 64GB-128GB storage ေတြနဲ႔ ေျပာင္းလဲထုတ္လုပ္မွာပါ။ အႀကီးမားဆုံးေျပာင္းလဲမႈကေတာ့ S Pen ျဖစ္ပါတယ္။ ပုံမွာျမင္ေတြ႕ရသေလာက္ဆိုရင္ေတာ့ တက္ဘလက္ထဲကိုထည့္ဖို႔အဆင္မေျပေလာက္ေအာင္ ႀကီးေနပါတယ္။ ဒီေတာ့ အားသက္သက္သြင္းရမယ္ထင္ပါတယ္။
ဒီေပါက္ၾကားမႈမွာ အခ်က္အလက္အခ်ိဳ႕လည္း က်န္ေနပါေသးတယ္။ လက္ရွိ ရွိေနၿပီးသား Tab S5e ကေတာ့ တစ္ႏွစ္ေတာင္ေက်ာ္ေနပါၿပီ။ သူကေတာ့ ေဒၚလာ၃၉၉ ေပးရပါတယ္။ ဒီေတာ့ တက္ဘလက္ကို ေဈးသက္သက္သာသာနဲ႔ အသစ္ထုတ္မယ္ဆိုရင္လည္း မအံ့ၾသသင့္တဲ့အခ်ိန္ေရာက္ေနပါၿပီ။ Samsung ဆီကေန တက္ဘလက္ဝယ္ဖို႔စဥ္းစားေနတယ္ဆိုရင္ေတာ့ Tab S6 ကို မဝယ္ပါေသးနဲ႔ဦး Lite version ေလးကို ေစာင့္လိုက္ပါ။