60W Wireless Charging နဲ့ In-Display Selfie Camera သုံးထားတဲ့ Vivo Apex 2020 ကို ကြေညာ

0
1918

Vivo ရဲ့ Concept Flagship စမတ်ဖုန်း Vivo Apex 2020 ကို ပြသလိုက်ပါပြီ။ ဒီစမတ်ဖုန်းဟာ In-Display Selfie Camera Technology ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း လို့ဆိုရမှာပါ။ ဖုန်းမှာ ခလုတ်မပါဝင်သလို အပေါက်လည်း မပါဝင်ပါဘူး။ Virtual Buttons များ သုံးထားပါတယ်။ ဒီဖုန်းမှာ မျက်နှာပြင် 6.45 လက်မ FullView Edgeless Display သုံးထားပြီး 120 ဒီဂရီထောင့်ကွေး ရုပ်ထွက် သုံးထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ထုတ်ခဲ့တဲ့ Vivo NEX 3 မှာ သုံးထားတဲ့ Waterfall Display ထက် များစွာ ထောင့်ကွေးပါတယ်။

မျက်နှာပြင်မှာ 16MP In-Display Selfie ကင်မရာကို သုံးထားပါတယ်။ ဒီဖုန်းကို Snapdragon 865 SoC ၊ RAM12GB နှင့် အထိုင်ချထားပြီး Storage 256GB ပါဝင်ပါတယ်။ Vivo ဟာ ကင်မရာပိုင်းနှင့်ပတ်သက်ပြီးတော့လည်း ဆန်းသစ် ဖန်တီးမှု လုပ်ထားပါတယ်။ သူတို့ဟာ Pop-Up Selfie Camera ဒီဇိုင်းကို စတင် ဖန်တီးခဲ့တဲ့ ကုမ္ပဏီဖြစ်သလို ယခုလည်း ထပ်မံ ဆန်းသစ် ဖန်တီးလာပြန်ပါတယ်။ Continuous Optical Zoom Lens သုံးထားပါတယ်။ Zoom ဆွဲ ရိုက်ကူးမှုကို 5x To 7.5x Zoom အထိ ပြုလုပ်နိုင်ပါမယ်။ ယင်းကင်မရာက 16MP ဖြစ်ပါတယ်။ အဓိကကင်မရာက 48MP ဖြစ်ပြီး Gimbal ကဲ့သို့ Stabilization စနစ်ပါဝင်ပါတယ်။ ယင်းစနစ်က OIS ထက် အဆပေါင်း 200 ပိုမိုကောင်းမွန်ကြောင်း ဆိုထားပါတယ်။
VIvo Apex 2020 မှာ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ ဘက်ထရီပိုင်း ဖြစ်ပါတယ်။ ဘက်ထရီ အားသွင်းပေါက်မပါဝင်ဘဲ 60W Wierless Charging ဖြင့်သာ အားသွင်းရပါမယ်။ ဒါ့အပြင် ဒီဖုန်းမှာ စပီကာလည်း မပါဝင်ပါဘူး။ အသုံးပြုသူများအနေဖြင့် အသံအတွက် In-Screen Sound Technology ထည့်သွင်းထားပါတယ်။ ဒီနည်းပညာကို LG ၊ Huawei နှင့် Xiaomi တို့လည်း သုံးခဲ့ဖူးတာကြောင့် သိပ်တော့ အံ့ဩစရာ မရှိပါဘူး။ ဒီဖုန်းကို ဈေးကွက်မှာ တင်ရောင်းမယ် မရောင်းဘူး ဆိုတာ အတိအကျ မသိရပါဘူး။ Android 10 OS သုံးထားပြီး အဖြူရောင်၊ အနက်ရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။

zawgyi

60W Wireless Charging နဲ႔ In-Display Selfie Camera သုံးထားတဲ့ Vivo Apex 2020 ကို ေၾကညာ
Vivo ရဲ႕ Concept Flagship စမတ္ဖုန္း Vivo Apex 2020 ကို ျပသလိုက္ပါၿပီ။ ဒီစမတ္ဖုန္းဟာ In-Display Selfie Camera Technology ပါဝင္တဲ့ ကမာၻ႔ပထမဆုံး စမတ္ဖုန္း လို႔ဆိုရမွာပါ။ ဖုန္းမွာ ခလုတ္မပါဝင္သလို အေပါက္လည္း မပါဝင္ပါဘူး။ Virtual Buttons မ်ား သုံးထားပါတယ္။ ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.45 လက္မ FullView Edgeless Display သုံးထားၿပီး 120 ဒီဂရီေထာင့္ေကြး ႐ုပ္ထြက္ သုံးထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ထုတ္ခဲ့တဲ့ Vivo NEX 3 မွာ သုံးထားတဲ့ Waterfall Display ထက္ မ်ားစြာ ေထာင့္ေကြးပါတယ္။

မ်က္ႏွာျပင္မွာ 16MP In-Display Selfie ကင္မရာကို သုံးထားပါတယ္။ ဒီဖုန္းကို Snapdragon 865 SoC ၊ RAM12GB ႏွင့္ အထိုင္ခ်ထားၿပီး Storage 256GB ပါဝင္ပါတယ္။ Vivo ဟာ ကင္မရာပိုင္းႏွင့္ပတ္သက္ၿပီးေတာ့လည္း ဆန္းသစ္ ဖန္တီးမႈ လုပ္ထားပါတယ္။ သူတို႔ဟာ Pop-Up Selfie Camera ဒီဇိုင္းကို စတင္ ဖန္တီးခဲ့တဲ့ ကုမၸဏီျဖစ္သလို ယခုလည္း ထပ္မံ ဆန္းသစ္ ဖန္တီးလာျပန္ပါတယ္။ Continuous Optical Zoom Lens သုံးထားပါတယ္။ Zoom ဆြဲ ႐ိုက္ကူးမႈကို 5x To 7.5x Zoom အထိ ျပဳလုပ္ႏိုင္ပါမယ္။ ယင္းကင္မရာက 16MP ျဖစ္ပါတယ္။ အဓိကကင္မရာက 48MP ျဖစ္ၿပီး Gimbal ကဲ့သို႔ Stabilization စနစ္ပါဝင္ပါတယ္။ ယင္းစနစ္က OIS ထက္ အဆေပါင္း 200 ပိုမိုေကာင္းမြန္ေၾကာင္း ဆိုထားပါတယ္။
VIvo Apex 2020 မွာ ေနာက္ထပ္ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ဘက္ထရီပိုင္း ျဖစ္ပါတယ္။ ဘက္ထရီ အားသြင္းေပါက္မပါဝင္ဘဲ 60W Wierless Charging ျဖင့္သာ အားသြင္းရပါမယ္။ ဒါ့အျပင္ ဒီဖုန္းမွာ စပီကာလည္း မပါဝင္ပါဘူး။ အသုံးျပဳသူမ်ားအေနျဖင့္ အသံအတြက္ In-Screen Sound Technology ထည့္သြင္းထားပါတယ္။ ဒီနည္းပညာကို LG ၊ Huawei ႏွင့္ Xiaomi တို႔လည္း သုံးခဲ့ဖူးတာေၾကာင့္ သိပ္ေတာ့ အံ့ဩစရာ မရွိပါဘူး။ ဒီဖုန္းကို ေဈးကြက္မွာ တင္ေရာင္းမယ္ မေရာင္းဘူး ဆိုတာ အတိအက် မသိရပါဘူး။ Android 10 OS သုံးထားၿပီး အျဖဴေရာင္၊ အနက္ေရာင္တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.