48MP ကျောဘက်ကင်မရာလေးလုံး ပါဝင်တဲ့ Vivo Z6 5G စမတ်ဖုန်းကို ကြေညာ

0
1371

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Vivo အနေနဲ့ စမတ်ဖုန်းသစ် Vivo Z6 5G ကို ကြေညာလိုက်ပါတယ်။ ဒီဖုန်းဟာ Snapdragon 765G အသုံးပြုထားတဲ့ ပထမဆုံး Vivo စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ Vivo Z6 5G မှာ မျက်နှာပြင် 6.57 လက်မ IPS LCD သုံးထားကာ Punch-Hole ပါဝင်ပါတယ်။ Full HD+ 1080x2400px Resolution သုံးထားပြီး 20:9 Aspect Ratio သုံးထားပါတယ်။

Punch-Hole မှာ ရှေ့ကင်မရာ 16MP f/2.48 ရှေ့ကင်မရာပါဝင်ပါတယ်။ ကျောဘက်မှာတော့ လေးထောင့်ကွက်ပုံစံနဲ့ ကင်မရာလေးလုံးထည့်သွင်းထားပါတယ်။ အဓိကကင်မရာက 48MP f/1.79 ဖြစ်ပြီး 6P Lens ဖြစ်ပါတယ်။ ဒုတိယကင်မရာက 112 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP f/2.2 ဖြစ်ကာ ကျန်ကင်မရာများက 2MP f/2.4 Macro နှင့် 2MP f/2.4 Depth ဖြစ်ပါတယ်။ ကျောဘက်ကင်မရာဖြင့် ရိုက်ကူးမှုစနစ်များအဖြစ် Super Night Scene 2.0 ၊ Hyper HDR ၊ RAW Format ၊ 4K ဗီဒီယိုရိုက်ကူးမှုနဲ့ Video Stabilization တို့ ထောက်ပံ့ထားပါတယ်။
Vivo Z6 5G မှာ Dual-Mode 5G ကွန်ယက်အတွက် Qualcom Snapdragon 765G ဖြင့် ပါဝါထောက်ပံ့ထားပါတယ်။ RAM6GB နှင့် 8GB LPDDR4x RAM တို့ဖြင့် ရွေးချယ်နိုင်ပြီး 128GB UFS 2.1 Storage ပါဝင်ပါတယ်။ microSD ကနေ ထပ်တိုးလို့ မရပါဘူး။ ဘက်ထရီ 5000 mAh ပါဝင်ပြီး 44W SuperFlash Charge Technology ဖြင့် အားသွင်းနိုင်ပါမယ်။ ဖုန်းပူတဲ့ဒဏ်ကို ခံနိုင်စွမ်းရှိဖို့ Liquid Cooling Technology ပါဝင်ပါတယ်။
Android 10 OS အခြေခံ FunTouch OS 10 သုံးထားကာ ဂိမ်းကစားသမားများအတွက် Multi-Turbo 3.0 ပါဝင်ပါတယ်။ Dual Wi-Fi ထောက်ပံ့ထားကာ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ Dual SIM ထောက်ပံ့ထားပြီး GPS ၊ USB Type C ၊ Bluetooth 5.0 နှင့် နားကျပ်ပေါက်တို့ ပါဝင်ပါတယ်။

Vivo Z6 5G မှာ Punch-Hole Display သုံးထားတာကြောင့် Screen-to Body Ratio မြင့်မားပါတယ်။ ဒီဖုန်းမှာ ဘက်ထရီပမာဏများစွာ ပါဝင်သလို အမိုက်စား Fast Charging Technology လည်း ပါဝင်ပါတယ်။ Vivo Z6 5G ကို ဈေးနှုန်း ဒေါ်လာ 327 ကနေစပြီး သတ်မှတ်ထားပါတယ်။ Vivo Z6 5Gရဲ့ 6GB+128GB ကို ဒေါ်လာ 327 နှင့် 8GB+128GB ကို ဒေါ်လာ 370 အသီးသီး သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို Ica Age ၊ Insterstellar Silver ၊ Aurora Black အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။

zawgyi

48MP ေက်ာဘက္ကင္မရာေလးလုံး ပါဝင္တဲ့ Vivo Z6 5G စမတ္ဖုန္းကို ေၾကညာ
တ႐ုတ္စမတ္ဖုန္း ထုတ္လုပ္သူ Vivo အေနနဲ႔ စမတ္ဖုန္းသစ္ Vivo Z6 5G ကို ေၾကညာလိုက္ပါတယ္။ ဒီဖုန္းဟာ Snapdragon 765G အသုံးျပဳထားတဲ့ ပထမဆုံး Vivo စမတ္ဖုန္းလည္း ျဖစ္ပါတယ္။ Vivo Z6 5G မွာ မ်က္ႏွာျပင္ 6.57 လက္မ IPS LCD သုံးထားကာ Punch-Hole ပါဝင္ပါတယ္။ Full HD+ 1080x2400px Resolution သုံးထားၿပီး 20:9 Aspect Ratio သုံးထားပါတယ္။

Punch-Hole မွာ ေရွ႕ကင္မရာ 16MP f/2.48 ေရွ႕ကင္မရာပါဝင္ပါတယ္။ ေက်ာဘက္မွာေတာ့ ေလးေထာင့္ကြက္ပုံစံနဲ႔ ကင္မရာေလးလုံးထည့္သြင္းထားပါတယ္။ အဓိကကင္မရာက 48MP f/1.79 ျဖစ္ၿပီး 6P Lens ျဖစ္ပါတယ္။ ဒုတိယကင္မရာက 112 ဒီဂရီျမင္ကြင္းက်ယ္ ႐ိုက္ကူးႏိုင္တဲ့ 8MP f/2.2 ျဖစ္ကာ က်န္ကင္မရာမ်ားက 2MP f/2.4 Macro ႏွင့္ 2MP f/2.4 Depth ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာျဖင့္ ႐ိုက္ကူးမႈစနစ္မ်ားအျဖစ္ Super Night Scene 2.0 ၊ Hyper HDR ၊ RAW Format ၊ 4K ဗီဒီယို႐ိုက္ကူးမႈနဲ႔ Video Stabilization တို႔ ေထာက္ပံ့ထားပါတယ္။
Vivo Z6 5G မွာ Dual-Mode 5G ကြန္ယက္အတြက္ Qualcom Snapdragon 765G ျဖင့္ ပါဝါေထာက္ပံ့ထားပါတယ္။ RAM6GB ႏွင့္ 8GB LPDDR4x RAM တို႔ျဖင့္ ေ႐ြးခ်ယ္ႏိုင္ၿပီး 128GB UFS 2.1 Storage ပါဝင္ပါတယ္။ microSD ကေန ထပ္တိုးလို႔ မရပါဘူး။ ဘက္ထရီ 5000 mAh ပါဝင္ၿပီး 44W SuperFlash Charge Technology ျဖင့္ အားသြင္းႏိုင္ပါမယ္။ ဖုန္းပူတဲ့ဒဏ္ကို ခံႏိုင္စြမ္းရွိဖို႔ Liquid Cooling Technology ပါဝင္ပါတယ္။
Android 10 OS အေျခခံ FunTouch OS 10 သုံးထားကာ ဂိမ္းကစားသမားမ်ားအတြက္ Multi-Turbo 3.0 ပါဝင္ပါတယ္။ Dual Wi-Fi ေထာက္ပံ့ထားကာ လက္ေဗြရာစနစ္ကို ေက်ာဘက္မွာ ထည့္သြင္းထားပါတယ္။ Dual SIM ေထာက္ပံ့ထားၿပီး GPS ၊ USB Type C ၊ Bluetooth 5.0 ႏွင့္ နားက်ပ္ေပါက္တို႔ ပါဝင္ပါတယ္။

Vivo Z6 5G မွာ Punch-Hole Display သုံးထားတာေၾကာင့္ Screen-to Body Ratio ျမင့္မားပါတယ္။ ဒီဖုန္းမွာ ဘက္ထရီပမာဏမ်ားစြာ ပါဝင္သလို အမိုက္စား Fast Charging Technology လည္း ပါဝင္ပါတယ္။ Vivo Z6 5G ကို ေဈးႏႈန္း ေဒၚလာ 327 ကေနစၿပီး သတ္မွတ္ထားပါတယ္။ Vivo Z6 5Gရဲ႕ 6GB+128GB ကို ေဒၚလာ 327 ႏွင့္ 8GB+128GB ကို ေဒၚလာ 370 အသီးသီး သတ္မွတ္ထားပါတယ္။ ဒီဖုန္းကို Ica Age ၊ Insterstellar Silver ၊ Aurora Black အေရာင္တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါမယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.