Samsung အနေနဲ့ Galaxy Watch Active 2 ရဲ့ နောက်ထပ် ဗားရှင်းသစ်နှစ်မျိုးကို ကြေညာလိုက် ပါတယ်။ Golf Edition နဲ့ LTE Aluminum ဗားရှင်း ဖြစ်ပါတယ်။ Golf Edition ကတော့ တစ်ကမ္ဘာလုံးမှ ဂေါက်သမားများအတွက် Smart Assistant တစ်ခု ပါဝင်ပါမယ်။ ပြီးတော့ ဂေါက်ရိုက်နည်း ပို့ချမှုပေါင်း 40000 ကျော် ပါဝင်ပြီး ဂေါက်ရိုက်ချက် အကွာအဝေးတိုင်းတာတဲ့စနစ်လည်း ပါဝင်ပါတယ်။

Golf Edition ကိုတောင်ကိုရီးယားဈေးကွက်မှာ ဦးစွာ ရောင်းချမှာ ဖြစ်ပြီး ဗြိတိန်၊ အမေရိကန်တို့မှာလည်း ရောင်းချသွားပါမယ်။ လတ်တလောမှာ တောင်ကိုရီးယားမှလွဲပြီး အခြားဈေးကွက်မှာ ရောင်းချမယ့်ကာလကို မသိရသေးပါဘူး။ Samsung Galaxy Watch Active 2 Golf Editionကို 44mm Black နှင့် 40mm Pink Gold တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ဈေးနှုန်းက ဒေါ်လာ 323 နှင့် ဒေါ်လာ 300 ဖြစ်ပါတယ်။
Samsung Galaxy Watch Active 2 LTE Aluminum ကို အနက်ရောင်၊ ငွေရောင်၊ ပန်းရွှေရောင်တို့နဲ့ ရွေးနိုင်ပြီး ဈေးနှုန်းက Golf Edition နှင့် အတူတူ ဖြစ်ပါတယ်။ ဒီစမတ်နာရီကိုတော့ တောင်ကိုရီးယားဈေးကွက်အပြင် ဥရောပနှင့် အာရှဈေးကွက်အချို့တို့မှာ ရောင်းချသွားပါမယ်။
zawgyi
Galaxy Watch Active 2 နှစ်မျိုး ကို Samsung ကြေညာ
