lightning-fast အားသွင်းစနစ်အသစ်ပါဝင်လာနိုင်ချေရှိနေတဲ့ iPhone 12

0
543

Unicode

ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ processing အမြန်နှုန်း၊ ဂရပ်ဖစ်စွမ်းဆောင်နိုင်ရည်၊ ကင်မရာလုပ်ဆောင်ချက်တွေ ပြောင်းလဲတိုးတက်လာတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဘတ်ထရီသက်တမ်းကြာရှည်ဖို့အတွက်ကတော့ သုံးစွဲသူတွေရဲ့အလိုချင်ဆုံးဖြစ်မယ်ထင်ပါတယ်။
Apple, Huawei, OPPO, Samsung တို့အားလုံးဟာ gallium nitride (GaN) နည်းပညာကိုအသုံးပြုပြီး မြန်ဆန်တဲ့အားသွင်းစနစ်တွေဖန်တီးနေကြပါတယ်။ ဒီနှစ်ထဲမှာတော့ Xiaomi ရဲ့ GaN power adapter လောက်အရွယ်အစားတွေနဲ့ မြင်တွေ့ကြရလိမ့်မယ်လို့ ပြောဆိုထားတဲ့သတင်းတွေလည်း ဖတ်ရပါတယ်။
ဒီတော့ GaN power adapter ကို iPhone 12 မှာ ထည့်သွင်းဖို့အတွက် စဉ်းစားနေပြီလား
GaN နည်းပညာက silicon နဲ့ဆင်တူပေမယ့်လည်း GaN charger ကတော့ အစိတ်အပိုင်းအနည်းငယ် ထပ်လိုပါတယ်။ silicon ထက် voltage များများ ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် လျှပ်စီးကြောင်းတွေဟာ GaN device ထဲကို မြန်မြန်ဆန်ဆန် စီးဆင်းနိုင်စွမ်းရှိပါတယ်။ GaN charger တွေက silicon ထက် သာလွန်ကောင်းမွန်စွာ စွမ်းဆောင်ပေးနိုင်ပါတယ်။
နမူနာကြည့်ချင်တယ်ဆိုရင်တော့ Xiaomi GaN USB Type-C 65W charger ကို ကြည့်ရမှာပါ။ Xiaomi Mi 10 Pro ကို 0 ကနေ 100% ဖြစ်အောင် ၄၅ပဲ အချိန်ကြာပါတယ်။ သူ့ကိုသုံးပြီး iPhone 11 ကိုသာသွင်းမယ်ဆိုရင် 50% ပိုမိုမြန်ဆန်လာမှာ ကျိန်းသေပါတယ်။
Apple ဟာ 2020 မှာ GaN power adapter ကို ထည့်ပေးမယ်ဆိုတာကတော့ ယုံရခက်နေတုန်းပါပဲ။ စောင့်ကြည့်ရမှာက ကျွန်တော်တို့တာဝန်ပဲ မဟုတ်လား။

Zawgyi

ၿပီးခဲ့တဲ့ႏွစ္ေတြတစ္ေလွ်ာက္မွာ processing အျမန္ႏႈန္း၊ ဂရပ္ဖစ္စြမ္းေဆာင္ႏိုင္ရည္၊ ကင္မရာလုပ္ေဆာင္ခ်က္ေတြ ေျပာင္းလဲတိုးတက္လာတာ ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ဘတ္ထရီသက္တမ္းၾကာရွည္ဖို႔အတြက္ကေတာ့ သုံးစြဲသူေတြရဲ႕အလိုခ်င္ဆုံးျဖစ္မယ္ထင္ပါတယ္။
Apple, Huawei, OPPO, Samsung တို႔အားလုံးဟာ gallium nitride (GaN) နည္းပညာကိုအသုံးျပဳၿပီး ျမန္ဆန္တဲ့အားသြင္းစနစ္ေတြဖန္တီးေနၾကပါတယ္။ ဒီႏွစ္ထဲမွာေတာ့ Xiaomi ရဲ႕ GaN power adapter ေလာက္အ႐ြယ္အစားေတြနဲ႔ ျမင္ေတြ႕ၾကရလိမ့္မယ္လို႔ ေျပာဆိုထားတဲ့သတင္းေတြလည္း ဖတ္ရပါတယ္။
ဒီေတာ့ GaN power adapter ကို iPhone 12 မွာ ထည့္သြင္းဖို႔အတြက္ စဥ္းစားေနၿပီလား
GaN နည္းပညာက silicon နဲ႔ဆင္တူေပမယ့္လည္း GaN charger ကေတာ့ အစိတ္အပိုင္းအနည္းငယ္ ထပ္လိုပါတယ္။ silicon ထက္ voltage မ်ားမ်ား ထိန္းထားႏိုင္ပါတယ္။ ဒါ့အျပင္ လွ်ပ္စီးေၾကာင္းေတြဟာ GaN device ထဲကို ျမန္ျမန္ဆန္ဆန္ စီးဆင္းႏိုင္စြမ္းရွိပါတယ္။ GaN charger ေတြက silicon ထက္ သာလြန္ေကာင္းမြန္စြာ စြမ္းေဆာင္ေပးႏိုင္ပါတယ္။
နမူနာၾကည့္ခ်င္တယ္ဆိုရင္ေတာ့ Xiaomi GaN USB Type-C 65W charger ကို ၾကည့္ရမွာပါ။ Xiaomi Mi 10 Pro ကို 0 ကေန 100% ျဖစ္ေအာင္ ၄၅ပဲ အခ်ိန္ၾကာပါတယ္။ သူ႔ကိုသုံးၿပီး iPhone 11 ကိုသာသြင္းမယ္ဆိုရင္ 50% ပိုမိုျမန္ဆန္လာမွာ က်ိန္းေသပါတယ္။
Apple ဟာ 2020 မွာ GaN power adapter ကို ထည့္ေပးမယ္ဆိုတာကေတာ့ ယုံရခက္ေနတုန္းပါပဲ။ ေစာင့္ၾကည့္ရမွာက ကြၽန္ေတာ္တို႔တာဝန္ပဲ မဟုတ္လား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.