Unicode
သတင်းအမှားတွေဆိုတာ Facebook ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ရပ်ပါ။ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာဖြစ်ပြီး သမ္မတရွေးကောက်ပွဲမှာ သိသာထင်ရှားစေခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိ လုံးဝကင်းစင်အောင်တော့ မလုပ်နိုင်သေးပါဘူး။ ဒါပေမယ့် ဖြစ်လာတဲ့ကိစ္စရပ်တိုင်းမှာတော့ တန်ပြန်တိုက်စစ်တွေ လုပ်ဆောင်နေတာကို ပြောပြထားပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာတစ်လွှားက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိတ်လန့်နေကြချိန်မှာ ဗိုင်းရပ်စ်ကိုကုသနည်းဆိုတဲ့ကြော်ငြာတွေဟာ တော်တော်လေးကို ခေတ်ထနေပါတယ်။
ဒါကြောင့် အခုဆိုရင် ကြော်ငြာတွေကို သေချာလေးစစ်ဆေးနေပြီးတော့ ကုသနည်းလို့ပြောထားတဲ့ကြော်ငြာတွေကို ban နေပါပြီ။
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီးတော့ ကုသနိုင်တဲ့ပစ္စည်းက ဘယ်လောက်ပဲကျန်ပါတော့တယ်ဆိုတာမျိုး၊ကာကွယ်ဖို့အတွက်ပစ္စည်းက အရေအတွက်ကန့်သတ်ထားပါတယ်ဆိုတာမျိုးတွေကို သေချာစိစစ်ပြီး ပိတ်ပင်နိုင်အောင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ အလားတူဖြစ်ရပ်တွေကို Marketplace လိုမျိုးနေရာမျိုးတွေမှာလည်း ကန့်သတ်ဖို့အတွက် ပေါ်လစီတွေရှိထားတယ်လို့Facebook က ပြောပြပါတယ်။
ဒါကလည်း မထူးဆန်းပါဘူး။ Facebook ကို အသုံးပြုပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိတ်လန့်နေတဲ့သူတွေကို အခွင့်ကောင်းယူပြီး စီးပွားရှာတာကလည်း မြင်တွေ့နေကြဖြစ်ရပ်တစ်ခုပါပဲ။ ရောဂါကူးစက်နေသူတွေအတွက် ဖြည့်စွက်စာတို့၊ ကုသနည်းတို့ရှာရတာက မခက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုကုသနည်းမျိုးတွေကို မရနိုင်သေးတဲ့အတွက်ကြောင့်ပါ။
ဒါပေမယ့် သတင်းကောင်းကတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးကတော့ လုပ်ဆောင်နေပါပြီ။ Moderna လို့ခေါ်တဲ့ ယူအက်စ်လုပ်ငန်းတစ်ခုက အစိုးရဆီကို နမူနာဆေးတွေပေးထားပြီးတော့ လပေါင်းများစွာ လူသားတွေနဲ့စမ်းသပ်မှုတွေလုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ကမ္ဘာတစ်လွှားကို အဲဒီဆေးရောက်အောင်တော့ မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် Facebook ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးရပြီဆိုရင်၊ ကုသနည်းတွေ့ရင် ဒါတွေဟာ အလိမ်အညာတွေပါပဲ။ Facebook ကို report လုပ်ရင်း အသိပေးလိုက်ပါ။
Zawgyi
သတင္းအမွားေတြဆိုတာ Facebook ရင္ဆိုင္ေနရတဲ့ အႀကီးမားဆုံးေသာ စိန္ေခၚမႈတစ္ရပ္ပါ။ ႏွစ္ေပါင္းမ်ားစြာကတည္းက ရွိေနခဲ့တာျဖစ္ၿပီး သမၼတေ႐ြးေကာက္ပြဲမွာ သိသာထင္ရွားေစခဲ့ပါတယ္။ ဒါေပမယ့္လည္း လက္ရွိအခ်ိန္အထိ လုံးဝကင္းစင္ေအာင္ေတာ့ မလုပ္ႏိုင္ေသးပါဘူး။ ဒါေပမယ့္ ျဖစ္လာတဲ့ကိစၥရပ္တိုင္းမွာေတာ့ တန္ျပန္တိုက္စစ္ေတြ လုပ္ေဆာင္ေနတာကို ေျပာျပထားပါတယ္။ လက္ရွိအခ်ိန္မွာ ကမာၻတစ္လႊားက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိတ္လန႔္ေနၾကခ်ိန္မွာ ဗိုင္းရပ္စ္ကိုကုသနည္းဆိုတဲ့ေၾကာ္ျငာေတြဟာ ေတာ္ေတာ္ေလးကို ေခတ္ထေနပါတယ္။
ဒါေၾကာင့္ အခုဆိုရင္ ေၾကာ္ျငာေတြကို ေသခ်ာေလးစစ္ေဆးေနၿပီးေတာ့ ကုသနည္းလို႔ေျပာထားတဲ့ေၾကာ္ျငာေတြကို ban ေနပါၿပီ။
ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သတ္ၿပီးေတာ့ ကုသႏိုင္တဲ့ပစၥည္းက ဘယ္ေလာက္ပဲက်န္ပါေတာ့တယ္ဆိုတာမ်ိဳး၊ကာကြယ္ဖို႔အတြက္ပစၥည္းက အေရအတြက္ကန႔္သတ္ထားပါတယ္ဆိုတာမ်ိဳးေတြကို ေသခ်ာစိစစ္ၿပီး ပိတ္ပင္ႏိုင္ေအာင္လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ အလားတူျဖစ္ရပ္ေတြကို Marketplace လိုမ်ိဳးေနရာမ်ိဳးေတြမွာလည္း ကန႔္သတ္ဖို႔အတြက္ ေပၚလစီေတြရွိထားတယ္လို႔Facebook က ေျပာျပပါတယ္။
ဒါကလည္း မထူးဆန္းပါဘူး။ Facebook ကို အသုံးျပဳၿပီးေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ထိတ္လန႔္ေနတဲ့သူေတြကို အခြင့္ေကာင္းယူၿပီး စီးပြားရွာတာကလည္း ျမင္ေတြ႕ေနၾကျဖစ္ရပ္တစ္ခုပါပဲ။ ေရာဂါကူးစက္ေနသူေတြအတြက္ ျဖည့္စြက္စာတို႔၊ ကုသနည္းတို႔ရွာရတာက မခက္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီလိုကုသနည္းမ်ိဳးေတြကို မရႏိုင္ေသးတဲ့အတြက္ေၾကာင့္ပါ။
ဒါေပမယ့္ သတင္းေကာင္းကေတာ့ ကို႐ိုနာဗိုင္းရပ္စ္အတြက္ ေဆးကေတာ့ လုပ္ေဆာင္ေနပါၿပီ။ Moderna လို႔ေခၚတဲ့ ယူအက္စ္လုပ္ငန္းတစ္ခုက အစိုးရဆီကို နမူနာေဆးေတြေပးထားၿပီးေတာ့ လေပါင္းမ်ားစြာ လူသားေတြနဲ႔စမ္းသပ္မႈေတြလုပ္ေဆာင္ထားတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ကမာၻတစ္လႊားကို အဲဒီေဆးေရာက္ေအာင္ေတာ့ မလုပ္ႏိုင္ေသးပါဘူး။ ဒါေၾကာင့္ Facebook ေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္အတြက္ ေဆးရၿပီဆိုရင္၊ ကုသနည္းေတြ႕ရင္ ဒါေတြဟာ အလိမ္အညာေတြပါပဲ။ Facebook ကို report လုပ္ရင္း အသိေပးလိုက္ပါ။