Huawei နဲ့အလုပ်တွဲလုပ်ချင်ပါတယ်ဆိုတဲ့ Google

0
2615

Unicode

Mobile World Congress ကြီးဖျက်သိမ်းလိုက်တယ်ဆိုပေမယ့်လည်း နည်းပညာနယ်ပယ်ကလုပ်ငန်းများစွာကတော့ ဒီအပတ်ထဲမှာ ထုတ်ကုန်အသစ်တွေကို ကြေညာကြမှာပါ။ Huawei ဟာ သူ့ရဲ့Mate X ခေါက်ချိုးဖုန်းနဲ့ မနှစ်တုန်းက ကျွန်တော်တို့ကိုဆွဲဆောင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ မနှစ်ကထက်ပိုကောင်းတဲ့ဗားရှင်းအသစ်ကို မြင်တွေ့ရပါတယ်။ Huawei ဟာ ယူအက်စ်နည်းပညာလုပ်ငန်းတွေနဲ့ အလုပ်တွဲလုပ်ခြင်းကို ပိတ်ပင်ခံထားရပါတယ်။ ဒါကြောင့် Mate X ဗားရှင်းအသစ်မှာလည်း Google app တွေမပါဝင်ပါဘူး။
ဒါ့အပြင် Huawei brand Honor ကလည်း Android ဟန်းဆက်အသစ်တွေကို မိတ်ဆက်ခဲ့ပါသေးတယ်။ 5G flagship တွေအပါအဝင် mid-range စမတ်ဖုန်းတွေလည်း ပါဝင်ပါတယ်။ Google app တွေတော့ မပါဝင်ခဲ့ပါဘူး။ အဲဒီနေ့မတိုင်ခင်မှာ Google က သူ့ရဲ့app တွေကို Huawei ဖုန်းတွေမှာ မမြင်တွေ့နိုင်တဲ့အကြောင်းကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း Huawei နဲ့ အလုပ်တွဲလုပ်ဖို့အတွက် အိမ်ဖြူတော်ကနေ ခွင့်ပြုချက်ရအောင် Google က ကြိုးစားနေတယ်လို့ ဆိုပါတယ်။
Huawei အမှုတစ်ယောက်က ပြောထားတာကတော့ Huawei အနေနဲ့ ပိတ်ထားတာဖွင့်ပေးလိုက်တယ်ဆိုရင်တောင်မှ Google ဆီမပြန်တော့ဘူးလို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ Huawei ဟာ သူ့ရဲ့ AppGallery ပိုမိုကောင်းမွန်လာဖို့အတွက် ဒေါ်လာဘီလျံပေါင်းများစွာထည့်သွင်းပြီးတော့ ကြိုးစားဖို့အသင့်ဖြစ်နေခဲ့ပါတယ်။ တကယ်လို့များသာ အောင်မြင်သွားခဲ့မယ်ဆိုရင် Google က တော်တော်အထိနာသွားမှာပါ။ အခြားသော တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီးတော့ Google Play ရဲ့အစားထိုးအနေနဲ့ သုံးလိုက်ကြမယ်ဆိုရင် Google က တရုတ်ဈေးကွက်ကို လက်လွှတ်လိုက်ရမယ့်အနေအထားမှာ ရှိနေပါတယ်။
ဒါကြောင့် Google ဟာ အိမ်ဖြူတော်ကနေ Huawei နဲ့ အလုပ်တွဲလုပ်ခွင့်ချပေးဖို့အတွက် တောင်းဆိုနေတာဖြစ်ပါတယ်။ ဘယ်အချိန်မှာ အိမ်ဖြူတော်ကတုံ့ပြန်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
သေချာတာကတော့ Goolge အနေနဲ့Huawei နဲ့အလုပ်တွဲလုပ်ဖို့စိတ်ဝင်စားကြောင်းပြတာက ပထမဆုံးလို့ထင်ပါတယ်။ Google ဟာ သူ့ရဲ့app တွေကို Huawei စမတ်ဖုန်းတွေမှာ ထည့်သွင်းခွင့်ပြုချင်တာလား။ ဒါမှမဟုတ် Android AOSP အတွက် လိုအပ်နေတာမို့ ထောက်ပံ့လိုက်ခြင်းလား မသဲကွဲပါဘူး။

Zawgyi

Mobile World Congress ႀကီးဖ်က္သိမ္းလိုက္တယ္ဆိုေပမယ့္လည္း နည္းပညာနယ္ပယ္ကလုပ္ငန္းမ်ားစြာကေတာ့ ဒီအပတ္ထဲမွာ ထုတ္ကုန္အသစ္ေတြကို ေၾကညာၾကမွာပါ။ Huawei ဟာ သူ႔ရဲ႕Mate X ေခါက္ခ်ိဳးဖုန္းနဲ႔ မႏွစ္တုန္းက ကြၽန္ေတာ္တို႔ကိုဆြဲေဆာင္ခဲ့ပါတယ္။ ဒီႏွစ္မွာေတာ့ မႏွစ္ကထက္ပိုေကာင္းတဲ့ဗားရွင္းအသစ္ကို ျမင္ေတြ႕ရပါတယ္။ Huawei ဟာ ယူအက္စ္နည္းပညာလုပ္ငန္းေတြနဲ႔ အလုပ္တြဲလုပ္ျခင္းကို ပိတ္ပင္ခံထားရပါတယ္။ ဒါေၾကာင့္ Mate X ဗားရွင္းအသစ္မွာလည္း Google app ေတြမပါဝင္ပါဘူး။
ဒါ့အျပင္ Huawei brand Honor ကလည္း Android ဟန္းဆက္အသစ္ေတြကို မိတ္ဆက္ခဲ့ပါေသးတယ္။ 5G flagship ေတြအပါအဝင္ mid-range စမတ္ဖုန္းေတြလည္း ပါဝင္ပါတယ္။ Google app ေတြေတာ့ မပါဝင္ခဲ့ပါဘူး။ အဲဒီေန႔မတိုင္ခင္မွာ Google က သူ႔ရဲ႕app ေတြကို Huawei ဖုန္းေတြမွာ မျမင္ေတြ႕ႏိုင္တဲ့အေၾကာင္းကို ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း Huawei နဲ႔ အလုပ္တြဲလုပ္ဖို႔အတြက္ အိမ္ျဖဴေတာ္ကေန ခြင့္ျပဳခ်က္ရေအာင္ Google က ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။
Huawei အမႈတစ္ေယာက္က ေျပာထားတာကေတာ့ Huawei အေနနဲ႔ ပိတ္ထားတာဖြင့္ေပးလိုက္တယ္ဆိုရင္ေတာင္မွ Google ဆီမျပန္ေတာ့ဘူးလို႔ ဆိုပါတယ္။ တစ္ခ်ိန္တည္းမွာပဲ Huawei ဟာ သူ႔ရဲ႕ AppGallery ပိုမိုေကာင္းမြန္လာဖို႔အတြက္ ေဒၚလာဘီလ်ံေပါင္းမ်ားစြာထည့္သြင္းၿပီးေတာ့ ႀကိဳးစားဖို႔အသင့္ျဖစ္ေနခဲ့ပါတယ္။ တကယ္လို႔မ်ားသာ ေအာင္ျမင္သြားခဲ့မယ္ဆိုရင္ Google က ေတာ္ေတာ္အထိနာသြားမွာပါ။ အျခားေသာ တ႐ုတ္စမတ္ဖုန္းထုတ္လုပ္သူေတြနဲ႔ ပူးေပါင္းၿပီးေတာ့ Google Play ရဲ႕အစားထိုးအေနနဲ႔ သုံးလိုက္ၾကမယ္ဆိုရင္ Google က တ႐ုတ္ေဈးကြက္ကို လက္လႊတ္လိုက္ရမယ့္အေနအထားမွာ ရွိေနပါတယ္။
ဒါေၾကာင့္ Google ဟာ အိမ္ျဖဴေတာ္ကေန Huawei နဲ႔ အလုပ္တြဲလုပ္ခြင့္ခ်ေပးဖို႔အတြက္ ေတာင္းဆိုေနတာျဖစ္ပါတယ္။ ဘယ္အခ်ိန္မွာ အိမ္ျဖဴေတာ္ကတုံ႔ျပန္လာမလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။
ေသခ်ာတာကေတာ့ Goolge အေနနဲ႔Huawei နဲ႔အလုပ္တြဲလုပ္ဖို႔စိတ္ဝင္စားေၾကာင္းျပတာက ပထမဆုံးလို႔ထင္ပါတယ္။ Google ဟာ သူ႔ရဲ႕app ေတြကို Huawei စမတ္ဖုန္းေတြမွာ ထည့္သြင္းခြင့္ျပဳခ်င္တာလား။ ဒါမွမဟုတ္ Android AOSP အတြက္ လိုအပ္ေနတာမို႔ ေထာက္ပံ့လိုက္ျခင္းလား မသဲကြဲပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.