Apple ရဲ့ ရင်းနှီးမြှုပ်နှံသူ Warren Buffett ဟာ ခေါက်ဖုန်းကနေ iPhone ပြောင်းကိုင်

0
1531

Unicode

ဘီလျံနာတစ်ယောက်ဖြစ်တဲ့ Warren Buffett ဟာ အသက်၈၉နှစ်အရွယ်ရှိပါပြီ။ သူဟာ Apple ရှယ်ယာရဲ့ ၅.၆ရာခိုင်နှုန်းပိုင်ဆိုင်သူတစ်ယောက်ပါ။ သူဟာ Samsung Haven ခေါက်ဖုန်းလေးကနေ iPhone 11 ကို ပြောင်းသုံးလိုက်ပြီလို့ သိရပါတယ်။
ခေါက်ဖုန်းလေးကို ၂၀၁၉ခုနှစ်မှာ စသုံးပြီးတဲ့နောက်မှာ Buffett ဟာ စမတ်ဖုန်းသုံးဖို့အတွက် ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။ iPhone 11 ရဲ့ ဘယ်မော်ဒယ်လ်ကိုသုံးမယ်လို့ မပြောထားပေမယ့်လည်း ခေါက်ဖုန်းကတော့ မသုံးဖြစ်တော့ဘူးလို့ ဖွင့်ဟပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
သူဟာ iPhone ကို ဝယ်ယူခဲ့တာမဟုတ်ပါဘူး Apple CEO Tim Cook အပါအဝင် လူအတော်များများက လက်ဆောင်ပေးကြတာဖြစ်ပါတယ်။ Tim Cook ဟာ Apple ထုတ်ကုန်တွေနဲ့ ပြောင်းသုံးစေချင်လို့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ကြိုးစားလာခဲ့တာပါ။ ၂၀၁၈ခုနှစ်မှာ Omaha ကိုကိုယ်တိုင်သွားပြီးတော့ Buffett အတွက် လိုအပ်တဲ့နည်းပညာထောက်ပံ့မှုတွေလုပ်ပေးမယ်လို့တောင် Bloomberg TV ကို ပြောခဲ့ပါသေးတယ်။ ဒီလောက်ဆိုရင် ကြိုးစားမှုအရာထင်သင့်တယ်လို့ မြင်မိပါတယ်။
ဒီလောက်နှစ်တွေအကြာကြီးနေမှ ပြောင်းသုံးလိုက်တယ်ဆိုပေမယ့်လည်း သူက iPhone ကို ဖုန်းခေါ်ဖို့အတွက်လောက်ပဲ သုံးတယ်လို့ သိရပါတယ်။ သူ့မှာ iPad တစ်လုံးရှိပြီးတော့ ဈေးကွက်သုတေသနနဲ့ ရှယ်ယာဈေးကြည့်ဖို့အတွက် အသုံးပြုတယ်လို့ သိရပါတယ်။

Zawgyi

ဘီလ်ံနာတစ္ေယာက္ျဖစ္တဲ့ Warren Buffett ဟာ အသက္၈၉ႏွစ္အ႐ြယ္ရွိပါၿပီ။ သူဟာ Apple ရွယ္ယာရဲ႕ ၅.၆ရာခိုင္ႏႈန္းပိုင္ဆိုင္သူတစ္ေယာက္ပါ။ သူဟာ Samsung Haven ေခါက္ဖုန္းေလးကေန iPhone 11 ကို ေျပာင္းသုံးလိုက္ၿပီလို႔ သိရပါတယ္။
ေခါက္ဖုန္းေလးကို ၂၀၁၉ခုႏွစ္မွာ စသုံးၿပီးတဲ့ေနာက္မွာ Buffett ဟာ စမတ္ဖုန္းသုံးဖို႔အတြက္ ေ႐ြးခ်ယ္လိုက္ျခင္းျဖစ္ပါတယ္။ iPhone 11 ရဲ႕ ဘယ္ေမာ္ဒယ္လ္ကိုသုံးမယ္လို႔ မေျပာထားေပမယ့္လည္း ေခါက္ဖုန္းကေတာ့ မသုံးျဖစ္ေတာ့ဘူးလို႔ ဖြင့္ဟေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္။
သူဟာ iPhone ကို ဝယ္ယူခဲ့တာမဟုတ္ပါဘူး Apple CEO Tim Cook အပါအဝင္ လူအေတာ္မ်ားမ်ားက လက္ေဆာင္ေပးၾကတာျဖစ္ပါတယ္။ Tim Cook ဟာ Apple ထုတ္ကုန္ေတြနဲ႔ ေျပာင္းသုံးေစခ်င္လို႔ လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက ႀကိဳးစားလာခဲ့တာပါ။ ၂၀၁၈ခုႏွစ္မွာ Omaha ကိုကိုယ္တိုင္သြားၿပီးေတာ့ Buffett အတြက္ လိုအပ္တဲ့နည္းပညာေထာက္ပံ့မႈေတြလုပ္ေပးမယ္လို႔ေတာင္ Bloomberg TV ကို ေျပာခဲ့ပါေသးတယ္။ ဒီေလာက္ဆိုရင္ ႀကိဳးစားမႈအရာထင္သင့္တယ္လို႔ ျမင္မိပါတယ္။
ဒီေလာက္ႏွစ္ေတြအၾကာႀကီးေနမွ ေျပာင္းသုံးလိုက္တယ္ဆိုေပမယ့္လည္း သူက iPhone ကို ဖုန္းေခၚဖို႔အတြက္ေလာက္ပဲ သုံးတယ္လို႔ သိရပါတယ္။ သူ႔မွာ iPad တစ္လုံးရွိၿပီးေတာ့ ေဈးကြက္သုေတသနနဲ႔ ရွယ္ယာေဈးၾကည့္ဖို႔အတြက္ အသုံးျပဳတယ္လို႔ သိရပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.