အသက် ၆၅နှစ်ပြည့်သွားပြီဖြစ်တဲ့ Steve Jobs

0
995

Unicode

၂၀၁၁ သြဂုတ်လမှာ Apple CEO အဖြစ်ကနေ Jobs ဟာ နှုတ်ထွက်ခဲ့ပြီးတော့ ခြောက်ပတ်အကြာမှာပဲ ပန်ကရိယကင်ဆာနဲ့ သေဆုံးခဲ့ပါတယ်။ ကောလာဟလတွေထွက်ခဲ့တာကတော့ သူဟာ Apple ကို လေးနှစ်စာစီမံကိန်းတစ်ခု ဆွဲပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှတ်မိနေသေးတာကတော့ သူ့ရဲ့ Apple ထုတ်ကုန်တွေဟာ ဒီကနေ့အထိ လွှမ်းမိုးနိုင်စွမ်းရှိနေတုန်းပါပဲ။
ဒီနေ့ဟာ Apple ရဲ့ တွဲဖက်တည်ထောင်သူ Steve Jobs ရဲ့ အသက်၆၅နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။
Steve Wozniak, Ronald Wayne, Jobs တို့ဟာ ၁၉၇၆ခုနှစ်မှာ Apple ကို စတင်တည်ထောင်ခဲ့ပါတယ်။ Wayne ရဲ့နာမည်ဟာ Apple ရဲ့ သမိုင်းကြောင်းမှာ ထင်ရှားမလာရခြင်းရဲ့အကြောင်းကတော့ လုပ်ငန်းတည်ထောင်ပြီး ၁၂ရက်အကြာမှာ သူ့ရဲ့ ရှယ်ယာ၁၀ရာခိုင်နှုန်းကို ဒေါ်လာ၈၀၀နဲ့ Jobs, Wozniak ကို ရောင်းခဲ့လို့ပါ။ တစ်နှစ်အကြာမှာတော့ နောက်ထပ် ဒေါ်လာ၁၅၀၀ ကို ထပ်မံရရှိခဲ့ပါသေးတယ်။
တကယ်လို့များသာ သူမရောင်းခဲ့ဘူးဆိုရင် အဲဒီ ၁၀ရာခိုင်နှုန်းဟာ ဒီနေ့ခေတ်မှာ ဒေါ်လာ၁၃၁ ဘီလျံတန်ကြေးရှိနေပါပြီ။ ကျွန်တော်သာဆိုရင် ဘယ်လောက်တောင် နောင်တတွေ ရနေလိုက်မလဲ။


Apple ရဲ့ ပထမဆုံးသော ကွန်ပျူတာဖြစ်တဲ့ Apple I July လမှာ မိတ်ဆက်ခဲ့ပါတယ်။ နောက်နှစ်မှာ Apple II, ၁၉၈၀ မှာ Apple III တွေ ဆက်လက်ထုတ်ခဲ့ပါတယ်။ ၁၉၈၀အလယ်လောက်မှာ ရုန်းကန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာမို့ Jobs က ဒီဇိုင်းပြန်ပြင်ခဲ့ရပါတယ်။ သူဟာ ဝန်ထမ်းပေါင်းများစွာကိုခေါ်ထုတ်ခဲ့ပြီးတော့ NeXT Inc ဆိုတဲ့လုပ်ငန်းသစ်ကို တည်ထောင်ခဲ့ပါတယ်။
Jobs မရှိတော့ Apple ဟာ အတော်လေးရုန်းကန်ခဲ့ရပြန်ပါတယ်။ ဒေဝါလီခံရတော့မယ့်အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီးနောက်မှာတော့ Apple ဟာ ၁၉၉၇ခုနှစ်မှာ Jobs company ကို ဝယ်ယူလိုက်ပြီးတော့ ပြန်လည်အလုပ်လုပ်စေခဲ့ပါတယ်။ အဲဒီအချိန်မှာ Jobs ရဲ့စစ်မှန်တဲ့ဉာဏ်စွမ်းတွေ တောက်ပလာခဲ့တယ်လို့ ဆိုရမှာပါ။


ဒုတိယအကြိမ်ပြန်လည်ဝင်ရောက်လာချိန်မှာတော့ လုံးဝကိုအပြောင်းအလဲဖြစ်သွားစေမယ့် iMac, iPod, iPhone, App Store, iPad တွေ ထွက်ပေါ်လာခဲ့ပါတယ်။ လူအများစုအတွက် အဲဒီလိုအပြောင်းအလဲကြီးဖြစ်လာနိုင်တဲ့ ထုတ်ကုန်တစ်ခုထုတ်ဖို့အတွက် မနည်းအားယူနေရတဲ့အချိန်မှာ Jobs ကတော့ ထုတ်ကုန်တွေကို အေးဆေးထုတ်ပြသွားခဲ့တာ Jobs ရဲ့ ထူးခြားတဲ့အတွေးအခေါ်တွေလို့ ဆိုရမလား။

Zawgyi

၂၀၁၁ ၾသဂုတ္လမွာ Apple CEO အျဖစ္ကေန Jobs ဟာ ႏႈတ္ထြက္ခဲ့ၿပီးေတာ့ ေျခာက္ပတ္အၾကာမွာပဲ ပန္ကရိယကင္ဆာနဲ႔ ေသဆုံးခဲ့ပါတယ္။ ေကာလာဟလေတြထြက္ခဲ့တာကေတာ့ သူဟာ Apple ကို ေလးႏွစ္စာစီမံကိန္းတစ္ခု ဆြဲေပးခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွတ္မိေနေသးတာကေတာ့ သူ႔ရဲ႕ Apple ထုတ္ကုန္ေတြဟာ ဒီကေန႔အထိ လႊမ္းမိုးႏိုင္စြမ္းရွိေနတုန္းပါပဲ။
ဒီေန႔ဟာ Apple ရဲ႕ တြဲဖက္တည္ေထာင္သူ Steve Jobs ရဲ႕ အသက္၆၅ႏွစ္ျပည့္ေမြးေန႔ ျဖစ္ပါတယ္။
Steve Wozniak, Ronald Wayne, Jobs တို႔ဟာ ၁၉၇၆ခုႏွစ္မွာ Apple ကို စတင္တည္ေထာင္ခဲ့ပါတယ္။ Wayne ရဲ႕နာမည္ဟာ Apple ရဲ႕ သမိုင္းေၾကာင္းမွာ ထင္ရွားမလာရျခင္းရဲ႕အေၾကာင္းကေတာ့ လုပ္ငန္းတည္ေထာင္ၿပီး ၁၂ရက္အၾကာမွာ သူ႔ရဲ႕ ရွယ္ယာ၁၀ရာခိုင္ႏႈန္းကို ေဒၚလာ၈၀၀နဲ႔ Jobs, Wozniak ကို ေရာင္းခဲ့လို႔ပါ။ တစ္ႏွစ္အၾကာမွာေတာ့ ေနာက္ထပ္ ေဒၚလာ၁၅၀၀ ကို ထပ္မံရရွိခဲ့ပါေသးတယ္။
တကယ္လို႔မ်ားသာ သူမေရာင္းခဲ့ဘူးဆိုရင္ အဲဒီ ၁၀ရာခိုင္ႏႈန္းဟာ ဒီေန႔ေခတ္မွာ ေဒၚလာ၁၃၁ ဘီလ်ံတန္ေၾကးရွိေနပါၿပီ။ ကြၽန္ေတာ္သာဆိုရင္ ဘယ္ေလာက္ေတာင္ ေနာင္တေတြ ရေနလိုက္မလဲ။


Apple ရဲ႕ ပထမဆုံးေသာ ကြန္ပ်ဴတာျဖစ္တဲ့ Apple I July လမွာ မိတ္ဆက္ခဲ့ပါတယ္။ ေနာက္ႏွစ္မွာ Apple II, ၁၉၈၀ မွာ Apple III ေတြ ဆက္လက္ထုတ္ခဲ့ပါတယ္။ ၁၉၈၀အလယ္ေလာက္မွာ ႐ုန္းကန္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရတာမို႔ Jobs က ဒီဇိုင္းျပန္ျပင္ခဲ့ရပါတယ္။ သူဟာ ဝန္ထမ္းေပါင္းမ်ားစြာကိုေခၚထုတ္ခဲ့ၿပီးေတာ့ NeXT Inc ဆိုတဲ့လုပ္ငန္းသစ္ကို တည္ေထာင္ခဲ့ပါတယ္။
Jobs မရွိေတာ့ Apple ဟာ အေတာ္ေလး႐ုန္းကန္ခဲ့ရျပန္ပါတယ္။ ေဒဝါလီခံရေတာ့မယ့္အေျခအေနေတြနဲ႔ရင္ဆိုင္ေနရၿပီးေနာက္မွာေတာ့ Apple ဟာ ၁၉၉၇ခုႏွစ္မွာ Jobs company ကို ဝယ္ယူလိုက္ၿပီးေတာ့ ျပန္လည္အလုပ္လုပ္ေစခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ Jobs ရဲ႕စစ္မွန္တဲ့ဉာဏ္စြမ္းေတြ ေတာက္ပလာခဲ့တယ္လို႔ ဆိုရမွာပါ။


ဒုတိယအႀကိမ္ျပန္လည္ဝင္ေရာက္လာခ်ိန္မွာေတာ့ လုံးဝကိုအေျပာင္းအလဲျဖစ္သြားေစမယ့္ iMac, iPod, iPhone, App Store, iPad ေတြ ထြက္ေပၚလာခဲ့ပါတယ္။ လူအမ်ားစုအတြက္ အဲဒီလိုအေျပာင္းအလဲႀကီးျဖစ္လာႏိုင္တဲ့ ထုတ္ကုန္တစ္ခုထုတ္ဖို႔အတြက္ မနည္းအားယူေနရတဲ့အခ်ိန္မွာ Jobs ကေတာ့ ထုတ္ကုန္ေတြကို ေအးေဆးထုတ္ျပသြားခဲ့တာ Jobs ရဲ႕ ထူးျခားတဲ့အေတြးအေခၚေတြလို႔ ဆိုရမလား။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.