Unicode
မနေ့တုန်းက Netflix ဟာ သုံးစွဲသူတွေကြားမှာ အကြည့်အများဆုံးသော ဇာတ်ကားတွေနဲ့ရှိုးတွေထဲက ဆယ်ခုကိုပြသမယ့် feature လေးကို မိတ်ဆက်လိုက်ပါတယ်။
အဲဒီ Top 10 ဟာ နေ့စဉ်အပြောင်းအလဲရှိမှာဖြစ်ပြီးတော့ ကိုယ့်နိုင်ငံအတွင်းမှာ ဘယ်လိုမျိုးတွေကလူကြိုက်များနေသလဲဆိုတာကို ပြသပေးမှာဖြစ်ပါတယ်။ နောက်ပြီး Top 10 ရဲ့ အစဉ်လိုက်ဟာ ကိုယ်နဲ့ အဲဒီဇာတ်ကား၊ ရှိုးနဲ့ ဘယ်လောက် match ဖြစ်သလဲဆိုတာအပေါ်မူတည်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် တူညီမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် overall Top 10 list လေးအပြင် subscriber တွေဟာ သက်ဆိုင်ရာ Tab လေးကိုနှိပ်လိုက်ချိန်မှာ တီဗွီရှိုးနဲ့ ဇာတ်ကားတွေအတွက် သီးသန့် list တွေကိုလည်း မြင်တွေ့နိုင်ဦးမှာဖြစ်ပါတယ်။
Netflix ရဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Cameron Johnson ကတော့ စာရင်းထဲမှာပြသမယ့်ဇာတ်ကားတွေနဲ့ ရှိုးတွေဟာ Top 10 ဆိုတဲ့ တံဆိပ်လေးပါဝင်နေမှာဖြစ်ပြီးတော့ category နဲ့ရှာရှာ ၊ personal list ထဲမှာပဲရှာရှာ မြင်တွေ့နိုင်မှာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

အဲဒီလို list လေးထွက်လာခြင်းဟာ သုံးစွဲသူတွေအတွက် တော်တော်လေးကို အချိန်ကုန်သက်သာသွားစေပါတယ်။ Netflix မှာ ဇာတ်ကားတွေ၊ ရှိုးတွေက များပြားလွန်းတဲ့အတွက်ကြောင့် လူကြိုက်များတဲ့အရာတွေကလည်း တော်တော်များပါတယ်။ အခုတော့ Top 10 ကိုပဲ ရွေးချယ်ကြည့်ချင်တဲ့သူတွေကတော့ တော်တော်လေးကို အဆင်ပြေသွားပြီလို့ ဆိုရမှာပါ။
ဒီ feature လေးကို ခြောက်လလောက် မက္ကဆီကိုနဲ့ ယူကေမှာ စမ်းသပ်ခဲ့ပါတယ်။ တွေ့ရှိချက်အရ သုံးစွဲသူတွေအတွက် အသုံးဝင်တယ်လို့ ပြောတဲ့အတွက်ကြောင့် မိတ်ဆက်လိုက်တာပါ။
အခုလို Top 10 list ချပြလိုက်ခြင်းဟာ ကြည့်ရှုသူတွေရဲ့အရေအတွက်ကို မပြပေမယ့်လည်း ပွင့်လင်းမြင်သာမှုဆီကို နောက်တစ်လှမ်းတိုးလိုက်တယ်လို့ပဲ ဆိုကြရမှာပါ။
Zawgyi
မေန႔တုန္းက Netflix ဟာ သုံးစြဲသူေတြၾကားမွာ အၾကည့္အမ်ားဆုံးေသာ ဇာတ္ကားေတြနဲ႔ရႈိးေတြထဲက ဆယ္ခုကိုျပသမယ့္ feature ေလးကို မိတ္ဆက္လိုက္ပါတယ္။
အဲဒီ Top 10 ဟာ ေန႔စဥ္အေျပာင္းအလဲရွိမွာျဖစ္ၿပီးေတာ့ ကိုယ့္ႏိုင္ငံအတြင္းမွာ ဘယ္လိုမ်ိဳးေတြကလူႀကိဳက္မ်ားေနသလဲဆိုတာကို ျပသေပးမွာျဖစ္ပါတယ္။ ေနာက္ၿပီး Top 10 ရဲ႕ အစဥ္လိုက္ဟာ ကိုယ္နဲ႔ အဲဒီဇာတ္ကား၊ ရႈိးနဲ႔ ဘယ္ေလာက္ match ျဖစ္သလဲဆိုတာအေပၚမူတည္ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ တူညီမွာမဟုတ္ဘူးလို႔လည္း သိရပါတယ္။
ဒါ့အျပင္ overall Top 10 list ေလးအျပင္ subscriber ေတြဟာ သက္ဆိုင္ရာ Tab ေလးကိုႏွိပ္လိုက္ခ်ိန္မွာ တီဗြီရႈိးနဲ႔ ဇာတ္ကားေတြအတြက္ သီးသန႔္ list ေတြကိုလည္း ျမင္ေတြ႕ႏိုင္ဦးမွာျဖစ္ပါတယ္။
Netflix ရဲ႕ဒါ႐ိုက္တာတစ္ေယာက္ျဖစ္တဲ့ Cameron Johnson ကေတာ့ စာရင္းထဲမွာျပသမယ့္ဇာတ္ကားေတြနဲ႔ ရႈိးေတြဟာ Top 10 ဆိုတဲ့ တံဆိပ္ေလးပါဝင္ေနမွာျဖစ္ၿပီးေတာ့ category နဲ႔ရွာရွာ ၊ personal list ထဲမွာပဲရွာရွာ ျမင္ေတြ႕ႏိုင္မွာျဖစ္တယ္လို႔ ရွင္းျပထားပါတယ္။

အဲဒီလို list ေလးထြက္လာျခင္းဟာ သုံးစြဲသူေတြအတြက္ ေတာ္ေတာ္ေလးကို အခ်ိန္ကုန္သက္သာသြားေစပါတယ္။ Netflix မွာ ဇာတ္ကားေတြ၊ ရႈိးေတြက မ်ားျပားလြန္းတဲ့အတြက္ေၾကာင့္ လူႀကိဳက္မ်ားတဲ့အရာေတြကလည္း ေတာ္ေတာ္မ်ားပါတယ္။ အခုေတာ့ Top 10 ကိုပဲ ေ႐ြးခ်ယ္ၾကည့္ခ်င္တဲ့သူေတြကေတာ့ ေတာ္ေတာ္ေလးကို အဆင္ေျပသြားၿပီလို႔ ဆိုရမွာပါ။
ဒီ feature ေလးကို ေျခာက္လေလာက္ မကၠဆီကိုနဲ႔ ယူေကမွာ စမ္းသပ္ခဲ့ပါတယ္။ ေတြ႕ရွိခ်က္အရ သုံးစြဲသူေတြအတြက္ အသုံးဝင္တယ္လို႔ ေျပာတဲ့အတြက္ေၾကာင့္ မိတ္ဆက္လိုက္တာပါ။
အခုလို Top 10 list ခ်ျပလိုက္ျခင္းဟာ ၾကည့္ရႈသူေတြရဲ႕အေရအတြက္ကို မျပေပမယ့္လည္း ပြင့္လင္းျမင္သာမႈဆီကို ေနာက္တစ္လွမ္းတိုးလိုက္တယ္လို႔ပဲ ဆိုၾကရမွာပါ။