နားကြပ်ပေါက်ပါဝင်ပြီး 5G ထောက်ပံ့မှုပေးထားသော Xperia 1 II ကို Sony မိတ်ဆက်

0
1098

Unicode

စမတ်ဖုန်းလောကထဲမှာ Apple နဲ့Samsung တို့သာကြီးစိုးနေကြပေမယ့်လည်း Sony ဆိုတာ အဆင့်အတန်းမြင့်စမတ်ဖုန်းတွေ ထုတ်လုပ်တဲ့သူဆိုတာကိုတော့ မေ့ပျောက်သွားကြမှာ မဟုတ်ပါဘူး။ နောက်ဆုံးရရှိထားတဲ့သတင်းအရ Xperia 1 II မှာ ထိပ်တန်းအချက်အလက်တွေအပြင် 3.5mm headphone jack လည်း ပါဝင်မှာပါ။
Xperia 1 ရဲ့ နောက်မှာထွက်ရှိလာတဲ့ Xperia 1 II ကို Xperia One, Mark Two လို့ အသံထွက်ပါတယ်။ အဲဒီဖုန်းလေးမှာ 3.5mm jack ကို ပြန်ထည့်ပေးထားပါတယ်။ ၂၁:၉ ၆.၅လက်မ “CinemaWide” 4K HDR OLED (3840×1644), Dolby Atmos, Snapdragon 865, 8GB RAM, 5G modem စတဲ့ ထိပ်တန်းအချက်အလက်တွေကို ထည့်သွင်းပေးထားပါတယ်။
dynamic speed လိုအပ်တဲ့ broadcast ပရော်ဖက်ရှင်နယ်တစ်ယောက် ဒါမှမဟုတ် 5G နဲ့ပိုမိုကောင်းမွန်တဲ့ Xperia ရဲ့ ခံစားချက်တွေကို နေ့စဉ်အသုံးပြုချင်သူတစ်ယောက်အတွက်ကတော့ လုံးဝကိုအဆင်ပြေစေမှာပါ။


Sony ဖြစ်တာမို့ photography fan တွေကတော့ ပျော်ရမှာပါ။ အနောက်ဘက်မှာ ကင်မရာသုံးလုံးတပ်ဆင်ထားပြီး 12MP Zeiss-brand lenses သုံးလုံးကို ထည့်သွင်းအသုံးပြုထားပါတယ်။ တစ်လုံးစီဟာ Zeiss’ T* anti-reflective coating ကို အသုံးပြုထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ 24mm, f/1.7 lens – 82 degree field of view, 70mm f/2.4 – 34 degree field of view, 16mm f/2.2 lens – 124 degree field of view တို့ကို ပိုင်ဆိုင်မှာပါ။ zoom အတွက်လည်း 3D time-of-flight unit ထည့်သွင်းထားပါတယ်။ selfie cam ကလည်း 8MP f/2.0 lens – 84 degree field of view ပါ။
ကင်မရာတွေဟာ 20fps shooting burst mode ရိုက်ကူးနိုင်မှာပါ။ ဒါဟာ စမတ်ဖုန်းမှာ ပထမဆုံးပဲလို့ Sony က ပြောပါတယ်။ ကင်မရာရဲ့ autofocus ဟာ frame ရဲ့၇၀% ကို ကာဗာဖြစ်ပါတယ်။


60fps အထိ 4K ရိုက်ကူးနိုင်ပြီးတော့ 120 fps မှာတော့ 2K အထိ ထောက်ပံ့ထားပါတယ်။ အသံပိုင်းမှာ built-in 360 Reality Audio ထည့်ပေးထားပါတယ်။ မနှစ်ကတုန်းက Sony မိတ်ဆက်ခဲ့တာပါ။
256 RAMကိုမှ ကဒ်ထပ်စိုက်လို့ရမယ်။ ကဒ်က 1TB အထိ ထောက်ပံ့ထားတယ်။ ကြိုးမဲ့အားသွင်းစနစ်၊ 4,000mAh ဘတ်ထရီပါမယ်။ ဥရောပမှာ 5G udk Qualcomm X55 modem နဲ့ ပွဲထုတ်မယ်။ ယူအက်စ်မှာတော့ 5G မရဘူး။ လက်ဗွေနဲ့ အရှေ့ဘက်ကိုမျက်နှာမူထားတဲ့ စပီကာနှစ်လုံးပါမယ်။ screen refresh rate မသိရသေးပေမယ့်လည်း 90Hz တော့ ဖြစ်မယ်။
ဥရောပကို နွေဦးရာသီအမီ ဖြန့်ချိမှာပါ။ ယူအက်စ်အတွက်ကိုတော့ ဘယ်ရက်ဖြန့်မလဲ မသိရသေးပါဘူး။

Zawgyi






Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.