Xperia L4 စမတ်ဖုန်းကို ကြေညာလိုက်တဲ့ Sony

0
1043

Sony အနေနဲ့ 2020 ခုနှစ်အတွက် ကုမ္ပဏီရဲ့ ပထဆုံး စမတ်ဖုန်းလို့ သတ်မှတ်နိုင်မယ့် Xperia L4 ကို ကြေညာလိုက်ပါတယ်။ Sony Xperia L4 မှာ 21:9 Aspect Ratio နဲ့ဖြစ်ပြီး မျက်နှာပြင် 6.2 လက်မ LCD HD+(720p) ရုပ်ထွက်နှင့် Notch ပါဝင်ပါတယ်။ Sony ဟာ Sony Xperia L4 မှာ Notch ကို ပထမဆုံး သုံးလာတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် Sony တို့ Notch သုံးလာတာ အနည်းငယ် နောက်ကျနေပြီလို့ ဆိုရပါမယ်။ နောက်ပိုင်းထွက် စမတ်ဖုန်းတိုင်းလိုလိုမှာ Punch-Hole သုံးနေပါတယ်။

Sony Xperia L4 ကို MediaTek Helio P22 ၊ RAM3GB နှင့် အထိုင်ချထားပြီး Storage 64GB ပါဝင်ပါတယ်။ကျောဘက်ကင်မရာသုံးလုံး ပါဝင်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးက 13MP+5MP Ultrawide+2MP Depth တို့ ဖြစ်ပါတယ်။ ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။
ဒီဖုန်းမှာ သုံးထားတဲ့ Helio P22 ကအတော်လေး နိမ့်တဲ့အဆင့်လို့ သတ်မှတ်ရမှာပါ။ ဘက်ထရီ 3580 mAhပါဝင်ပါတယ်။ လက်ရှိအချိန်မှာ Sony Xperia L4 ရဲ့ ဈေးနှုန်းကို မကြေညာသေးပေမယ့် ဈေးနှုန်း ဒေါ်လာ 300 ပတ်ဝန်းကျင် ဖြစ်လာဖို့ ရှိပါတယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.