OPPO Find X2 ကို မတ်လ 6 ရက်နေ့တွင် မိတ်ဆက်လာမည်

0
424

OPPO အနေနဲ့ Find X2 ကို လာမယ့် မတ်လ 6 ရက်နေ့မှာ မိတ်ဆက်သွားတော့မယ့်လို့ သတင်းထွက်လာပါတယ်။ OPPO ဟာ မတ်လ 6 ရက်နေ့ပွဲမှာ OPPO Find X2 အပြင် သူတို့ရဲ့ ပထမဆုံး စမတ်နာရီ OPPO Watch ကိုလည်း ကြေညာဖို့ ရှိနေပါတယ်။ OPPO Find X2 မှာ Snapdragon 865 SoC ၊ 2K ရုပ်ထွက်(QHD+) ၊ RAM8GB နှင့် Storage 256GB ပါဝင်လာမယ်လို့ သိရပါတယ်။

ဒီဖုန်းမှာ ဘက်ထရီ 4065 mAh ပါဝင်မှာ ဖြစ်ပြီး 65W Fast Charging ဖြင့် အားသွင်းမှု ထောက်ပံ့လာမှာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်လာမယ်လို့ သတင်းထွက်ထားပြီး အဓိကကင်မရာမှာ 48MP ဖြစ်လာမယ်လို့ သိရပါတယ်။ OPPO ဟာ Find X2 အပြင် Find X2 Pro ကိုလည်း ကြေညာလာမယ်လို့ သတင်းထွက်ထားပါတယ်။
Geekbench စာရင်းမှာ မြင်တွေ့ရသလောက်ကတော့ Snapdragon 865 ပရိုဆက်ဆာနဲ့အတူ 12 GB RAM အသုံးပြုလာဖို့ များပါတယ်။ ပြီးတော့ Android 10 ကိုလည်း တပါတည်း ထည့်ပေးလာမှာပါ။ single-core ရလာဒ်မှာ 913 ဖြစ်ပြီး multi-core မှာတော့ 3,308 ရထားပါတယ်။ Geekbench 5 နဲ့စမ်းသပ်ထားတဲ့ android ဖုန်းတွေထဲမှာတော့ အမြင့်ဆုံးရလာဒ်လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။

zawgyi

OPPO Find X2 ကို မတ္လ 6 ရက္ေန႔တြင္ မိတ္ဆက္လာမည္
OPPO အေနနဲ႔ Find X2 ကို လာမယ့္ မတ္လ 6 ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မယ့္လို႔ သတင္းထြက္လာပါတယ္။ OPPO ဟာ မတ္လ 6 ရက္ေန႔ပြဲမွာ OPPO Find X2 အျပင္ သူတို႔ရဲ႕ ပထမဆုံး စမတ္နာရီ OPPO Watch ကိုလည္း ေၾကညာဖို႔ ရွိေနပါတယ္။ OPPO Find X2 မွာ Snapdragon 865 SoC ၊ 2K ႐ုပ္ထြက္(QHD+) ၊ RAM8GB ႏွင့္ Storage 256GB ပါဝင္လာမယ္လို႔ သိရပါတယ္။

ဒီဖုန္းမွာ ဘက္ထရီ 4065 mAh ပါဝင္မွာ ျဖစ္ၿပီး 65W Fast Charging ျဖင့္ အားသြင္းမႈ ေထာက္ပံ့လာမွာ ျဖစ္ပါတယ္။ ဒီဖုန္းမွာ ေက်ာဘက္ကင္မရာေလးလုံး ပါဝင္လာမယ္လို႔ သတင္းထြက္ထားၿပီး အဓိကကင္မရာမွာ 48MP ျဖစ္လာမယ္လို႔ သိရပါတယ္။ OPPO ဟာ Find X2 အျပင္ Find X2 Pro ကိုလည္း ေၾကညာလာမယ္လို႔ သတင္းထြက္ထားပါတယ္။
Geekbench စာရင္းမွာ ျမင္ေတြ႕ရသေလာက္ကေတာ့ Snapdragon 865 ပရိုဆက္ဆာနဲ႔အတူ 12 GB RAM အသုံးျပဳလာဖို႔ မ်ားပါတယ္။ ၿပီးေတာ့ Android 10 ကိုလည္း တပါတည္း ထည့္ေပးလာမွာပါ။ single-core ရလာဒ္မွာ 913 ျဖစ္ၿပီး multi-core မွာေတာ့ 3,308 ရထားပါတယ္။ Geekbench 5 နဲ႔စမ္းသပ္ထားတဲ့ android ဖုန္းေတြထဲမွာေတာ့ အျမင့္ဆုံးရလာဒ္လို႔ သတ္မွတ္ႏုိင္ပါလိမ့္မယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.