Unicode
၂၀၂၁ခုနှစ်မှာ Apple ဟာ iPhone ရဲ့ Lighting Port ဖြုတ်တော့မယ်လို့ သတင်းတွေထွက်ခဲ့တာလည်း မနှစ်ကတည်းကပါ။ အခုလည်း သတင်းကိုအတည်ပြုထားတဲ့ မူပိုင်ခွင့်လေးတစ်ခုကို ကျွန်တော်တို့ မြင်လိုက်ရပြန်ပါပြီ။၏
ဒီမူပိုင်ခွင့်လေးကိုတော့ Apple Insider က ပထမဆုံးမြင်တွေ့ခဲ့တာဖြစ်ပြီး “Eletronic device with glass enclosure ” လို့ စာတန်းကပ်ထားပါတယ်။

၂၀၁၉ သြဂုတ် ၅ရက်နေ့မှာ စပြီးတင်ထားတဲ့မူပိုင်ခွင့်လေးဖြစ်ပြီးတော့ ကြာသပတေးနေ့က မူပိုင်ခွင့်ကို ဖြန့်ချိခဲ့တာပါ။ ဒါကြောင့် Ming-Chi Kuo ပြောခဲ့တဲ့စကားက မှန်သယောင်ယောင် ရှိနေပါပြီ။
အထင်ရှားဆုံးကတော့ Lightning Port ပျောက်နေတာကို တွေ့ရမှာပါ။ ဘယ်လိုခလုတ်မျိုးမှကို မမြင်ရပါဘူး။ အသံခလုတ်တွေဟာ ဖုန်းရဲ့ touch control တွေနဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။ ဖုန်းလေးဟာ waterfall display သုံးထားတာဆိုတော့ အစွန်ဘက်တွေကို နှိပ်ရမယ်လို့ ထင်ပါတယ်။
ခြောက်ဖက်ခြောက်လံလုံး glass တွေနဲ့ ဝန်းရံထားမှာပါ။ ဆိုတော့က လုံးဝကို glass တွေချည်းသုံးထားတဲ့ iPhone လေးကို ထုတ်လုပ်တော့မှာပါ။ wireless charging ကို မှီခိုတော့မယ့် အနေအထားပါ။ ကင်မရာကတော့ ဒီမူပိုင်ခွင့်ထဲမှာ မမြင်ရသေးပါဘူး။
ဒီဇင်ဘာ ၂၀၁၉တုန်းက Kuo ပြောခဲ့တာကတော့ Lightning Port မပါတဲ့ iPhone တွေကို 2021 iPhone တွေမှာ မြင်ရမယ်ဆိုပေမယ့်လည်း top-tier ဖြစ်တဲ့ iPhone 13 Pro Max မှာသာ မြင်တွေ့ရလောက်မှာပါ။ iPhone 13 Pro နဲ့iPhone 13 ကတော့ ဒီအတိုင်း Lightning Port ကို မြင်တွေ့ရဦးမှာပါ။
နောက်ပြီး ၂၀၁၉တုန်းကတင်ခဲ့တဲ့ မူပိုင်ခွင့်မှာလည်း iPhone version နောက်တစ်မျိုးကို မြင်တွေ့ရမှာပါ။
Zawgyi
၂၀၂၁ခုႏွစ္မွာ Apple ဟာ iPhone ရဲ႕ Lighting Port ျဖဳတ္ေတာ့မယ္လို႔ သတင္းေတြထြက္ခဲ့တာလည္း မႏွစ္ကတည္းကပါ။ အခုလည္း သတင္းကိုအတည္ျပဳထားတဲ့ မူပိုင္ခြင့္ေလးတစ္ခုကို ကြၽန္ေတာ္တို႔ ျမင္လိုက္ရျပန္ပါၿပီ။၏
ဒီမူပိုင္ခြင့္ေလးကိုေတာ့ Apple Insider က ပထမဆုံးျမင္ေတြ႕ခဲ့တာျဖစ္ၿပီး “Eletronic device with glass enclosure ” လို႔ စာတန္းကပ္ထားပါတယ္။

၂၀၁၉ ၾသဂုတ္ ၅ရက္ေန႔မွာ စၿပီးတင္ထားတဲ့မူပိုင္ခြင့္ေလးျဖစ္ၿပီးေတာ့ ၾကာသပေတးေန႔က မူပိုင္ခြင့္ကို ျဖန႔္ခ်ိခဲ့တာပါ။ ဒါေၾကာင့္ Ming-Chi Kuo ေျပာခဲ့တဲ့စကားက မွန္သေယာင္ေယာင္ ရွိေနပါၿပီ။
အထင္ရွားဆုံးကေတာ့ Lightning Port ေပ်ာက္ေနတာကို ေတြ႕ရမွာပါ။ ဘယ္လိုခလုတ္မ်ိဳးမွကို မျမင္ရပါဘူး။ အသံခလုတ္ေတြဟာ ဖုန္းရဲ႕ touch control ေတြနဲ႔ အလုပ္လုပ္မွာျဖစ္ပါတယ္။ ဖုန္းေလးဟာ waterfall display သုံးထားတာဆိုေတာ့ အစြန္ဘက္ေတြကို ႏွိပ္ရမယ္လို႔ ထင္ပါတယ္။
ေျခာက္ဖက္ေျခာက္လံလုံး glass ေတြနဲ႔ ဝန္းရံထားမွာပါ။ ဆိုေတာ့က လုံးဝကို glass ေတြခ်ည္းသုံးထားတဲ့ iPhone ေလးကို ထုတ္လုပ္ေတာ့မွာပါ။ wireless charging ကို မွီခိုေတာ့မယ့္ အေနအထားပါ။ ကင္မရာကေတာ့ ဒီမူပိုင္ခြင့္ထဲမွာ မျမင္ရေသးပါဘူး။
ဒီဇင္ဘာ ၂၀၁၉တုန္းက Kuo ေျပာခဲ့တာကေတာ့ Lightning Port မပါတဲ့ iPhone ေတြကို 2021 iPhone ေတြမွာ ျမင္ရမယ္ဆိုေပမယ့္လည္း top-tier ျဖစ္တဲ့ iPhone 13 Pro Max မွာသာ ျမင္ေတြ႕ရေလာက္မွာပါ။ iPhone 13 Pro နဲ႔iPhone 13 ကေတာ့ ဒီအတိုင္း Lightning Port ကို ျမင္ေတြ႕ရဦးမွာပါ။
ေနာက္ၿပီး ၂၀၁၉တုန္းကတင္ခဲ့တဲ့ မူပိုင္ခြင့္မွာလည္း iPhone version ေနာက္တစ္မ်ိဳးကို ျမင္ေတြ႕ရမွာပါ။