Gmail, Youtube လိုမျိုး app တွေကို Huawei ဖုန်းတွေမှာ မရမကထည့်သွင်းမသုံးဖို့ Google ပြောကြား

0
2358

Unicode

သောကြာနေ့မနက်ခင်းတုန်းက Google ဟာ Huawei လက်ရှိကြုံနေရတဲ့အခြေအနေနဲ့ပတ်သတ်ပြီးတော့ ဆောင်းပါးတစ်ခုထုတ်ဝေခဲ့ပါတယ်။ မနှစ်ကတုန်းက ယူအက်စ်အစိုးရဟာ တရုတ် hardware ထုတ်လုပ်သူဖြစ်တဲ့ Huawei နဲ့ အလုပ်တွဲလုပ်တဲ့လုပ်ငန်းတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ Google ဟာလည်း ပစ္စည်းမော်ဒယ်လ်အသစ်တွေမှာ ဒါမှမဟုတ် သူ့ရဲ့ Gmail, Maps, YouTube, Play Store တွေကို သုံးခွင့်မပေးဖို့ တားမြစ်ခြင်း ခံခဲ့ရပါတယ်။
Google ရဲ့ပြောကြားချက်အရ ဘယ်လိုပစ္စည်းတွေမှာ Google service တွေကို ပိတ်ခံထားရသလဲဆိုတာ ဒွိဟတွေဖြစ်နေကြမယ်လို့ သိရပါတယ်။
Huawei ရဲ့ အသစ်ထွက်လာတဲ့ပစ္စည်းတွေဖြစ်တဲ့ အခုမှအသစ်ထွက်လာတဲ့ မော်ဒယ်လ်အသစ်တွေ ဒါမှမဟုတ် မေ ၁၆ ၂၀၁၉ နောက်မှမိတ်ဆက်ထားပေမယ့်လည်း အခုမှ region အသစ်မှာ ရရှိတာမျိုးတွေအတွက် ကျွန်တော်တို့ကို မေးခွန်းတွေလာမေးနေကြပါတယ်။ Google app & service တွေကို အသုံးပြုလို့ရနိုင်မလားပေါ့။ အဲဒီလိုအရေးပါတဲ့မေးခွန်းတွေအတွက် ကျွန်တော်တို့ရှင်းရှင်းလင်းလင်း ဖြေရှင်းပေးချင်ခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်က ရှိနေပြီးသား Huawei ပစ္စည်းတွေပေါ်မှာ အသုံးပြုနေကြတဲ့ Google သုံးစွဲသူတွေရဲ့ လုံခြုံရေးကို အကောင်းမွန်ဆုံးပေးစွမ်းနိုင်ဖို့ပါပဲ။ Huawei နဲ့ လက်တွဲသွားပြီးတော့ အစိုးရရဲ့စည်းမျဉ်းအတိုင်း security update တွေ၊ app update တွေကို ရှိနေပြီးသားပစ္စည်းတွေပေါ်မှာ လုပ်ဆောင်ပေးသွားမှာပါ။ ခွင့်ပြုချက်ရနေသရွေ့ ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်သွားမှာပါ။
မေလ ၁၆ရက် ၂၀၁၉ မတိုင်ခင်ဖြန့်ချိခဲ့တဲ့ Huawei ထုတ်ကုန်တွေဟာ update တွေကိုရရှိနေဦးမှာပါ။ အဲဒီနောက်မှ ထွက်လာတဲ့ပစ္စည်းတွေကတော့ မသေချာပါဘူး။
နောက်ပြီး Gmail, Youtube, Play Store နဲ့ အခြားသော Google software တွေကို sideload အနေနဲ့မသုံးဖို့အတွက် Google က တားမြစ်သတိပေးထားပါတယ်။ အဲဒီ app တွေဟာ malware ကင်းစင်ကြောင်း သူတို့အာမမခံနိုင်ပါဘူး။
Google app တွေကို sideload အနေနဲ့အသုံးပြုခြင်းဟာ စိတ်ချရမှုမရှိပါူဘး။ ကျွန်တော်တို့ဟာ အဲဒီဝန်ဆောင်မှုတွေကို အဲဒီပစ္စည်းတွေပေါ်မှာ အသုံးပြုခွင့်ပိတ်ထားပါတယ်။ ဒီလိုလုပ်ခြင်းဟာ သုံးစွဲသူရဲ့လုံခြုံရေးကို ကာကွယ်ပေးနိုင်တော့မှာမဟုတ်ပါဘူး။
Google အနေနဲ့ သုံးစွဲသူတွေကို သူတို့ရဲ့ဝန်ဆောင်မှုကိုကြိုက်တဲ့အတွက်ကြောင့် မရမကသုံးစွဲမှာကို တားမြစ်လိုက်တဲ့သဘောပါ။ ကိုယ်သုံးနေတဲ့ဖုန်းက Google service အတွက် certified ဖြစ်လားစစ်ဆေးချင်တယ်ဆိုရင်တော့ Google Play Store app ကိုဖွင့်လိုက်ပါ။ Menu ထဲကနေ Settings ကိုရှာလိုက်ပါ။ ဒါဆိုရင်တော့ certified ဖြစ်တဲ့ဖုန်းတွေမှာ Play Protect certification ဆိုတာလေး မြင်ရပါလိမ့်မယ်။

Zawgyi

ေသာၾကာေန႔မနက္ခင္းတုန္းက Google ဟာ Huawei လက္ရွိႀကဳံေနရတဲ့အေျခအေနနဲ႔ပတ္သတ္ၿပီးေတာ့ ေဆာင္းပါးတစ္ခုထုတ္ေဝခဲ့ပါတယ္။ မႏွစ္ကတုန္းက ယူအက္စ္အစိုးရဟာ တ႐ုတ္ hardware ထုတ္လုပ္သူျဖစ္တဲ့ Huawei နဲ႔ အလုပ္တြဲလုပ္တဲ့လုပ္ငန္းေတြကို တားျမစ္ပိတ္ပင္ခဲ့ပါတယ္။ Google ဟာလည္း ပစၥည္းေမာ္ဒယ္လ္အသစ္ေတြမွာ ဒါမွမဟုတ္ သူ႔ရဲ႕ Gmail, Maps, YouTube, Play Store ေတြကို သုံးခြင့္မေပးဖို႔ တားျမစ္ျခင္း ခံခဲ့ရပါတယ္။
Google ရဲ႕ေျပာၾကားခ်က္အရ ဘယ္လိုပစၥည္းေတြမွာ Google service ေတြကို ပိတ္ခံထားရသလဲဆိုတာ ဒြိဟေတြျဖစ္ေနၾကမယ္လို႔ သိရပါတယ္။
Huawei ရဲ႕ အသစ္ထြက္လာတဲ့ပစၥည္းေတြျဖစ္တဲ့ အခုမွအသစ္ထြက္လာတဲ့ ေမာ္ဒယ္လ္အသစ္ေတြ ဒါမွမဟုတ္ ေမ ၁၆ ၂၀၁၉ ေနာက္မွမိတ္ဆက္ထားေပမယ့္လည္း အခုမွ region အသစ္မွာ ရရွိတာမ်ိဳးေတြအတြက္ ကြၽန္ေတာ္တို႔ကို ေမးခြန္းေတြလာေမးေနၾကပါတယ္။ Google app & service ေတြကို အသုံးျပဳလို႔ရႏိုင္မလားေပါ့။ အဲဒီလိုအေရးပါတဲ့ေမးခြန္းေတြအတြက္ ကြၽန္ေတာ္တို႔ရွင္းရွင္းလင္းလင္း ေျဖရွင္းေပးခ်င္ခဲ့ပါတယ္။
ကြၽန္ေတာ္တို႔ရဲ႕အဓိကရည္႐ြယ္ခ်က္က ရွိေနၿပီးသား Huawei ပစၥည္းေတြေပၚမွာ အသုံးျပဳေနၾကတဲ့ Google သုံးစြဲသူေတြရဲ႕ လုံၿခဳံေရးကို အေကာင္းမြန္ဆုံးေပးစြမ္းႏိုင္ဖို႔ပါပဲ။ Huawei နဲ႔ လက္တြဲသြားၿပီးေတာ့ အစိုးရရဲ႕စည္းမ်ဥ္းအတိုင္း security update ေတြ၊ app update ေတြကို ရွိေနၿပီးသားပစၥည္းေတြေပၚမွာ လုပ္ေဆာင္ေပးသြားမွာပါ။ ခြင့္ျပဳခ်က္ရေနသေ႐ြ႕ ဒီလုပ္ငန္းစဥ္ကို လုပ္ေဆာင္သြားမွာပါ။
ေမလ ၁၆ရက္ ၂၀၁၉ မတိုင္ခင္ျဖန႔္ခ်ိခဲ့တဲ့ Huawei ထုတ္ကုန္ေတြဟာ update ေတြကိုရရွိေနဦးမွာပါ။ အဲဒီေနာက္မွ ထြက္လာတဲ့ပစၥည္းေတြကေတာ့ မေသခ်ာပါဘူး။
ေနာက္ၿပီး Gmail, Youtube, Play Store နဲ႔ အျခားေသာ Google software ေတြကို sideload အေနနဲ႔မသုံးဖို႔အတြက္ Google က တားျမစ္သတိေပးထားပါတယ္။ အဲဒီ app ေတြဟာ malware ကင္းစင္ေၾကာင္း သူတို႔အာမမခံႏိုင္ပါဘူး။
Google app ေတြကို sideload အေနနဲ႔အသုံးျပဳျခင္းဟာ စိတ္ခ်ရမႈမရွိပါူဘး။ ကြၽန္ေတာ္တို႔ဟာ အဲဒီဝန္ေဆာင္မႈေတြကို အဲဒီပစၥည္းေတြေပၚမွာ အသုံးျပဳခြင့္ပိတ္ထားပါတယ္။ ဒီလိုလုပ္ျခင္းဟာ သုံးစြဲသူရဲ႕လုံၿခဳံေရးကို ကာကြယ္ေပးႏိုင္ေတာ့မွာမဟုတ္ပါဘူး။
Google အေနနဲ႔ သုံးစြဲသူေတြကို သူတို႔ရဲ႕ဝန္ေဆာင္မႈကိုႀကိဳက္တဲ့အတြက္ေၾကာင့္ မရမကသုံးစြဲမွာကို တားျမစ္လိုက္တဲ့သေဘာပါ။ ကိုယ္သုံးေနတဲ့ဖုန္းက Google service အတြက္ certified ျဖစ္လားစစ္ေဆးခ်င္တယ္ဆိုရင္ေတာ့ Google Play Store app ကိုဖြင့္လိုက္ပါ။ Menu ထဲကေန Settings ကိုရွာလိုက္ပါ။ ဒါဆိုရင္ေတာ့ certified ျဖစ္တဲ့ဖုန္းေတြမွာ Play Protect certification ဆိုတာေလး ျမင္ရပါလိမ့္မယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.