မိနစ်ပိုင်းအတွင်း အော်ဒါတွေရောင်းကုန်သွားတဲ့ Samsung Galaxy Z Flip

0
762

Unicode

အိန္ဒိယနိုင်ငံအတွက် Galaxy Z Flip ရဲ့ ပရီအော်ဒါတွေကတော့ မိနစ်ပိုင်းအတွက်မှာ အကုန်လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။
Galaxy Z Flip ဟာ ဒေါ်လာ၁၅၃၀ နဲ့အိန္ဒိယမှာ ပရီအော်ဒါလက်ခံခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ official site ကနေ ဘွတ်ကင်တင်ရတာဖြစ်ပြီးတော့ ပြည်တွင်းမှာရှိတဲ့ လက်လီအရောင်းဆိုင်တွေကို ပြန်ရွေးချယ်နိုင်ပါတယ်။ Samsung ဟာ အလုံးရေဘယ်လောက်လက်ခံမလဲဆိုတာကို မပြောခဲ့ပါဘူး။ ဒါပေမယ့်လည်း ကြိုတင်ဘွတ်ကင်လုပ်ထားတာတွေကို ခဏရပ်နားလိုက်ကြောင်း၊ မကြာခင်မှာ ပြန်လည်လက်ခံမှာဖြစ်ကြောင်းကိုတော့ ပြောခဲ့ပါတယ်။


မနေ့ကတုန်းက ပရီအော်ဒါတင်ခဲ့တဲ့သူတွေကတော့ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ စပြီးဖြန့်ချိပေးမှာပါ။ Samsung ဟာ ဖေဖော်ဝါရီ၂၈ရက်နေ့မှာ ကြိုတင်အော်ဒါတွေကို ပြန်လည်လက်ခံသွားဦးမှာပါ။ ဒီသတင်းအတည်ပြုဖို့တော့ ကျန်နေပါသေးတယ်။
မနေ့ကတုန်းက Galaxy Z Flip ကို အော်ဒါမတင်နိုင်ခဲ့တဲ့သူတွေအနေနဲ့ နောက်တစ်ကြိမ်ထပ်ပြီး အော်ဒါတင်လို့ရမယ့်အချိန်ကို ကျွန်တော်တို့ တင်ပြပေးပါ့မယ်။
Galaxy Z Flip ကို Snapdragon 855+ SoC, 8GB RAM, 256 ROM နဲ့အတူ ပွဲထုတ်ထားပြီးတော့ ၆.၇လက်မ foldable Dynamic AMOLED display, 2636×1080 pixel resolution, 10MP, 12MP နှစ်လုံး ပါဝင်မှာပါ။

Zawgyi




Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.