ကြေညာထားခြင်းမရှိဘဲထွက်ပေါ်လာတဲ့ ၃၉၉ဒေါ်လာတန် AirPods X Generation

0
2108

Unicode

ဒီနှစ်ရဲ့ ပထမနှစ်ဝက်မှာ Apple ဟာ over-ear headphone အသစ်ကို ဖန်တီးဖို့အတွက် စီစဉ်နေတယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။ အခုတော့ YouTuber Jon Prosser က တွစ်တာပေါ်မှာ မြင်လိုက်ရတဲ့ Apple headphone အသစ်ကို မျှဝေထားပါတယ်။
ပုံလေးမှာမြင်ရတာကတော့ Target’s inventory stystem က ပြသထားတာဖြစ်ပြီးတော့ Apple AirPods (X Generation) လို့ ညွှန်းဆိုထားပြီး ဈေးနှုန်းက 399.99 ဒေါ်လာဖြစ်ပါတယ်။ Apple ရဲ့ လက်ရှိ AirPods ဈေးနှုန်းတွေကို တင်ပြရမယ်ဆိုရင်တော့ AirPods Pro ဟာ ၂၄၉ဒေါ်လာဆိုတော့ တော်တော်လေးကို higher-end ဖြစ်တယ်လို့ဆိုရမှာပါ။ မတူညီတဲ့အရောင်တွေကိုလည်း ရွေးချယ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။
အတွင်းလူတစ်ယောက်ရဲ့ပြောကြားချက်အရ များသောအားဖြင့် ထုတ်ကုန်အသစ်အတွက် နေရာယူတာတွေက ပုံမှန်ဖြစ်နေကြပါပဲ။ ဈေးနှုန်းကတော့ တိကျပေမယ့်လည်း အမည်နာမတွေကတော့ မတိကျဘူးလို့ဆိုတဲ့အတွက်ကြောင့် AirPods X Generation ဆိုတာကတော့ ပြောင်းနိုင်ချေရှိနေပါသေးတယ်။
၃၉၉ဒေါ်လာဆိုတော့ ဈေးကွက်အရတော်တော်လေးမြင့်တဲ့အနေအထားမှာ ရှိနေပါတယ်။ ၂၄၉ဒေါ်လာတန် AirPods Pro နဲ့ယှဉ်ကြည့်လိုက်မယ်ဆိုရင် ဘယ်လို feature တွေများ အသာစီးရနေမလဲဆိုတာ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။
Apple over-ear headphones
Ming-Chi Kuo ပြောခဲ့တာကတော့ လက်ရှိ Beats headphones လိုင်းနဲ့ ကွဲလိမ့်မယ်ဆိုပေမယ့်လည်း Beats Solo Pro လိုမျိုးထုတ်ကုန်ကနေ ဘယ်လိုမျိုး ကွဲထွက်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
သတင်းတွေအရ Apple ဟာ မတ်လမှာ iPad Pro မော်ဒယ်လ်အသစ်နဲ့ iPhone 9 ကို ကြေညာမှာပါ။ over-ear headphone အသစ်ကိုလည်း အဲဒီပွဲမှာ မိတ်ဆက်နိုင်ချေရှိနေပါတယ်။ ဒါပေမယ့် သတိထားရမှာက keynote ကို ဘယ်တုန်းကမှ formal ကျကျ မကြေညာတတ်ဘူးဆိုတာပါပဲ။
ကဲ ဘယ်လိုတွေထင်မြင်ကြလဲဆိုတာ ဆွေးနွေးပေးခဲ့ကြပါဦး။

Zawgyi


Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.