Unicode
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားမှာရှိတဲ့ Galaxy Z Flip စက်ရုံယာယီပိတ်သိမ်းရ
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါဟာ အခုစာဖတ်နေချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့လူပေါင်း ၂၀၀၀ ကျော် သေဆုံးစေခဲ့ပြီး နည်းပညာလုပ်ငန်းတွေကိုပါ ထိပါးနှောင့်ယှက်နေပါတယ်။ Mobile World Congress (MWC) ကိုလည်း ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ကျင်းပမှာဖြစ်ပေမယ့် ဖျက်သိမ်းလိုက်ရပါတယ်။ တရုတ်နိုင်ငံရှိနေတဲ့ စမတ်ဖုန်း brand တွေရဲ့ supply chain တွေလည်း ရပ်တံ့ထားရပါတယ်။
အခုထွက်ရှိလာတဲ့သတင်းတွေအရ တောင်ကိုရီယားမှာလည်း ရိုက်ခတ်မှုတွေစတင်နေပါပြီ။ ဝန်ထမ်းတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်မှာ ဂူမီမှာရှိတဲ့ စမတ်ဖုန်းစက်ရုံကို Samsung ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။
အဲဒီစက်ရုံဟာ Galaxy Fold နဲ့ Galaxy Z Flip တို့ကို ထုတ်လုပ်ပေးတဲ့စက်ရုံဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၂၄ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပြီးတော့ ကူးစက်ခံရတဲ့ဝန်ထမ်းအလုပ်လုပ်တဲ့နေရာကိုတော့ ဖေဖော်ဝါရီလ ၂၅ရက်နေ့အထိ သွားလာခွင့်ပိတ်ထားမှာပါ။
အဲဒီဝန်ထမ်းနဲ့ နီးစပ်တဲ့သူတွေအားလုံးကို self-quarantine လုပ်ထားပြီဖြစ်ကြောင်း၊ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဗိုင်းရပ်စ်ပျံ့နှံမှုတွေအတွက် ကြိုတင်ကာကွယ်ထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဂူမီစက်ရုံရဲ့ပိတ်သိမ်းမှုဟာ Samsung စမတ်ဖုန်းထုတ်လုပ်မှုကို အကြီးအကျယ်ထိခိုက်မှုမရှိနိုင်ပါဘူး။ စမတ်ဖုန်းထုတ်လုပ်မှုနဲ့ ပမာဏအနည်းငယ်ကိုသာ ထိခိုက်လောက်မှာပါ။
Zawgyi
ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေတာင္ကိုရီးယားမွာရွိတဲ့ Galaxy Z Flip စက္ရံုယာယီပိတ္သိမ္းရ
ကိုရိုနာဗိုင္းရပ္စ္ (COVID-19) ေရာဂါဟာ အခုစာဖတ္ေနခ်ိန္မွာ ကမာၻေပၚမွာရွိတဲ့လူေပါင္း ၂၀၀၀ ေက်ာ္ ေသဆံုးေစခဲ့ျပီး နည္းပညာလုပ္ငန္းေတြကိုပါ ထိပါးေႏွာင့္ယွက္ေနပါတယ္။ Mobile World Congress (MWC) ကိုလည္း ေဖေဖာ္၀ါရီလ ၂၄ရက္ေန႕မွာ က်င္းပမွာျဖစ္ေပမယ့္ ဖ်က္သိမ္းလိုက္ရပါတယ္။ တရုတ္ႏုိင္ငံရွိေနတဲ့ စမတ္ဖုန္း brand ေတြရဲ႕ supply chain ေတြလည္း ရပ္တံ့ထားရပါတယ္။
အခုထြက္ရွိလာတဲ့သတင္းေတြအရ ေတာင္ကိုရီယားမွာလည္း ရိုက္ခတ္မႈေတြစတင္ေနပါျပီ။ ၀န္ထမ္းတစ္ေယာက္ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရျပီးေနာက္မွာ ဂူမီမွာရွိတဲ့ စမတ္ဖုန္းစက္ရံုကို Samsung ပိတ္သိမ္းထားတယ္လို႕ သိရပါတယ္။
အဲဒီစက္ရံုဟာ Galaxy Fold နဲ႕ Galaxy Z Flip တို႕ကို ထုတ္လုပ္ေပးတဲ့စက္ရံုျဖစ္ပါတယ္။ ေဖေဖာ္၀ါရီလ ၂၄ရက္ေန႕အထိိ ပိတ္ထားမွာျဖစ္ျပီးေတာ့ ကူးစက္ခံရတဲ့၀န္ထမ္းအလုပ္လုပ္တဲ့ေနရာကိုေတာ့ ေဖေဖာ္၀ါရီလ ၂၅ရက္ေန႕အထိ သြားလာခြင့္ပိတ္ထားမွာပါ။
အဲဒီ၀န္ထမ္းနဲ႕ နီးစပ္တဲ့သူေတြအားလံုးကို self-quarantine လုပ္ထားျပီျဖစ္ေၾကာင္း၊ ျဖစ္လာႏုိင္ဖြယ္ရွိတဲ့ ဗိုင္းရပ္စ္ပ်ံ႕ႏွံမႈေတြအတြက္ ၾကိဳတင္ကာကြယ္ထားေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။
ဂူမီစက္ရံုရဲ႕ပိတ္သိမ္းမႈဟာ Samsung စမတ္ဖုန္းထုတ္လုပ္မႈကို အၾကီးအက်ယ္ထိခိုက္မႈမရွိႏုိင္ပါဘူး။ စမတ္ဖုန္းထုတ္လုပ္မႈနဲ႕ ပမာဏအနည္းငယ္ကိုသာ ထိခိုက္ေလာက္မွာပါ။