ပြိုင်ဘက် app တွေကို နေရာဖယ်ပေးဖို့ စဉ်းစားနေတဲ့ Apple

0
1147

Unicode

လင့်တစ်ခုထဲဝင်လိုက်တဲ့အခါတိုင်း၊အီးမေးလ်လိပ်စာတစ်ခုကိုဖွင့်လိုက်တဲ့အခါတိုင်းမှာ iPhone က Safari ဒါမှမဟုတ် Mail app ကိုဖွင့်ပေးနေတာကို စိတ်ညစ်နေပြီလား။ သုံးလည်းမသုံးဖြစ်ဘဲနဲ့ ဖျက်ပစ်လို့မရတဲ့အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရပြီလား။ Apple က ဒီကိစ္စကိုဖြေရှင်းပေးတော့မှာပါ။
Bloomberg ရဲ့တင်ပြချက်အရ Apple ဟာ သုံးစွဲသူတွေကို သူ့ရဲ့ပြိုင်ဘက်appတွေကို web browsing, mail လုပ်ဆောင်ချက်တွေအတွက် iOS 14 မှာ နေရာဖယ်ပေးမယ်လို့ သိရပါတယ်။ Apple ရဲ့ in-house app တွေဟာ default အနေနဲ့ဝင်နေတာဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ သုံးစွဲသူကိုယ်တိုင်က default သတ်မှတ်လို့ရတော့မှာပါ။ ကျွန်တော်သိသလောက်ဆိုရင် email, browser တင်မကပါဘူး။ Apple Maps ဆိုရင်လည်း ပြောင်းလို့မရပါဘူး။
လက်ရှိမှာ Apple devices တွေမှာ in-house app တွေ ၃၀ ကျော်ထည့်သွင်းပေးထားပြီး App Store ဖွင့်လိုက်တဲ့အချိန်ကတည်းကစတင်ပြီးတော့ default အဖြစ်နဲ့ စတင်အလုပ်လုပ်နေကြပါပြီ။
Apple ဟာ သူ့ရဲ့ကိုယ်ပိုင် software တွေကို အသားပေးထားတာ အံ့သြစရာမရှိပေမယ့်လည်း စိတ်ပျက်ဖို့တော့ကောင်းပါတယ်။ တချို့သော app တွေကိုဖျက်ပစ်ပြီးတော့သုံးကြည့်ပါတယ်။ တချို့ app တွေက ပြိုင်နေစရာမလိုဘဲကို ကောင်းနေတာတွေလည်း ရှိပါတယ်။
နောက်ထပ်ကြားထားတာကတော့ Apple ဟာ third-party music app တွေဖြစ်တဲ့ Pandora, Spotify တို့လိုapp တွေကို သူ့ရဲ့ HomePods မှာ အသုံးပြုခွင့်ပေးမှာပါ။ လက်ရှိမှာတော့ HomePod မှာသုံးချင်တယ်ဆိုရင် AirPlay ကတစ်ဆင့် ဖွင့်နေရတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး Spotify က ကွန်ပလိန်းတက်ထားသလို ဥရောပကော်မရှင်ကလည်း မမျှတဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဒီလိုပြင်ဆင်ပေးလိုက်ခြင်းဟာ official antitrust စုံစမ်းမှုကို ရှောင်လိုက်ရာကြပါတယ်။
ဒါဟာ ကောလာဟလပဲရှိပါသေးတယ်။ Apple က စဉ်းစားနေတယ်ဆိုရင်တောင်မှ နောက်ထပ် iOS မျိုးဆက်သစ်ထွက်လာမှပဲ မြင်တွေ့ရနိုင်မှာပါ။ လုပ်ပါစေဦး။

Zawgyi

လင့္တစ္ခုထဲဝင္လိုက္တဲ့အခါတိုင္း၊အီးေမးလ္လိပ္စာတစ္ခုကိုဖြင့္လိုက္တဲ့အခါတိုင္းမွာ iPhone က Safari ဒါမွမဟုတ္ Mail app ကိုဖြင့္ေပးေနတာကို စိတ္ညစ္ေနၿပီလား။ သုံးလည္းမသုံးျဖစ္ဘဲနဲ႔ ဖ်က္ပစ္လို႔မရတဲ့အေျခအေနမ်ိဳးေတြနဲ႔ ရင္ဆိုင္ေနရၿပီလား။ Apple က ဒီကိစၥကိုေျဖရွင္းေပးေတာ့မွာပါ။
Bloomberg ရဲ႕တင္ျပခ်က္အရ Apple ဟာ သုံးစြဲသူေတြကို သူ႔ရဲ႕ၿပိဳင္ဘက္appေတြကို web browsing, mail လုပ္ေဆာင္ခ်က္ေတြအတြက္ iOS 14 မွာ ေနရာဖယ္ေပးမယ္လို႔ သိရပါတယ္။ Apple ရဲ႕ in-house app ေတြဟာ default အေနနဲ႔ဝင္ေနတာျဖစ္ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သုံးစြဲသူကိုယ္တိုင္က default သတ္မွတ္လို႔ရေတာ့မွာပါ။ ကြၽန္ေတာ္သိသေလာက္ဆိုရင္ email, browser တင္မကပါဘူး။ Apple Maps ဆိုရင္လည္း ေျပာင္းလို႔မရပါဘူး။
လက္ရွိမွာ Apple devices ေတြမွာ in-house app ေတြ ၃၀ ေက်ာ္ထည့္သြင္းေပးထားၿပီး App Store ဖြင့္လိုက္တဲ့အခ်ိန္ကတည္းကစတင္ၿပီးေတာ့ default အျဖစ္နဲ႔ စတင္အလုပ္လုပ္ေနၾကပါၿပီ။
Apple ဟာ သူ႔ရဲ႕ကိုယ္ပိုင္ software ေတြကို အသားေပးထားတာ အံ့ၾသစရာမရွိေပမယ့္လည္း စိတ္ပ်က္ဖို႔ေတာ့ေကာင္းပါတယ္။ တခ်ိဳ႕ေသာ app ေတြကိုဖ်က္ပစ္ၿပီးေတာ့သုံးၾကည့္ပါတယ္။ တခ်ိဳ႕ app ေတြက ၿပိဳင္ေနစရာမလိုဘဲကို ေကာင္းေနတာေတြလည္း ရွိပါတယ္။
ေနာက္ထပ္ၾကားထားတာကေတာ့ Apple ဟာ third-party music app ေတြျဖစ္တဲ့ Pandora, Spotify တို႔လိုapp ေတြကို သူ႔ရဲ႕ HomePods မွာ အသုံးျပဳခြင့္ေပးမွာပါ။ လက္ရွိမွာေတာ့ HomePod မွာသုံးခ်င္တယ္ဆိုရင္ AirPlay ကတစ္ဆင့္ ဖြင့္ေနရတာျဖစ္ပါတယ္။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး Spotify က ကြန္ပလိန္းတက္ထားသလို ဥေရာပေကာ္မရွင္ကလည္း မမွ်တဘူးလို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ဒီလိုျပင္ဆင္ေပးလိုက္ျခင္းဟာ official antitrust စုံစမ္းမႈကို ေရွာင္လိုက္ရာၾကပါတယ္။
ဒါဟာ ေကာလာဟလပဲရွိပါေသးတယ္။ Apple က စဥ္းစားေနတယ္ဆိုရင္ေတာင္မွ ေနာက္ထပ္ iOS မ်ိဳးဆက္သစ္ထြက္လာမွပဲ ျမင္ေတြ႕ရႏိုင္မွာပါ။ လုပ္ပါေစဦး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.