ကြော်ငြာတွေကြောင့် app ပေါင်း ၆၀၀ကျော်ဟာ Play Store ပေါ်က ဖယ်ရှားခံရ

0
2610

Unicode

စိတ်ပျက်စရာကောင်းလောက်အောင် ကြော်ငြာတွေပြနေတဲ့ app တွေကို ရှင်းလင်းတဲ့အနေနဲ့ Googl Play Store မှာ ရှာဖွေရေးတွေလုပ်ဆောင်ခဲ့ပါတယ်။ ကြေညာချက်အရ Play Store ပေါ်ကနေ app ပေါင်း ၆၀၀ ကျော်ကို ဖယ်ရှားလိုက်ပြီလို့ သိရပါတယ်။ ဒါ့အပြင် ကြော်ငြာတွေကနေ ငွေရှာလို့မရအောင်အထိ ပိတ်ပစ်ခဲ့တာပါ။ ကြော်ငြာကို အလွဲသုံးစားလုပ်လို့အပြစ်ပေးတဲ့အနေနဲ့ပေါ့။
ဘယ်လို app မျိုးတွေကို ဖယ်ရှားခဲ့တာလဲဆိုရင် ကြော်ငြာတွေကို မျှော်လင့်မထားတဲ့အခြေအနေတွေမှာ ပြသနေတာမျိုးပါ။ ဥပမာ ဖုန်းကိုမသုံးတဲ့အချိန်မှာမျိုး၊ ဖုန်းခေါ်မယ့်အချိန်မျိုးမှာ ဒါမှမဟုတ် ဖုန်းကို unlock လုပ်လိုက်တဲ့အချိန်မျိုးမှာ မျက်နှာပြင်အပြည့် ကြော်ငြာတက်လာတာမျိုးပေါ့။
Apple App Store နဲ့ယှဉ်လိုက်မယ်ဆိုရင် Google Play Store ဟာ လုံခြုံမှုနည်းပါတယ်။ သူ့ရဲ့ app review လုပ်ဆောင်ချက်ဟာ Apple လောက် မတင်းကျပ်ပါဘူး။ Apple ဟာ app အသစ်တွေနဲ့update တွေ မကြာခဏတင်တာကို လက်မခံပါဘူး။ ဒါကြောင့် app ၆၀၀ ကျော်တောင် ရှင်းပစ်ရတာပါ။ ဒီပမာဏဟာ Play Store ပေါ်က app ပေါင်း ၃၀၀ မီလျံနဲ့ယှဉ်လိုက်ရင်တော့ မပြောပလောက်ပါဘူး။
ဒါဟာ ကနဦးပဲရှိပါသေးတယ်။ Google ဟာ ကြော်ငြာအလွဲသုံးစားလုပ်မှုတွေကို ရှာဖွေဖို့အတွက် နည်းလမ်းအသစ်တွေ ရှာဖွေနေပါတယ်။ ဥပမာ machine-learning နည်းလမ်းအသစ်နဲ့ကြော်ငြာတွေကို ပြနေသလားဆိုတာ စစ်ဆေးမှာပါ။ ကဲ ဘယ်ဘက်ကအနိုင်ရမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။ အမျိုးသားထုကြီးရေ ကိုယ်သုံးနေတဲ့ app လေးပါသွားလား စစ်ကြည့်လိုက်ကြဦး။ တော်ကြာ update ထွက်ရင်မရတော့ဘဲနေမယ်။

Zawgyi

စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ေၾကာ္ျငာေတြျပေနတဲ့ app ေတြကို ရွင္းလင္းတဲ့အေနနဲ႔ Googl Play Store မွာ ရွာေဖြေရးေတြလုပ္ေဆာင္ခဲ့ပါတယ္။ ေၾကညာခ်က္အရ Play Store ေပၚကေန app ေပါင္း ၆၀၀ ေက်ာ္ကို ဖယ္ရွားလိုက္ၿပီလို႔ သိရပါတယ္။ ဒါ့အျပင္ ေၾကာ္ျငာေတြကေန ေငြရွာလို႔မရေအာင္အထိ ပိတ္ပစ္ခဲ့တာပါ။ ေၾကာ္ျငာကို အလြဲသုံးစားလုပ္လို႔အျပစ္ေပးတဲ့အေနနဲ႔ေပါ့။
ဘယ္လို app မ်ိဳးေတြကို ဖယ္ရွားခဲ့တာလဲဆိုရင္ ေၾကာ္ျငာေတြကို ေမွ်ာ္လင့္မထားတဲ့အေျခအေနေတြမွာ ျပသေနတာမ်ိဳးပါ။ ဥပမာ ဖုန္းကိုမသုံးတဲ့အခ်ိန္မွာမ်ိဳး၊ ဖုန္းေခၚမယ့္အခ်ိန္မ်ိဳးမွာ ဒါမွမဟုတ္ ဖုန္းကို unlock လုပ္လိုက္တဲ့အခ်ိန္မ်ိဳးမွာ မ်က္ႏွာျပင္အျပည့္ ေၾကာ္ျငာတက္လာတာမ်ိဳးေပါ့။
Apple App Store နဲ႔ယွဥ္လိုက္မယ္ဆိုရင္ Google Play Store ဟာ လုံၿခဳံမႈနည္းပါတယ္။ သူ႔ရဲ႕ app review လုပ္ေဆာင္ခ်က္ဟာ Apple ေလာက္ မတင္းက်ပ္ပါဘူး။ Apple ဟာ app အသစ္ေတြနဲ႔update ေတြ မၾကာခဏတင္တာကို လက္မခံပါဘူး။ ဒါေၾကာင့္ app ၆၀၀ ေက်ာ္ေတာင္ ရွင္းပစ္ရတာပါ။ ဒီပမာဏဟာ Play Store ေပၚက app ေပါင္း ၃၀၀ မီလ်ံနဲ႔ယွဥ္လိုက္ရင္ေတာ့ မေျပာပေလာက္ပါဘူး။
ဒါဟာ ကနဦးပဲရွိပါေသးတယ္။ Google ဟာ ေၾကာ္ျငာအလြဲသုံးစားလုပ္မႈေတြကို ရွာေဖြဖို႔အတြက္ နည္းလမ္းအသစ္ေတြ ရွာေဖြေနပါတယ္။ ဥပမာ machine-learning နည္းလမ္းအသစ္နဲ႔ေၾကာ္ျငာေတြကို ျပေနသလားဆိုတာ စစ္ေဆးမွာပါ။ ကဲ ဘယ္ဘက္ကအႏိုင္ရမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။ အမ်ိဳးသားထုႀကီးေရ ကိုယ္သုံးေနတဲ့ app ေလးပါသြားလား စစ္ၾကည့္လိုက္ၾကဦး။ ေတာ္ၾကာ update ထြက္ရင္မရေတာ့ဘဲေနမယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.