Realme X50 Pro တွင် 20X zoom quad ကင်မရာသုံးလာမည်

0
570

Realme အနေနဲ့ MWC 2020 ပွဲကိုဒီနှစ် ကျင်းပတော့မှာ မဟုတ်တာကြောင့် သူတို့ရဲ့ စမတ်ဖုန်းသစ်ကို အွန်လိုင်းကနေ မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ အနေနဲ့ လာမယ့် ၂၄ ရက်နေ့မှာတော့ အွန်လိုင်းကနေ livestream event ပြုလုပ်ပြီး မိတ်ဆက်သွားမှာပါ။

Realme ဘက်က သုံးစွဲသူ ပရိသတ်များအတွက် အသစ်ထွက်မယ့် ဖုန်းတွေအတွက် ရည်ရွယ်ပြီး စာမျက်နှာတခုပြုလုပ်ပေးထားပါတယ်။ အဲ့ဒီစာမျက်နှာမှာတော့ အသစ်ထွက်မယ့် Realme X50 Pro ဖုန်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို တင်ပေးနေပါတယ်။ ဒီနေ့မှာ ကုမ္ပဏီအနေနဲ့ teaser တခုကိုတင်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ X50 Pro ဖုန်းမှာ 20X zoom နဲ့အတူ quad-cameras ပါလာမယ်ဆိုတာကိုပါ။
ဒီဖုန်းမှာ အခြားအချက်အလက်တွေ အနေနဲ့ Dual Mode 5G ကိုထောက်ပံ့မယ့် Snapdragon 865 chipset ကိုသုံးလာမှာဖြစ်ပြီး ကုမ္ပဏီက “SuperDart Charge” လို့ နာမည်ပေးထားတဲ့ 65W fast charging ကိုသုံးနိုင်မှာပါ။ မျက်နှာပြင်ကလည်း 90Hz AMOLED screen ဖြစ်မယ်လို့ သိရပါတယ်။ ပြီးတော့ Realme UI ကိုလည်း သုံးနိုင်မယ့် အဆင့်မြင့် စမတ်ဖုန်း တလုံးဖြစ်လာမှာပါ။

zawgyi

Realme X50 Pro တြင္ 20X zoom quad ကင္မရာသုံးလာမည္
Realme အေနနဲ႔ MWC 2020 ပြဲကိုဒီႏွစ္ က်င္းပေတာ့မွာ မဟုတ္တာေၾကာင့္ သူတို႔ရဲ႕ စမတ္ဖုန္းသစ္ကို အြန္လိုင္းကေန မိတ္ဆက္ဖို႔ ျပင္ဆင္ေနပါတယ္။ တ႐ုတ္စမတ္ဖုန္း ထုတ္လုပ္သူ အေနနဲ႔ လာမယ့္ ၂၄ ရက္ေန႔မွာေတာ့ အြန္လိုင္းကေန livestream event ျပဳလုပ္ၿပီး မိတ္ဆက္သြားမွာပါ။

Realme ဘက္က သုံးစြဲသူ ပရိသတ္မ်ားအတြက္ အသစ္ထြက္မယ့္ ဖုန္းေတြအတြက္ ရည္႐ြယ္ၿပီး စာမ်က္ႏွာတခုျပဳလုပ္ေပးထားပါတယ္။ အဲ့ဒီစာမ်က္ႏွာမွာေတာ့ အသစ္ထြက္မယ့္ Realme X50 Pro ဖုန္းနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြကို တင္ေပးေနပါတယ္။ ဒီေန႔မွာ ကုမၸဏီအေနနဲ႔ teaser တခုကိုတင္ေပးခဲ့ပါတယ္။ အဲ့ဒါကေတာ့ X50 Pro ဖုန္းမွာ 20X zoom နဲ႔အတူ quad-cameras ပါလာမယ္ဆိုတာကိုပါ။
ဒီဖုန္းမွာ အျခားအခ်က္အလက္ေတြ အေနနဲ႔ Dual Mode 5G ကိုေထာက္ပံ့မယ့္ Snapdragon 865 chipset ကိုသုံးလာမွာျဖစ္ၿပီး ကုမၸဏီက “SuperDart Charge” လို႔ နာမည္ေပးထားတဲ့ 65W fast charging ကိုသုံးႏိုင္မွာပါ။ မ်က္ႏွာျပင္ကလည္း 90Hz AMOLED screen ျဖစ္မယ္လို႔ သိရပါတယ္။ ၿပီးေတာ့ Realme UI ကိုလည္း သုံးႏိုင္မယ့္ အဆင့္ျမင့္ စမတ္ဖုန္း တလုံးျဖစ္လာမွာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.