Unicode
iPhone, iPad, Mac ပေါ်က Apple TV တို့အတွက် Apple Music feature လေးထဲကမှ လူကြိုက်အများဆုံးတစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ macOs 10.15.4 beta မှာတော့ သုံးစွဲသူတွေဟာ အချိန်နဲ့တစ်ပြေးညီထိုးထားတဲ့ သီချင်းစာသားတွေကို Apple Music မှာ ခံစားနိုင်တော့မှာပါ။
ဒီ feature လေးဟာ မနှစ်ကတုန်းက iPhone, iPad, Mac တို့မှာ ထည့်သွင်းပေးခဲ့တဲ့ time-synced lyrics ဖြစ်ပါတယ်။ macOS ရဲ့အရင်ဗားရှင်းတွေမှာ lyrics တွေကို စာသားအတိုင်းပဲ မြင်တွေ့ရပါတယ်။ ဒီတစ်ခေါက် feature လေးကတော့ သုံးစွဲရတာပိုပြီးတော့ အဆင်ပြေစေမှာပါ။
macOS 10.15.4 beta ရဲ့ release notes ထဲမှာလည်း အတည်ပြုထားပြီးဖြစ်ပါတယ်။ Music app မှာ time-synced lyrics ကို Apple Music subscriber တွေအတွက် ထည့်ပေးထားပါတယ်လို့ ရေးသားထားပါတယ်။ macOS 10.15.4 ရဲ့ ဒုတိယအကြိမ်မြောက် public beta ကိုတော့ ဒီတစ်ပတ်နောက်ဆုံး ဒါမှမဟုတ် နောက်အပတ်မှာ စတင်ဖြန့်ချိသွားနိုင်ပါတယ်။ နောက်လထဲမှာတော့ MacOs 10.15.4 ကို အားလုံးအသုံးပြုနိုင်မယ်လို့ ကျွန်တော်တို့မှန်းထားပါတယ်။ အဲဒီအချိန်လောက်ဆိုရင် live lyrics က အားလုံးအသုံးပြုနိုင်တော့မှာပါ။
Music app ထဲမှာ lyrics လေးမြင်ရဖို့အတွက် သီချင်းဖွင့်ထားချိန်မှာ ညာဘက်အပေါ်နားက quotation ခလုတ်လေးကိုရှာလိုက်ပါ။ သီချင်းအားလုံးမှာ ထောက်ပံ့မထားပါဘူး။ ဘာကြောင့်လဲဆိုတော့ သီချင်းတိုင်းမှာ lyrics မရှိတဲ့အတွက်ကြောင့်ပါ။ Apple ဟာ third-party ဆီကနေ စာသားတွေယူရခြင်းထက် သူတို့ကိုယ်တိုင်လုပ်ဆောင်နေတာပါ။ စာသားမမှန်တာမျိုးတွေရှိမယ်ဆိုရင် Apple Music feedback ပို့နိုင်ကြောင်းကိုလည်း တစ်ပါတည်း အသိပေးထားပါတယ်။
စာဖတ်သူတွေရော ဒီ feature လေးကိုစောင့်နေရတာ ကြာသွားပြီလား။
Zawgyi
iPhone, iPad, Mac ေပၚက Apple TV တို႔အတြက္ Apple Music feature ေလးထဲကမွ လူႀကိဳက္အမ်ားဆုံးတစ္ခုကို ထည့္သြင္းေပးလိုက္ပါတယ္။ ေနာက္ဆုံးထြက္ရွိထားတဲ့ macOs 10.15.4 beta မွာေတာ့ သုံးစြဲသူေတြဟာ အခ်ိန္နဲ႔တစ္ေျပးညီထိုးထားတဲ့ သီခ်င္းစာသားေတြကို Apple Music မွာ ခံစားႏိုင္ေတာ့မွာပါ။
ဒီ feature ေလးဟာ မႏွစ္ကတုန္းက iPhone, iPad, Mac တို႔မွာ ထည့္သြင္းေပးခဲ့တဲ့ time-synced lyrics ျဖစ္ပါတယ္။ macOS ရဲ႕အရင္ဗားရွင္းေတြမွာ lyrics ေတြကို စာသားအတိုင္းပဲ ျမင္ေတြ႕ရပါတယ္။ ဒီတစ္ေခါက္ feature ေလးကေတာ့ သုံးစြဲရတာပိုၿပီးေတာ့ အဆင္ေျပေစမွာပါ။
macOS 10.15.4 beta ရဲ႕ release notes ထဲမွာလည္း အတည္ျပဳထားၿပီးျဖစ္ပါတယ္။ Music app မွာ time-synced lyrics ကို Apple Music subscriber ေတြအတြက္ ထည့္ေပးထားပါတယ္လို႔ ေရးသားထားပါတယ္။ macOS 10.15.4 ရဲ႕ ဒုတိယအႀကိမ္ေျမာက္ public beta ကိုေတာ့ ဒီတစ္ပတ္ေနာက္ဆုံး ဒါမွမဟုတ္ ေနာက္အပတ္မွာ စတင္ျဖန႔္ခ်ိသြားႏိုင္ပါတယ္။ ေနာက္လထဲမွာေတာ့ MacOs 10.15.4 ကို အားလုံးအသုံးျပဳႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔မွန္းထားပါတယ္။ အဲဒီအခ်ိန္ေလာက္ဆိုရင္ live lyrics က အားလုံးအသုံးျပဳႏိုင္ေတာ့မွာပါ။
Music app ထဲမွာ lyrics ေလးျမင္ရဖို႔အတြက္ သီခ်င္းဖြင့္ထားခ်ိန္မွာ ညာဘက္အေပၚနားက quotation ခလုတ္ေလးကိုရွာလိုက္ပါ။ သီခ်င္းအားလုံးမွာ ေထာက္ပံ့မထားပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သီခ်င္းတိုင္းမွာ lyrics မရွိတဲ့အတြက္ေၾကာင့္ပါ။ Apple ဟာ third-party ဆီကေန စာသားေတြယူရျခင္းထက္ သူတို႔ကိုယ္တိုင္လုပ္ေဆာင္ေနတာပါ။ စာသားမမွန္တာမ်ိဳးေတြရွိမယ္ဆိုရင္ Apple Music feedback ပို႔ႏိုင္ေၾကာင္းကိုလည္း တစ္ပါတည္း အသိေပးထားပါတယ္။
စာဖတ္သူေတြေရာ ဒီ feature ေလးကိုေစာင့္ေနရတာ ၾကာသြားၿပီလား။