iPhone 9/SE 2 နဲ့ပတ်သတ်တဲ့ သတင်းတွေကို ပြီးခဲ့တဲ့လတွေအတွင်းမှာ ဆက်တိုက်လိုလို ကြားခဲ့ရမှာပါ။ Apple အနေနဲ့ ဒီဖုန်းတွေကို မတ်လလယ်လောက်မှာ မိတ်ဆက်မယ်လို့ ကြိုတင်သတင်းတွေ ထွက်ထားပါတယ်။ အခုတော့ မိတ်ဆက်မယ်ရက်ဟာ နောက်ကိုထပ်ရွေ့သွားပြန်ပါပြီ။ နောက်ဆုံး သတင်းပေးပို့ချက်တွေအရ entry-level iPhone အသစ်ကို မတ်လ ၃၁ရက်နေ့မှာ မိတ်ဆက်လာမယ်လို့ သိရပါတယ်။

ရောင်းချချိန်ကတော့ ဧပြီလအစောပိုင်းလို့ ဆိုပါတယ်။ ဆက်စပ်သတင်းတွေအရ မျိုးဆက်သစ် iPad Pro ကိုလည်း တပြိုင်တည်း မိတ်ဆက်လာမယ်လို့ သိရပါတယ်။ ဒစ်ဂျစ်တိုင်းကလာတဲ့ သတင်းတွေအရ တက်ဘလက်အသစ်ကို ဘတ်ဂျတ်ဖုန်းနဲ့ အတူမိတ်ဆက်ဖု့ိ ရှိနေတယ်ဆိုပြီး ခန့်မှန်းကြတာပါ။
ကောလာဟလတွေအရ Apple ရဲ့ Pro tablets အသစ်မှာ triple camera setup ကိုတပ်လာမှာဖြစ်ပြီး 3D ToF module ပါမယ်လို့လည်း သိရပါတယ်။ ဒီထက်ပိုရင်တော့ 13-inch MacBook Pro ကိုပါ ထည့်သွင်းပေးလာနိုင်ပါတယ်။
ဒါပေမယ့် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကြောင့် ထုတ်လုပ်မှုပိုင်းမှာ အခက်အခဲဖြစ်ပြီး တင်ပို့ရောင်းချမှု နောက်ကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပြီးတော့ Apple အနေနဲ့ တက်ဘလက်ကို အကန့်အသတ်နဲ့သာ ထုတ်ပေးနိုင်ပါတယ်။
zawgyi
iPhone 9 ကို မတ္လ ၃၁ရက္ေန႔မွာ မိတ္ဆက္လာမလား
iPhone 9/SE 2 နဲ႔ပတ္သတ္တဲ့ သတင္းေတြကို ၿပီးခဲ့တဲ့လေတြအတြင္းမွာ ဆက္တိုက္လိုလို ၾကားခဲ့ရမွာပါ။ Apple အေနနဲ႔ ဒီဖုန္းေတြကို မတ္လလယ္ေလာက္မွာ မိတ္ဆက္မယ္လို႔ ႀကိဳတင္သတင္းေတြ ထြက္ထားပါတယ္။ အခုေတာ့ မိတ္ဆက္မယ္ရက္ဟာ ေနာက္ကိုထပ္ေ႐ြ႕သြားျပန္ပါၿပီ။ ေနာက္ဆုံး သတင္းေပးပို႔ခ်က္ေတြအရ entry-level iPhone အသစ္ကို မတ္လ ၃၁ရက္ေန႔မွာ မိတ္ဆက္လာမယ္လို႔ သိရပါတယ္။

ေရာင္းခ်ခ်ိန္ကေတာ့ ဧၿပီလအေစာပိုင္းလို႔ ဆိုပါတယ္။ ဆက္စပ္သတင္းေတြအရ မ်ိဳးဆက္သစ္ iPad Pro ကိုလည္း တၿပိဳင္တည္း မိတ္ဆက္လာမယ္လို႔ သိရပါတယ္။ ဒစ္ဂ်စ္တိုင္းကလာတဲ့ သတင္းေတြအရ တက္ဘလက္အသစ္ကို ဘတ္ဂ်တ္ဖုန္းနဲ႔ အတူမိတ္ဆက္ဖု႔ိ ရွိေနတယ္ဆိုၿပီး ခန႔္မွန္းၾကတာပါ။
ေကာလာဟလေတြအရ Apple ရဲ႕ Pro tablets အသစ္မွာ triple camera setup ကိုတပ္လာမွာျဖစ္ၿပီး 3D ToF module ပါမယ္လို႔လည္း သိရပါတယ္။ ဒီထက္ပိုရင္ေတာ့ 13-inch MacBook Pro ကိုပါ ထည့္သြင္းေပးလာႏိုင္ပါတယ္။
ဒါေပမယ့္ ကို႐ိုနာဗိုင္းရပ္ျဖစ္ပြားမႈေၾကာင့္ ထုတ္လုပ္မႈပိုင္းမွာ အခက္အခဲျဖစ္ၿပီး တင္ပို႔ေရာင္းခ်မႈ ေနာက္က်တာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ ၿပီးေတာ့ Apple အေနနဲ႔ တက္ဘလက္ကို အကန႔္အသတ္နဲ႔သာ ထုတ္ေပးႏိုင္ပါတယ္။