Galaxy S20 ဖုန်းတွေမှာ QHD+ resolution နဲ့ 120Hz သုံးနိုင်ဖို့ Samsung စီစဉ်

0
614

Samsung ရဲ့ Galaxy S20 series ဖုန်းတွေရဲ့ အပြောင်မြောက်ဆုံး စွမ်းဆောင်ချက်ကို ပြောရမယ်ဆိုရင် displays အတွက် 120Hz refresh rate ထည့်ပေးထားတာပါ။ ဒါပေမယ့် FullHD resolution ကိုလိုချင်တဲ့အခါမှာ 120Hz နဲ့ QHD rendering ကိုရွေးချယ်ထားဖို့ လိုပါတယ်။ မကြာခင်မှာ Samsung ရဲ့ firmware update နဲ့အတူ 120Hz@QHD mode ကို ထည့်ပေးတော့မှာပါ။ firmware update သစ်ကို ဘယ်အချိန်မှာ ထုတ်ပေးမယ်ဆိုတာ မသိရသေးပါဘူး။

ဖုန်းဟာ ဘက်ထရီသက်တမ်းကိုတိုးမြင့်နိုင်စေဖို့အတွက် 120Hz မှ 60 သို့အလိုအလျောက်ပြောင်းသွားမှာ ဖြစ်ပါတယ်။ Dynamic screen refresh rate option အသစ်ကို S20 ဖုန်းမှာ သုံးနေတဲ့ screenshot ကိုမြင်တွေခဲ့ရတာ ဖြစ်ပြီး ဒါဟာမကြာခင်မှာ ဖုန်းသစ်တွေဆီကို ပေးပို့ပါလိမ့်မယ်။
ခန့်မှန်းချက်တွေအရ ဘက်ထရီအပူချိန် 42°C (107.6°F) ရောက်တဲ့အချိန် (သို့) ဘက်ထရီ ၅% ကိုကျသွားတဲ့ အချိန်မှာ refresh rate ဟာ 60Hz ကို အလိုအလျောက် ပြောင်းသွားမှာပါ။ refresh rate ကျသွားတာနဲ့ Google Maps နဲ့ camera တွေကို ပိတ်ပေးတာပါ။ အဓိကအကြောင်းအရင်းကတော့ 120Hz ကြောင့် ဘက်ထရီသက်တမ်း တာရှည်ခံနိုင်စွမ်း မရှိတာကို ပြန်လည်ထိန်းသိမ်းပေးဖို့ ဖြစ်ပါတယ်။

zawgyi



Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.