Unicode
စမတ်ဖုန်းတွေမှာ curved display တွေအသုံးပြုခြင်းကလည်း ခေတ်စားတဲ့ trend တစ်ခုလို့ဆိုနိုင်ပါတယ်။ OnePlus 7 Pro, OnePlus 7T Pro တို့မှာဆိုရင် curved display အသုံးပြုထားပြီး Huawei Mate 30 Pro မှာတော့ curved Waterfall display ကို အသုံးပြုထားပါတယ်။ အဲဒီလိုမျိုး display တွေဟာ ပရီမီယမ်ဖြစ်တယ်လို့ ခံစားရစေသလို notification တွေအတွက် edge glowလိုမျိုး feature အသစ်တွေထည့်သွင်းစေနိုင်ပေမယ့်လည်း တချို့ app တွေအတွက်တော့ သုံးရတာကသိသအောက်ဖြစ်စေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ app တွေဟာ waterfall display တွေမှာလည်း input ကို လက်ခံနေပါတယ်။ ဒါကြောင့် ဘေးအစွန်းတွေကို ထိမိတယ်ဆိုရင် အလုပ်လုပ်နေဦးမှာပါ။ ဒါပေမယ့် ဘေးအစွန်နားမှာရောက်နေတဲ့ဟာလေးကို ထိတွေ့အသုံးပြုဖို့အတွက်ကတော့ တော်တော်လေးခက်ခဲတယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကို Google က သိနေပါတယ်။ ဒါကြောင့် Android 11 မှာ ဒီလိုဖြစ်ရပ်ကိုကျော်လွှားနိုင်ဖို့အတွက် API တစ်ခုကို ဖန်တီးထားပါတယ်။ ဒါကြောင့် app တစ်ခုကို developer က ဖန်တီးတဲ့နေရာမှာ သူတို့ဟာ ထိတွေ့အသုံးပြုနိုင်မယ့်နေရာတွေကို သတ်မှတ်နိုင်မှာဖြစ်ပြီးတော့ အစွန်းကိုမရောက်သွားအောင် ကာကွယ်နိုင်စေမှာဖြစ်ပါတယ်။
ဒါဟာ Android 9 Pie မှာ မြင်တွေ့ခဲ့ရဖူးတဲ့ screen cutouts API လိုမျိုးပါပဲ။ အဲဒီတုန်းကတော့ notch, camrea cutout တွေနဲ့အဆင်ပြေအောင်ဆိုပြီးတော့ လုပ်ဆောင်ပေးခဲ့တာပါ။
ကျွန်တော်ကတော့ curved display တွေရဲ့အကြီးစားဖန်မဟုတ်ပါဘူး။ ဒါပေမယ့်လည်း curved display တွေကို နောင်လာမယ့်မိတ်ဆက်ပွဲတွေမှာတော့ တွေ့မြင်ချင်သေးတာ အမှန်ပါပဲ။
ဒီတော့ စာဖတ်သူကတော့ curved display ပါတဲ့စမတ်ဖုန်းကို သဘောကျလား။ ဒါဆိုရင်တော့ အခုလုပ်ပေမယ့် feature လေးနဲ့ပတ်သတ်ပြီး ဝင်ရောက်ဆွေးနွေးပေးပါဦး။
Zawgyi
စမတ္ဖုန္းေတြမွာ curved display ေတြအသုံးျပဳျခင္းကလည္း ေခတ္စားတဲ့ trend တစ္ခုလို႔ဆိုႏိုင္ပါတယ္။ OnePlus 7 Pro, OnePlus 7T Pro တို႔မွာဆိုရင္ curved display အသုံးျပဳထားၿပီး Huawei Mate 30 Pro မွာေတာ့ curved Waterfall display ကို အသုံးျပဳထားပါတယ္။ အဲဒီလိုမ်ိဳး display ေတြဟာ ပရီမီယမ္ျဖစ္တယ္လို႔ ခံစားရေစသလို notification ေတြအတြက္ edge glowလိုမ်ိဳး feature အသစ္ေတြထည့္သြင္းေစႏိုင္ေပမယ့္လည္း တခ်ိဳ႕ app ေတြအတြက္ေတာ့ သုံးရတာကသိသေအာက္ျဖစ္ေစပါတယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ app ေတြဟာ waterfall display ေတြမွာလည္း input ကို လက္ခံေနပါတယ္။ ဒါေၾကာင့္ ေဘးအစြန္းေတြကို ထိမိတယ္ဆိုရင္ အလုပ္လုပ္ေနဦးမွာပါ။ ဒါေပမယ့္ ေဘးအစြန္နားမွာေရာက္ေနတဲ့ဟာေလးကို ထိေတြ႕အသုံးျပဳဖို႔အတြက္ကေတာ့ ေတာ္ေတာ္ေလးခက္ခဲတယ္လို႔ ေျပာရမွာျဖစ္ပါတယ္။

ဒီလိုအေျခအေနေတြကို Google က သိေနပါတယ္။ ဒါေၾကာင့္ Android 11 မွာ ဒီလိုျဖစ္ရပ္ကိုေက်ာ္လႊားႏိုင္ဖို႔အတြက္ API တစ္ခုကို ဖန္တီးထားပါတယ္။ ဒါေၾကာင့္ app တစ္ခုကို developer က ဖန္တီးတဲ့ေနရာမွာ သူတို႔ဟာ ထိေတြ႕အသုံးျပဳႏိုင္မယ့္ေနရာေတြကို သတ္မွတ္ႏိုင္မွာျဖစ္ၿပီးေတာ့ အစြန္းကိုမေရာက္သြားေအာင္ ကာကြယ္ႏိုင္ေစမွာျဖစ္ပါတယ္။
ဒါဟာ Android 9 Pie မွာ ျမင္ေတြ႕ခဲ့ရဖူးတဲ့ screen cutouts API လိုမ်ိဳးပါပဲ။ အဲဒီတုန္းကေတာ့ notch, camrea cutout ေတြနဲ႔အဆင္ေျပေအာင္ဆိုၿပီးေတာ့ လုပ္ေဆာင္ေပးခဲ့တာပါ။
ကြၽန္ေတာ္ကေတာ့ curved display ေတြရဲ႕အႀကီးစားဖန္မဟုတ္ပါဘူး။ ဒါေပမယ့္လည္း curved display ေတြကို ေနာင္လာမယ့္မိတ္ဆက္ပြဲေတြမွာေတာ့ ေတြ႕ျမင္ခ်င္ေသးတာ အမွန္ပါပဲ။
ဒီေတာ့ စာဖတ္သူကေတာ့ curved display ပါတဲ့စမတ္ဖုန္းကို သေဘာက်လား။ ဒါဆိုရင္ေတာ့ အခုလုပ္ေပမယ့္ feature ေလးနဲ႔ပတ္သတ္ၿပီး ဝင္ေရာက္ေဆြးေႏြးေပးပါဦး။